ဒဏ္ဍာရီထဲက ဖူရှင်း
စာစဉ်(၅၈)
အပိုင်း (၈၅၈): ကျောက်ပြည်ထောင်ဘုရင်ရောက်လာခြင်း
ရီဖူရှင်းနှင့် ထောင်ကျန်းတို့က နောက်တစ်နေ့ ဆေးရည်ကန်ရှိရာသို့ ရောက်လာကြသည်။
ရှန့်ထိုကျန့်၊ လိပ်ပြာလေးနှင် စုချီဟန်တို့အားလုံး ထိုနေရာတွင် ရှိနေကြသည်။ ရီဖူရှင်းက ရှေ့ကို တက်သွားကာ ရှန့်ထိုကျန့်အား ခေါ်သည်… “ စီနီယာ… ”
“ ထောင်ကျန်းအတွက် အရင်ဆုံးစီစဉ်မယ်… ” ရှန့်ထိုကျန့်က ပြောသည်။ အားလုံးက ခေါင်းညိတ်ကာ ဆေးရည်ကန်တစ်ခုထံသို့ ရောက်လာကြသည်။
ရေကန်ကား ထိုနေရာတွင် ရှိသော ရေကန်များအနက် အနက်ဆုံးကန်ဖြစ်ဟန်ရပြီး အမှန်တကယ်ပင် အလယ်၌ ဝဲဂယက်တစ်ခုအား မြင်ကြရသည်။
“ သတိရပါ… မင်းက အဲ့ဒီကို ခန္ဓာကိုယ်ကြံ့ခိုင်ဖို့ သွားစိမ်တာပဲ ဖြစ်တယ်… မင်းရဲ့စွမ်းအင်တွေကို သုံးမိတာနဲ့ နတ်ဘုရားပြစ်ဒဏ်ကျဆင်းလာလိမ့်မယ်… အစပိုင်း နည်းနည်းဖိအားရှိတယ်ဆိုပေမယ့် နောက်ပိုင်း တစ်ကြိမ်စီတိုင်းမှာ မင်းရဲ့ခန္ဓာကိုယ်က ပိုပြီး အားကောင်းလာလိမ့်မယ်… ”
“ နားလည်ပါပြီ… ” ထောင်ကျန်းက ခေါင်းညိတ်သည်။ သူကိုယ်တိုင်အတွက်မူကား ထောင်ကျန်းက သိပ်စိတ်မပူပေ။ သူစိတ်ပူသည်ကား ရီဖူရှင်းဖြစ်၏။သို့သော်လည်း လက်ရှိ ရီဖူရှင်း၏ပုံစံကို မြင်လျှင် သိပ်စိုးရိမ်စရာမရှိဟု သူယူဆသည်။
“ ဒါဆို သွားတော့… ” ရှန့်ထိုကျန့်က ပြောသည်။ ထောင်ကျန်းကခေါင်းညိတ်ကာ ဆေးကန်ထဲကို ဆင်းသွားသည်။ သူက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။ သူက ဖိအားတစ်ချို့အား ခံရကာ စွမ်းအားဖြင့် ခုခံရန် ကြံလိုက်ပြီးမှ ရှန့်ထိုကျန့်၏သတိပေးမှုကို သတိရလိုက်သည်။ ထို့ကြောင့် သူက သည်အတိုင်း ခန္ဓာကိုယ်၏ခွန်အားသတ်သတ်ဖြင့် ခုခံရန်ဖြစ်လာသည်။ သူက မျက်လုံးကို မှိတ်ကာ ဆေးရည်၏ခန္ဓာကိုယ်အတွင်းစိမ့်ဝင်မှုအား ဖြည်းညင်းစွာ ခံစားလျှက် ထိုင်နေလိုက်သည်။
“ စီနီယာ… ဆရာက တစ်ခုခုဖြစ်သွားမလား… ” ရီဖူရှင်းက သူ၏အတွေ့အကြုံများကို ပြန်တွေးကာ မေးလိုက်သည်။
YOU ARE READING
ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)
Ngẫu nhiênမိမိကိုယ်တိုင်ဘာသာပြန်ထားခြင်းမဟုတ်ပါ စာရေးသူ facebookတွင်တင်ထားသည်များကို ကိုယ်တိုင်ဖတ်ရန်အတွက် သာsaveခြင်းဖြစ်ပါသည်။ စာရေးသူက ဖျက်ခိုင်းလျှင် ပြန်ဖျက်ပါမည်။