အပိုင်း (၈၈၇): ရှားရှင်းယွန်

49 6 0
                                    

ဒဏ္ဍာရီထဲက ဖူရှင်း

စာစဉ်(၆၀)

အပိုင်း (၈၈၇): ရှားရှင်းယွန်

ရှန့်ထုရှားက နှစ်ဘက်လုံး သဘောတူညီချက်ရသည်ကို မြင်လျှင် ကျေနပ်နှိပ်သိမ့်ဟန်ဖြင့် ခေါင်းညိတ်သည်... “ ကျုပ်ရဲ့ နဂို ရည်ရွယ်ချက်က စစ်ပွဲကို အဆုံးသတ်ဖို့ပဲ... ဒါပေမယ့် နှစ်ဘက်လုံးက မလိုလားမှတော့ အခု သဘောတူညီချက်ကိုပဲ အတည်ပြုကြတာပေါ့... ”

သူက ရှားရှင်းယွန်ကို ကြည့်ကာ ပြောသည်.. “ တမန်တော်မှာ ပြောစရာများ ရှိမလား... ”

ရှားရှင်းယွန်ကား တစ်ချိန်လုံး တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ ယခု ရှန့်ထိုရှားက သူမ၏အမြင်ကို မေးသောအခါလည်း သူမက ပြောသည်... “ နှစ်ဘက်လုံးက သဘောတူမှတော့ တော်ဝင်စစ်ပွဲစည်းမျဉ်းကို ပြင်ဆင်ပေးလို့ရတယ်... ဒါပေမယ့် ဒါကို အနာဂတ်မှာ ပြောင်းလဲလို့မရတော့ဘူး... တစ်ဘက်ဘက်က စည်းမျဉ်းကို ချိုးဖောက်ရင် တမန်တော်တွေကို သူတို့ကို ဖမ်းဆီးရလိမ့်မယ်... ” သူမက ပြောသည်။ သူမ၏အသံက ကြည်လင်ပြတ်သားကာ မိန်းမဆန်သည်။ သူမက ယောက်ျားလို ဝတ်စားထားသော်လည်း သူမက မိန်းမတစ်ယောက်ဖြစ်သည်ကို ဖုံးကွယ်၍ မရပေ။

သူမက အင်ပါယာရှားကို ပြန်လည်တင်ပြမည်ဟု မပြောဘဲ သူမကိုယ်တိုင် ဆုံးဖြတ်မည်ဟု ပြောသည်။

အားလုံးက သူမအား ကြည့်ကြသည်။ သူမ၏မျက်နှာကား ချောမွေ့လွန်းကာ လူအများအား ချဉ်းကပ်မရနိုင် လက်လှမ်းမမှီသော ဝေးကွာမှုကို ခံစားရစေသည်။ ထို့အပြင် သူမကား အလွန်ငယ်ရွယ်ပြီး ရှန့်ထိုများရှေ့တွင် ထိုင်နေသည့်တိုင် အနည်းငယ်မျှသော မျက်နှာအပြောင်းအလဲကို မမြင်ရပေ။ သူမကား ကြောက်မက်ဖွယ်ကောင်းအောင် တည်ငြိမ်သည်။

ကြည့်ရသည်မှာ သူမကား ဤသို့သော အခြေအနေမျိုးကို ရိုးအီနေပြီဖြစ်ဟန်ရသည်။

ကျောက်ပြည်ထောင်ဘုရင်က ခေါင်းညိတ်သည်။ သူက အလွန်မာနကြီးသော်လည်း အင်ပါယာရှား၏အမိန့်ကိုတော့သူလည်း မလွန်ဆန်ရဲပေ။

ရီဖူရှင်းက လက်ဝှေ့ယမ်းသည်တွင် ဖီးနစ်ဓားက ကျောက်ပြည်ထောင်ဘုရင်ထံသို့ ပျံသန်းသွားသည်။ တချိန်တည်းမှာပင် ကျေးရွာခေါင်းဆောင်ကလည်း နတ်ဘုရားဓားကို ကျောက်ပြည်ထောင်ဘုရင်ထံသို့ ပြစ်လွှတ်လိုက်သည်။

ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)Where stories live. Discover now