ဒဏ္ဍာရီထဲက ဖူရှင်း
စာစဉ်(၅၈)
အပိုင်း (၈၅၂): ဆရာကြီးစု
ပြည်နယ်ကိုးခုကျောင်းတော်၏ဆေးဥယျာဉ်။ နံနက်ခြင်းအချိန်အခါ။
ပြည်နယ်ကိုးခုကျောင်းတော်၌ ယခင်က ဆေးဥယျာဉ်မရှိဖူးပေ။ နောက်ပိုင်း ရှန့်ထိုကျန့်က ကျောင်းတော်ကို ရောက်လာပြီးနောက်ပိုင်းတွင်မှ သူ့အတွက် အထူးတလည် ပြုလုပ်ပေးထားခြင်းဖြစ်သည်။
ဆေးဥယျာဉ်အပြင်ဘက်ကို လူတစ်စု ရောက်လာသည်။ သူတို့ကား ရီဖူရှင်းတို့အုပ်စုမဟုတ်ပေ။ သို့သော် ကျောက်ဟောင်တို့အုပ်စုဖြစ်ပေသည်။
ဆေးဥယျာဉ်ထဲမှ လူတစ်ယောက် ထွက်လာသည်။ သူကား ကျင့်ရွှမ်ဖြစ်သည်။
“ အရှင့်သားက ကိုယ်တိုင်လာလည်တာ အကြောင်းရင်းကိစ္စရှိပါသလား… ” ကျင့်ရွှမ်က လက်နှစ်ဘက်ကို ဆုပ်ကာ လေးစားစွာ မေးသည်။ ကျောက်ဟောင်ကား ပြည်နယ်ကိုးခုရှီအဆင့်ဝင်ဖြစ်ရာ သူက လေးစားသမှုထားရန် လိုအပ်ပေသည်။
“ အရေးကြီးတာတော့ မဟုတ်ပါဘူး… ရှန့်ထိုကျန့်က နာမည်ကျော်ကြားတော့ လမ်းကြုံတာနဲ့ လာလည်ဖြစ်ခဲ့တာပါပဲ… ” ကျောက်ဟောင်က ပြုံးလျှက်ပြောသည်… “ ဒါက သေးငယ်တဲ့လက်ဆောင်လေးပါပဲ…ဒါကို ဆရာကြီးစုကို လက်ဆင့်ကမ်းပေးပါ… ကျုပ်က ရှန့်ထိုကျန့်ကို အဖေ့ကိုယ်စားနှုတ်ဆက်ပါတယ်လို့လည်း ပြောပေးပါ… ”
“ ကောင်းပါပြီ… ” ကျင့်ရွှမ်က ဗူးကလေးအား ယူလိုက်ကာ မေးသည်… “ တခြားဘာပြောစရာရှိပါသေးသလဲ… အရှင့်သား… ”
“ မလိုအပ်တော့ပါဘူး… ” ကျောက်ဟောင်က ခေါင်းယမ်းသည်။ ထို့နောက် ကျောက်ဟောင်က ဆေးဥယျာဉ်မှ ထွက်သွားသည်။ ကျင့်ရွှမ်ကလည်း သူဆေးပင်များ ရေလောင်းပေါင်းသင်ရာနေရာသို့ ရောက်လာခဲ့၏။
ကျင့်ရွှမ်ကား ဆေးဥယျာဉ်အစောင့်တစ်ယောက်မျှသာဖြစ်သော်လည်း သူကား အမှန်တကယ်အားဖြင့် တော်ဝင်လမ်းသားတော်ဖြစ်ရန် လျှာထားခံရသူတစ်ယောက်လည်းဖြစ်ပြီး ကျောင်းတော်၌ ထူခြားသော အဆင့်အတန်းကို ပိုင်ဆိုင်သည်။
YOU ARE READING
ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)
De Todoမိမိကိုယ်တိုင်ဘာသာပြန်ထားခြင်းမဟုတ်ပါ စာရေးသူ facebookတွင်တင်ထားသည်များကို ကိုယ်တိုင်ဖတ်ရန်အတွက် သာsaveခြင်းဖြစ်ပါသည်။ စာရေးသူက ဖျက်ခိုင်းလျှင် ပြန်ဖျက်ပါမည်။