ဒဏ္ဍာရီထဲက ဖူရှင်း
စာစဉ်(၆၂)
အပိုင်း(၉၁၀): ကောင်းကင်သို့ကူးစက်လာသောမီး
နွေဦးပြည်နယ်တွင် ဓားအလင်းတန်းတစ်ခု ကောင်းကင်ကို ဖြတ်သန်းလာခဲ့ပြီး ရှားကလန်သို့ဆင်းသက်လာခဲ့၏။
လူတစ်ယောက် လေထဲတွင်ပေါ်လာလျှင် သူက ကျေးရွာခေါင်းဆောင်၊ ရီဖူရှင်းနှင့် ယူချင်းတို့အား ကြည့်သည်။ သူတို့သုံးယောက်က နွေဦးပြည်နယ်ကို ရောက်ဖူးပေသည်။ သူက ရီဖူရှင်းတို့အား မှတ်မိ၏။
“ ဘာကိစ္စနဲ့ ရောက်လာတာပါလဲ... သခင်ရီ... ” လေထက်သို့ တက်လာသူက ဦးညွတ်ကာမေးသည်။
“ ကျုပ်တို့က ရှန့်ထိုရှားကို လာတွေ့တာ… “ ရီဖူရှင်းကလည်း အနည်းငယ်ဦးညွှတ်၍ ပြောသည်။
ရှားကလန်မှလူက ရီဖူရှင်းအားကြည့်ကာ ပြောသည်… “ ဝင်လာခဲ့ပါ အရှင်ရီ… ကျူပ်ကခင်ဗျားရောက်လာခဲ့တာကို သတင်းပို့ပေးပြီးပါပြီ… ရှန့်ထိုရှားက ခင်ဗျားကိုတွေ့မလားဆိုကတော့ မသေချာဘူး…”
“ ကောင်းပြီ…” ရီဖူရှင်းကခေါင်းညိတ်ကာ ရှားကလန်မှလူနောက်သို့ လိုက်သွားသည်။
သိပ်မကြာခင် ရှန့်ထိုရှားက ရီဖူရှင်းအား တွေ့မည်ဖြစ်ကြောင်း ပြန်ပြောခဲ့သည်။ ထို့နောက် ရီဖူရှင်းအား ရှားကလန်၏ခန်းမအပြင်ဘက်၌ စောင့်နေစေသည်။
“ အရှင်ရီ…” လူအများအပြားက ခန်းမထဲမှထွက်လာကြသည်။ သူတို့မှာ ရှားကလန်မှ လူငယ်များဖြစ်ကြသည်။ ထို့အပြင် သူတို့အားလုံးမှာ အထက်ဘုံ၌ စမ်းသပ်စစ်ဆေးခြင်းသို့သွားရောက်ကာ ပြန်ရောက်လာသူများဖြစ်ကြသည်။
“ ခင်ဗျားက စမ်းသပ်မှုခံယူဖို့ရောက်လာတာလား…” လူငယ်ကမေးသည်။
“ ဟုတ်တယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်... “ မြေရိုင်းပြည်နယ်က လူတွေရဲ့ သတင်းကို မင်းတို့သိလား…”
လူငယ်က အနည်းငယ်ပြုံးလိုက်ကာ ပြောသည်…" ပထမက ဆရာက ခင်ဗျားကို စမ်းသပ်မူခံယူဖို့ အကြံပေးတာကို အဲ့ဒီအချိန်က ခင်ဗျား ငြင်းပယ်ခဲ့တယ်... အခု ခင်ဗျားက ဘာလို့ ထပ်လာပြီးတောင်းဆိုတာလဲ…”
YOU ARE READING
ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)
Acakမိမိကိုယ်တိုင်ဘာသာပြန်ထားခြင်းမဟုတ်ပါ စာရေးသူ facebookတွင်တင်ထားသည်များကို ကိုယ်တိုင်ဖတ်ရန်အတွက် သာsaveခြင်းဖြစ်ပါသည်။ စာရေးသူက ဖျက်ခိုင်းလျှင် ပြန်ဖျက်ပါမည်။