ဒဏ္ဍာရီထဲက ဖူရှင်း
စာစဉ်(၅၅)
အပိုင်း (၇၉၇): ပြိုင်ပွဲပထမ
အဆုံးမဲ့သော လက်ဝါးများ သူမထံကို တိုးဝင်လာသည်ကိုမြင်လျှင် ရာရာက လေဟာနယ်ထဲကို ဝင်ရောက်ပျောက်ကွယ်သွားပြီး တိုက်ခိုက်မှုအား ရှောင်ဖယ်၏။
သို့သော် မရေမတွက်နိုင်သောလက်ဝါးများအကြားတွင် ဧရာမလက်ဝါးကြီးတစ်ခုက ဖြန့်လျှက် သူမတိုးဝင်သွားသော လေဟာနယ်ထဲကို လာရောက်ဆုပ်ကိုင်သည်တွင် ကြီးမားသော လေဟာနယ်ဖိအားတစ်ခုကို သူမခံစားရသည်။ သူမက လေဟာနယ်ကို ဖြန်သန်းသွားလိုသည့်တိုင် အာကာသဓာတ်က တဖန်ဖြတ်တောက်ခံရပြန်၏။
ယူချင်းပြောသကဲ့သို့ပင် ဤနေရာကား ယူချင်းအပိုင်းဖြစ်သည်။
လက်ဝါး၏အရှိန်အဝါက သူမထံကို ရောက်လာသည်တွင် ရာရာက ဓားကိုယ်ထည်အဖြစ်ပြောင်းလဲသွားပြီး သူမထံကို ရောက်လာသောဖိအားများအားလုံးကို ပျက်ပြယ်စေသည်။ သို့သော် နတ်ဆိုးက လက်ဝါးဖြင့်ရိုက်သည်တွင် လေဟာနယ်က ကွဲအက်သွားဟန်ရပြီး သူမကိုယ်တိုင်က ကောင်းကင်ထက်ကို မြောက်တက်သွားကာ ဓားကိုယ်ထည်ကလည်း အက်ကွဲပေါက်ကွဲသွားတော့မတတ်ခံစားလိုက်ရသည်။
ဧည့်ကြည့်စင်မြင့်ထက်တွင် မရေမတွက်နိုင်သောလူများက ဓားစွမ်းအင်နှင့် မိစ္ဆာစွမ်းအင်တို့ ရင်ဆိုင်တိုက်ခိုက်နေသည်ကို ကြည့်နေကြ၏။ ရာရာ၏ခန္ဓာကိုယ်က လေထဲကို မြောက်တက်သွားသည်တွင် အားလုံးက တုန်လှုပ်သွားကြသည်။
ထိုစွမ်းအားကား စိတ်ကူးဖြင့်ပင် မှန်းဆမရနိုင်ပေ။
ဓာတ်ငါးမျိုးသဘာဝရှန့်ထိုခန္ဓာကိုယ်ကို ပိုင်ဆိုင်သော ကျူးကော့ရီက အဘယ်ကြောင့် ဤနှစ်ယောက်နှင့်မယှဉ်နိုင်သည်ကိုလည်း သူတို့နားလည်လိုက်ကြသည်။ သူတို့ကား အလွန်အမင်းအားကောင်းကြကာ ရှန့်ထိုများပင် သူတို့သက်တန်းတစ်လျှောက် သည်မျှအားကောင်းသော နိုဘယ်များအား မမြင်တေ့ဖူးကြပေ။
ပုဂ္ဂိုလ်ကြီးများစွာကာ အတိတ်မှ ပြုလုပ်သော ပြည်နယ်ကိုးခုညီလာခံများကို တက်ရောက်ခဲ့ကြကာ ယခင်ညီလာခံ၏နောက်ဆုံးတိုက်ပွဲများမှာ လက်ရှိတိုက်ပွဲလောက် ပြင်းထန်ခြင်းမရှိကြောင်း သိကြသည်။
YOU ARE READING
ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)
De Todoမိမိကိုယ်တိုင်ဘာသာပြန်ထားခြင်းမဟုတ်ပါ စာရေးသူ facebookတွင်တင်ထားသည်များကို ကိုယ်တိုင်ဖတ်ရန်အတွက် သာsaveခြင်းဖြစ်ပါသည်။ စာရေးသူက ဖျက်ခိုင်းလျှင် ပြန်ဖျက်ပါမည်။