အပိုင်း (၉၁၂): ကျုပ်က သဘောရှိသွားလာနိုင်တယ်

112 18 0
                                    

ဒဏ္ဍာရီထဲက ဖူရှင်း

စာစဉ်(၆၂)

အပိုင်း (၉၁၂): ကျုပ်က သဘောရှိသွားလာနိုင်တယ်

လူကြီးက ပြုံးလျက်ပြောသည်...“ချိန်ယွန်... ပြည်နယ်ကိုးခုက လာတဲ့ ဒီနှစ်ယောက်က တော်တော်ကိုအားကောင်းတယ်... ဟုတ်တယ်မလား...”

လီချိန်ယွန်က အံ့အားသင့်နေရာမှ ပြန်လည်သတိဝင်လာကာ အသာအယာခေါင်းငြိမ့်လျှက် ပြောသည်...“သူတို့က လောကဓာတ်ရဲ့ အားလှိုင်းတွေကို ပြန်လည်သက်ရောက်စေပြီးတော့ ဝင်္ကပါကို ဖျက်ဆီးခဲ့ကြတယ်... ဒါက တစ်ကယ်ကို အံ့အားသင့်စရာပဲ... ဒါပေမယ့် သူတို့က ကောင်းကင်ဘုံသို့ တက်ရောက်ခွင့် အမိန့်တော်ကို ရဖို့ဆိုရင် အများကြီးလိုသေးတယ်...ကျွန်တော်တို့ ဆက်ကြည့်ရအောင်...”

လူကြီးက ပြုံးလျက် ပြောသည်...“ပြည်နယ်ကိုးခုက လူတွေက ငါတို့ကို အံ့အားသင့်စရာတွေ ပေးကောင်းပေးလိမ့်မယ်...”

သူက ထိုသို့ပြောလိုက်စဉ်မှာပင် နန်းတော်၏ အရောင်အဝါများ ပိုမို၍ လင်းလက်လာခဲ့ကာ အလွန်လင်းလက်သော အလင်းတန်းတစ်ခုက ကောင်းကင်လှေကားအတိုင်း ရီဖူရှင်းနှင့်ယူချင်း ရှိရာသို့ ဆင်းသက်သွားကြ၏။

ရီဖူရှင်းတို့မှာ နန်းတော်သို့ ရောက်ရန် များစွာလိုသေးပေသည်။ သို့သော်လည်း အပေါ်မှ ဆင်းသက်လာသော အလင်းတန်းများအား သူတို့က မြင်ကြ၏။ ထိုအလင်းတန်းများမှာ မိုရှီအဆင့်ရှိသည်ဟု ရီဖူရှင်းက ခံစားမိသည်။

ကောင်းကင်လှေကား စမ်းသပ်မှုမှာလည်း သူ၏ စည်းမျဉ်းစည်းကမ်းများ ရှိပေသည်။ ယခုသူတို့က ကောင်းကင်လှေကားသို့ တက်ရောက်လာသောသူများမှာ မိုရှီအဆင့်၌ဖြစ်သောကြောင့် လာရောက် စမ်းသပ်သော သူများနှင့် စမ်းသပ်မှုဖြစ်စဉ်များမှာလည်း မိုရှီအဆင့်များသာ ဖြစ်ပေသည်။

သို့သော်လည်း ကောင်းကင်လှေကားမှ ဖိအားနှင့် တစ်ခြားတိုက်ခိုက်မှုများပေါင်းစပ်ခြင်းက ကွန်းရှီအဆင့်တန်ခိုးရှင် တစ်ယောက်နှင့်မခြားသော စွမ်းအားကို ပေးစွမ်းပေသည်။

ရီဖူရှင်းက မည်သို့မျှ မခံစားရသလို ဆက်လက်၍ တက်လာသည်။ သူ၏ခြေလှမ်း တစ်လှမ်းစီတိုင်းက ကောင်းကင်လှေကားကို တုန်ခါစေ၏။ သူတို့နှစ်ယောက်မှာ ကြီးမားသော ဖိအားကို ခံစားရသော်လည်း ထိုမျှသောဖိအားက သူတို့၏ အမြန်နှုန်းကို လျော့ကျစေခြင်း မရှိခဲ့ပေ။  စည်တော်ဝင်္ကပါ ပေါ်ပေါက်လာသောအချိန်၌သာ သူတို့အား ခေတ္တခဏ ရပ်တန့်စေခဲ့သည်။

ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)Where stories live. Discover now