ဒဏ္ဍာရီထဲက ဖူရှင်း
စာစဉ်(၆၄)
အပိုင်း (၉၃၂): ကောင်းမွန်သော အချိန်များ
ရီဖူရှင်းနှင့် တခြားလူများက ကျေးရွာခေါင်းဆောင်၏ဓားနှင့်အတူ ထွက်သွားကြသည်။ သူတို့၏ပုံရိပ်များက မြန်ဆန်စွာပင် ကျုးထန်နန်းတော်နယ်နမိတ်မှ ကွယ်ပျောက်သွားကြ၏။
ကျူးထန်နန်းတော်၌ မရေမတွက်နိုင်သောလူများ၏စိတ်များမှာ တုန်လှုပ်နေဆဲဖြစ်ကြပြီး အားလုံးမှာ မသက်မသာ ခံစားနေကြရ၏။ တိုက်ပွဲမှာ အားလုံး၏မျက်လုံးရှေ့မှောက်၌ မျက်ဝင်းထင်ထင်ဖြစ်ပွားခဲ့ခြင်းဖြစ်၏။ သူတို့တွေးထင်ထားသလို တိုက်ပွဲမှာ အကျိတ်အနယ်မဖြစ်ခဲ့ဘဲ ရီဖူရှင်းတို့ကသာ ကျူးထန်ကိုးလွှာမှ ပါရမီရှင်များအား တစ်ဖတ်သတ် အသာစီးဖြင့် ချိုးနှိမ်သွားခဲ့ခြင်းဖြစ်သည်။ သူတို့က ပေ့ချိန်ရန်၏သက်စောင့်ဝိညာဉ်ကိုပင် ဖျက်ဆီးသွားခဲ့ကြ၏။
ပေ့ချိန်ရန်ကား စွေ့ရန်ရှန့်ထိုဓား၏သားဖြစ်ကာ လီဟန်ဓားနန်းတော်၌ သွားရောက်လေ့ကျင့်ရန် ပို့ဆောင်လုနီးအချိန်လည်းဖြစ်သည်။ သို့သော်လည်း ယနေ့တွင် သူ၏သားကား ကျင့်ကြံခြင်းလမ်းစဉ်အဆုံးသတ်ခဲ့ရ၏။ စွေ့ရန်ရှန့်ထိုဓားကား သေချာပေါက် တစ်ဘက်လူများအား မုန်းတီးပေလိမ့်မည်။ သို့သော်လည်း တစ်ဘက်တွင် တခြားလူ၏သက်စောင့်ဝိညာဉ်ကို သွားရောက်လုယက်သော ပေ့ချိန်ရန်က ဦးဆုံးအမှားကျူးလွန်သူဖြစ်သည်။ ထို့အတူ စွေ့ရန်ရှန့်ထိုဓားကိုယ်တိုင်ကလည်း ထိုကိစ္စကို အားပေးကာ ခိုးယူခဲ့သော သက်စောင့်ဝိညာဉ်အား သန့်စင်ပေးခဲ့၏။ ယခု ပေ့ချိန်ရန်မှာ မင်းသမီးလေးကိုယ်တိုင် အသိသက်သေလုပ်သော၊ မျှတသော စိန်ခေါ်ပွဲ၌ ရှုံးနိမ့်ခဲ့ခြင်းဖြစ်ရာ သူဘာမှ မတတ်နိုင်ပေ။
စွေ့ရန်ရှန့်ထိုဓားက မင်းသမီး၏ရပ်တည်ချက်ကို လျစ်လျူရှုကာ အောက်ဘုံသို့ သွားရောက်ကာ တိုက်ခိုက်မည်ဆိုသည့်တိုင် သူက တော်ဝင်မြေတစ်ခုကို ရင်ဆိုင်တိုက်ခိုက်ရမည်ဖြစ်သည်။ သူတို့က အောက်ဘုံမှဖြစ်သည့်တိုင ရှန့်ထိုများကို ပိုင်ဆိုင်သော တော်ဝင်မြေတစ်ခုမှာ အင်အားမသေးပေ။
YOU ARE READING
ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)
Diversosမိမိကိုယ်တိုင်ဘာသာပြန်ထားခြင်းမဟုတ်ပါ စာရေးသူ facebookတွင်တင်ထားသည်များကို ကိုယ်တိုင်ဖတ်ရန်အတွက် သာsaveခြင်းဖြစ်ပါသည်။ စာရေးသူက ဖျက်ခိုင်းလျှင် ပြန်ဖျက်ပါမည်။