ဒဏ္ဍာရီထဲက ဖူရှင်း
စာစဉ်(၅၇)
အပိုင်း(၈၄၀): ဆုတ်ခွာခြင်း
နတ်ငှက်၏မျက်လုံးများက အလွန်အမင်းထက်ရှကာ အားကောင်းသော စိတ်ခံစားချက်များ ရှိနေသည်။
ထောင်ကျန်းက ရုပ်ခန္ဓာ၏အကန့်အသတ်ကို ကျော်လွန်ကာ ယခု အားအင်များကုန်ခမ်းခြောက်ကပ်နေပြီဖြစ်သည်။
သူက နတ်ဘုရားဆေးကြောသန့်စင်ခြင်းကို မည်သို့ဆက်လက်၍ခံနိုင်ရည်ရှိမည်နည်း။
နတ်ဘုရားဆေးကြောသန့်စင်ခြင်းကား ထောင်ကျန်းက ဝင်္ကပါ၏စွမ်းအားများကို အသုံးပြုခြင်းဖြင့် ရောက်လာစေခြင်းဖြစ်ရာ သူ၏ပင်ကိုယ်စွမ်းရည်မဟုတ်ခဲ့ပေ။ ဆိုလိုသည်က ထောင်ကျန်း၏အကောင်းဆုံးအခြေအနေ၌ပင် နတ်ဘုရားဆေးကြောသန့်စင်ခြင်းကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ်မဟာလမ်းစဉ်စွမ်းအားမှာ ဟိုဟိုဒီဒီပြေးလွှားရိုက်ခတ်လျှက် ထောင်ကျန်းရှိနေရာကို ရှာဖွေနေဟန်ရသည်။
နတ်ငှက်က မော့ကြည့်ကာ ကြောက်မက်ဖွယ်စွမ်းအား သူ့ထံကို ဦးတည်လာသည်ကို မြင်၏။ သူ၏မျက်လုံးများက စူးရှသွားသည်။
နတ်ငှက်အတွင်း၌ ရီဖူရှင်းကား တိတ်ဆိတ်စွာ ရပ်နေသည်။ နတ်ငှက်ကား ရှေးနတ်ဘုရားသတ္တဝါဆန်းဖြစ်ကာ အားလုံး၏စိတ်စွမ်းအားဖြင့်ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်သည်။
ဆရာက နန်းတော်အတွက် တိုက်ခိုက်ခဲ့ကာ သူ၏အသက်ကိုပင် စတေးရန် ဝန်မလေးခဲ့ပေ။
ယခု ဆရာက အားပြန်သွားပြီဖြစ်ရာ ထိုနတ်ဘုရားဆေးကြောသန့်စင်ခြင်းစွမ်းအားကို သူတားဆီးရပေမည်။
စူးရှသော အလင်းများ နတ်ငှက်ကို စီးဆင်းသွားကာ ကြယ်တာရာရောင်စဉ်များအလား အဆင့်လွန်လောကဓာတ်စွမ်အားများမှာကွန်ခြာသဖွယ်ဖြစ်သွားသည်။
နတ်ဘုရားပြစ်ဒဏ်က သူတို့ထံကို ရောက်လာသောအခါ ဘန်းခနဲမြည်သံနှင့်အတူ ကြယ်တာရာအရံအတားက ကြေပျက်သွားပြီး နတ်ငှက်မှာလည်း ပြင်းထန်စွာ တုန်ယင်သွားရသည်။ ရီဖူရှင်းမှာလည်း စိတ်နှင့်ကိုယ် ပြိုလဲလုမတတ်ခံစားချက်ကို ရသည်။ သို့သော်လည်း သူ၏ဧကရာဇ်အသိက လောင်ကျွမ်းနေကာ သူ့တွင် အလွန်ပြင်းထန်သော ဆုံးဖြတ်ချက်လည်း ရှိနေသည်။
YOU ARE READING
ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)
Randomမိမိကိုယ်တိုင်ဘာသာပြန်ထားခြင်းမဟုတ်ပါ စာရေးသူ facebookတွင်တင်ထားသည်များကို ကိုယ်တိုင်ဖတ်ရန်အတွက် သာsaveခြင်းဖြစ်ပါသည်။ စာရေးသူက ဖျက်ခိုင်းလျှင် ပြန်ဖျက်ပါမည်။