အပိုင်း(၇၈၈): ရှန့်ထိုတစ်ပါး၏ဂုဏ်ရည်

46 3 0
                                    

ဒဏ္ဍာရီထဲက ဖူရှင်း

စာစဉ်(၅၄)

အပိုင်း(၇၈၈): ရှန့်ထိုတစ်ပါး၏ဂုဏ်ရည်

အက်ကွဲသံများနှင့်အတူ ထောင်ကျန်းခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းများထင်လာ၏။ ယူချင်းက ဟွာယွန်ရှုကို ကြည့်သည်တွင် သူကလည်း ပြန်လည်၍​ငုံ့ကြည့်သည်။ ထောင်ကျန်းခန္ဓာမှ အက်ကြောင်းများပိုမိုများပြားလာသည်။ ကျောက်တုံးကျောက်ဆောင်များက ထောင်ကျန်းခန္ဓာကိုယ်ကို ဖုံးအုပ်သွားအောင်ပင် ကျဆင်းလာနေကြသည်။

ထိုအခိုက်တွင် ဟွာယွန်ရှုက ကောင်းကင်ထက်ကို တဖန်ခုန်တက်သွားပြီး သူ၏သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ်သည်။ ကောင်းကင်မှ အဆုံးအစမဲ့သော စွမ်းအားများက သူ၏ခန္ဓာကိုယ်တွင် လာရောက်စုစည်းကြကာ သူနောက်၌ ကျောက်ဘီလူးတစ်ကောင်ပေါ်လာသည်။ ဟွာယွန်ရှုက နတ်ဘုရားတစ်ပါးအသွင်ပြောင်းလဲသွား၏။

“ တကယ်ပဲ အားကောင်းတာပဲ… ” လူအများအပြားက ဟွာယွန်ရှုအား ကြည့်ကာ မှင်တက်သွားကြသည်။ ဒါက တကယ်ပဲ ဟွာယွန်ရှု စွမ်းဆောင်နိုင်သည်လား။

ထို့နောက် ဟွာယွန်ရှုက နတ်ဆိုးတစ်ပါးအလား ကောင်းကင်နှင့်မြေပြင်ကိုအရင်းတည်ဖြစ်ပေါ်လာသော အားအဟုန်ဖြင့် လက်ဝါးတစ်ချက်ဖြင့် ယူချင်းထံကို ရိုက်ထုတ်လိုက်သည်တွင် ယူချင်း၏ခန္ဓာကိုယ်က ဧရာမကျောက်သားများဖြင့် တမုဟုချင်း ဖုံးအုပ်သွား၏။ ပေါက်ကွဲသံတစ်ချက်နှင့်အတူ စင်မြင့်တစ်ခုလုံး ကျောက်တုံးကျောက်သားများ ပျံ့လွင့်သွား၏။

“ ဟာ… ” ထိုမြင်ကွင်းကိုကြည့်ကာ လူအများအပြားက ထိတ်လန့်ကြရသည်။ ရှီဟွာတောင်မှ ဟွာယွန်ရှုကား အလွန်ကြောက်စရာကောင်းလွန်း၏။

ရှီဟွာတောင်မှ လူများကား ယုံကြည်ချက်မြင့်ကား ဂုဏ်ယူဟန်များရှိနေကြသည်။ ယူချင်က အားကောင်းနိုင်သည်ဆိုသော်လည်း သူက အမှန်တကယ်ကော ဟွာယွန်ရှုကို ယှဉ်ပြိုင်နိုင်ပါ့မလား။

သည်နှစ်ပြည်နယ်ကိုးခုညီလာခံ၏အိမ်ရှင်ပြည်နယ်ဖြစ်သည့်အလျှောက် ရှီဟွာတောင်က ထိပ်သီးပါရမီရှင်တစ်ယောက်အား မပြင်ဆင်ထားဘဲ​ နေမည်မဟုတ်ပေ။ ဟွာယွန်ရှုက နိုဘယ်အဆင့်မှသည် ရှီအဆင့်သို့ တက်နိုင်စွမ်းရှိနေပြီဖြစ်သော်လည်း သူ သည်နှစ်ပြိုင်ပွဲတင် အနိုင်ရဗိုလ်စွဲရန် အလို့ငှာ သူ၏တန်ခိုးအဆင်အားဖိနှိပ်၍ နိုဘယ်အဆင့်၌​ဆက်နေခဲ့ရ၏။

ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)Where stories live. Discover now