ဒဏ္ဍာရီထဲက ဖူရှင်း
စာစဉ်(၅၉)
အပိုင်း (၈၇၂): အထင်ကြီးလေးစားဖွယ်စိတ်ဓာတ်
စင်မြင့်ထက်မှာ နာမည်ကျော်ပါရမီရှင်များကို ကြည့်ကာ မည်သူမဆို မသက်မသာ ခံစားကြရမည်ဖြစ်သည်။
ရီဖူရှင်းက စင်မြင့်ထက်ု တစ်လှမ်းချင်းတက်လာသည်။ သူက တော်ဝင်မြေမှ လူများအား လှည့်ပတ်ကြည့်ကာ ပြောသည်… “ ကျုပ်က ခင်ဗျားတို့အားလုံးနဲ့ မျိုးဆက်တစ်ခုတည်းဆိုပေမယ့် ကျုပ်က တော်ဝင်မြေတစ်ခုရဲ့ခေါင်းဆောင်ပဲ... ကျုပ်အဆင့်အတန်းနဲ့ ခင်ဗျားတို့ကို တိုက်ခိုက်မယ်ဆိုရင် ဒါက အားကြီးသူက အားနည်းသူကို အနိုင်စားတာဖြစ်နေမယ်... ဒါကြောင့် ကျုပ်နဲ့ အတူ လေ့ကျင့်ချင်တဲ့သူရှိရင် ထွက်လာခဲ့ကြပါ... ကျုပ်တို့ အတူတူလေ့ကျင့်ကြမယ်... ”
အားလုံးက ရီဖူရှင်း၏စကားကိုကြားကာ စိတ်လှုပ်ရှားသွားကြသည်။ ရီဖူရှင်းကား အားလုံးကို တစ်ယောက်တည်း ရင်ဆိုင်လိုသည်။
သူတို့က စင်မြင့်ထက်ကို တက်လာသော လူငယ်အား ကြည့်ကြသည်။ သူကား လက်ရှိလူငယ်မျိုးဆက်ထဲတွင်ဖြစ်သော်လည်း ကွဲပြားခြားနားသော အဆင့်အတန်းတွင်ရှိကြောင်း အားလုံးကို ပြောနေသည်။
ယခုကား စင်မြင့်ထက်တွင် ရီဖူရှင်းက တစ်ဘက်တွင် ရပ်နေကာ တခြားပါရမီရှင်များက နောက်တစ်ဘက်ခြမ်းတွင် ရပ်နေကြသည်။ ရီဖူရှင်း၏စကားက မမှားပေ၊။ သူတို့က တူညီသော မျိုးဆက်တစ်ခုတွင်ဖြစ်သော်လည်း ရီဖူရှင်းက တော်ဝင်မြေခေါင်းဆောင်ဖြစ်ရာ သူကား စီနီယာဖြစ်သည်။
သို့သော်လည်း ရီဖူရှင်းက ပါရမီရှင်များအား သင်ကြားပေးမည်ဟု ပြောဆိုသည်။ ထိုအရာက တော်ဝင်မြေတစ်ခု၏ခေါင်းဆောင်တစ်ယောက်တွင်ရှိသော ဂုဏ်သိက္ခာဖြစ်သည်။ သို့သော်လည်း တခြားတော်ဝင်မြေမှ လူများ၏အမြင်တွင် ရီဖူရှင်းကား အလွန်အမင်း မောက်မာလွန်းသည်။
ရှားကလန်မှ ထိပ်သီးပါရမီရှင် ရှားဟောင်။
ပြည်နယ်ကိုးခုကျောင်းတော်မှ တော်ဝင်လမ်းသားတော် စုဟေး။
YOU ARE READING
ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)
Randomမိမိကိုယ်တိုင်ဘာသာပြန်ထားခြင်းမဟုတ်ပါ စာရေးသူ facebookတွင်တင်ထားသည်များကို ကိုယ်တိုင်ဖတ်ရန်အတွက် သာsaveခြင်းဖြစ်ပါသည်။ စာရေးသူက ဖျက်ခိုင်းလျှင် ပြန်ဖျက်ပါမည်။