ဒဏ္ဍာရီထဲက ဖူရှင်း
စာစဉ်(၆၄)
အပိုင်း (၉၄၀): ကျိရှမ်းကမ်းပါးသို့ ဉီးတည်သောဓား
ရှန့်ထိုကျဲ၏စကားက မြေရိုင်းပြည်နယ်အား အလွန်အန္တရာယ်ရှိသော အခြေအနေသို့ တွန်းပို့ခဲ့၏။ ထို့ကြောင့်ပင် တော်ဝင်ကျဲနန်းတော်မှာ တော်ဝင်မြေသုံးခုအား ရင်ဆိုင်ရန်ဖြစ်လာခဲ့သည်။ တော်ဝင်မြေသုံးခုက မြေရိုင်းပြည်နယ်အား အဆုံးသတ်ရန် စိတ်ပိုင်းဖြတ်ထားဟန်ရသည်။ သည်လက်ထပ်ပွဲပြီးသည်နှင့် တကယ့် မုန်တိုင်းကြီး စထန်ပေရော့မည်။
“ ကျိရှမ်းကမ်းပါးက ကျုပ်တို့ အောက်ရောက်နေတဲ့အချိန် ချက်ကောင်းကို လာကန်တာပဲ။ ” ရီဖူရှင်းက ငေါ့တော့တော့ပြောသည်... “ ရှီဟွာတောင်က ဒီအတွက် ကျုပ်ကို ဖိတ်ခေါ်မှတော့ ကျုပ်လည်း သေရည်မမူးဘဲ ပြန်ရတော့မှာပေါ့… ” ထို့သို့ပြောရင်းဖြင့်ပင် ရီဖူရှင်း လေထဲသို့ ခုန်တက်ကာ ထွက်သွားရန်ပြင်သည်။ သူက ရှီဟွာတောင်အောက်သို့ သည်အတိုင်း လမ်းလျှောက်ဆင်းလိုစိတ်မရှိတော့ပေ။ မြေရိုင်းပြည်နယ်မှ တခြားလူများလည်း လေထဲသို့ စတင်ပျံတက်ကာ တောင်အောက်သို့ ဆင်းကြသည်။
“ ခဏနေပါဉီး… သခင်ရီ… ” အသံတစ်သံကို ကြားရသည်။ ရီဖူရှင်းက ရပ်လိုက်ပြီးမှ နောက်လှည့်ကြည့်လျှင် အခန်းအနားစင်မြင့်ထက်မှ လူတစ်ယောက် ဆင်းလာသည်ကို မြင်၏။ သူကား သည်အခန်းအနား၏အဓိက ဇတ်ဆောင် လျူကျောင်းဖြစ်သည်။
“ ဘာများလဲ… ” ရီဖူရှင်းက အေးစက်စွာ ပြောသည်။
“ ကျုပ်က မရဏတောင်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို ရှင်းပြပြီးပြီ။ စစ်တုရင်ရှန့်ထိုဆိုတာ ကျုပ်တို့ အရှေ့ဘက်ပြည်နယ်ရဲ့ရှန့်ထိုတစ်ပါးပဲ။ သူ့ကို ကယ်တင်ဖို့အတွက် စတေးမှုတချို့ကို သေချာပေါက် လုပ်ရမှာပဲ။ တကယ်လို့ အဲ့လို အခြေအနေထပ်ကြုံရရင်လည်း ကျုပ်က အဲ့နည်းလမ်းကိုပဲ ထပ်ရွေးမှာပဲ။ ” လျူကျောင်းက တရားမျှတခြင်းတရားကို လက်ကိုင်ထားသည့်ဟန်ဖြင့် ရှေ့သို့ တက်လာသည်။ လျူကျောင်း၏အကြောင်းကို မသိသောသူများမှာ သူ၏လိမ်လည်လှည့်စားခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။ သူက ထိုသို့ပြောလျှင် သူ၏မျက်နှာ၌ အပြစ်ရှိဟန် စိုးစဉ်းမျှ မတွေ့ရပေ။
YOU ARE READING
ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)
Randomမိမိကိုယ်တိုင်ဘာသာပြန်ထားခြင်းမဟုတ်ပါ စာရေးသူ facebookတွင်တင်ထားသည်များကို ကိုယ်တိုင်ဖတ်ရန်အတွက် သာsaveခြင်းဖြစ်ပါသည်။ စာရေးသူက ဖျက်ခိုင်းလျှင် ပြန်ဖျက်ပါမည်။