အပိုင်း ( ၈၈၆): သဘောတူညီချက်ရခြင်း

45 7 0
                                    

ဒဏ္ဍာရီထဲက ဖူရှင်း

စာစဉ်(၆၀)

အပိုင်း ( ၈၈၆): သဘောတူညီချက်ရခြင်း

ရှန့်ထိုရှားကား ပြည်နယ်ကိုးခုတွင် မြင့်မားသော အဆင့်အတန်းတစ်ခု၌ ရှိပြီး အများ၏လေးစားမှုကို ရသူဖြစ်သည်။ ရှားကလန်မှာလည်း ပြည်နယ်ကိုးခုလုံးတွင် နံပါတ်၁ကလန်ဖြစ်ရာ တော်ဝင်မြေနှစ်ခုအကြား စစ်ပွဲ၌ ရှန့်ထိုရှားကား ကြားဝင်ညှိနှိုင်းရန် အဆင့်မှီပေသည်။

မှန်သည်... လူအများ၏မျက်လုံးထဲတွင် ရှန့်ထိုရှားကိုယ်တိုင် ကြားဝင်လာခဲ့ပြီဖြစ်ရာ အများဆုံး နှစ်ဘက်က ခြေတစ်လှမ်းနောက်ဆုတ်ရုံးမျှသာဖြစ်သည်။ စစ်ပွဲအတွင်းမှ အငြိုးအတေးများအား အလွယ်တကူ ခြေဖျက်ပြစ်၍ မရတော့ပေ။

ရှန့်ထိုရှားက ဆက်ပြောသည်... “ အခု ကျောက်ပြည်ထောင်ဘုရင်နဲ့ သခင်ရီတို့နှစ်ယောက် အတူတူ ဒီမှာ ထိုင်နေကြမှတော့ ဘာလို့ သွေးစွန်းမယ့်ကိစ္စတွေကို အဆင်ပြေအောင် ထိုင်မညှိနှိုင်းတာလဲ... ” ထို့နောက် သူက ကျောက်ပြည်ထောင်ဘုရင်နှင့် ရီဖူရှင်းတို့နှစ်ယောက်အား ကြည့်သည်။

ကျောက်ပြည်ထောင်ဘုရင်က သူ၏သေရည်ခွက်ကို ချလိုက်ကာ စကားတစ်ခွန်းမှ ပြောပေ။ ရီဖူရှင်းကလည်း တိတ်ဆိတ်စွာ ထိုင်နေသည်။

မွေးနေ့ပွဲအတွင်း တဖန် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။

ကျောက်ပြည်ထောင်ဘုရင်မှာ ခေါင်းမာပြီး မောက်မာသော စိတ်အခြေအနေရှိသည်။ သူက ရီဖူရှင်း လုပ်ခဲ့သည်များအတွက် မည်သို့မှ သည်းခံမည်မဟုတ်ပေ။ တချိန်တည်းမှာပင် ရီဖူရှင်းမှာလည်း ခိုင်မာပြတ်သားသော စိတ်ဓာတ်ကို ပိုင်ဆိုင်ပြီး သူ၏ဆုံးဖြတ်ချက်များမှာ အလှည့်အပြောင်းများကို ဖြစ်စေနိုင်ပေသည်။ သူတို့အတွက် ဘာမှ မဖြစ်သလို ဟန်ဆောင်နေရန် မဖြစ်တော့ပေ။

မှန်သည်... ထိုကိစ္စက မဖြစ်နိုင်ပေ။ ရီဖူရှင်းနှင့် ကျောက်ပြည်ထောင်တို့က တချိန်တည်း တွေးနေကြသည်။ ကျောက်ပြည်ထောင်ဘုရင်ကား သူ၏မာနကို လူငယ်မျိုးဆက်တစ်ယောက်ထံတွင် အရိုက်ချိုးခံမည်မဟုတ်ပေ။ ရီဖူရှင်းကလည်း အမှန်တရားအတွက် အသက်စွန့်ခဲ့ကြသော မြေရိုင်းပြည်နယ်မှ လူများအပေါ် လျစ်လျူရှု၍ မရပေ။ အကယ်၍ ရီဖူရှင်းက နောက်ဆုတ်ပေးလျှင် သူ့လူများအား မည်သို့ မျက်နှာပြရမည်နည်း။ မည်သို့ ရှင်းပြရမည်နည်း။

ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)Where stories live. Discover now