ဒဏ္ဍာရီထဲက ဖူရှင်း
စာစဉ်(၆၂)
အပိုင်း (၉၁၄): ကျူးထန်နန်းတော်သို့ဝင်ခြင်း
“ ပေ့ချိန်ရန်...” ရီဖူရှင်း၏မျက်လုံးများထဲ၌ အေးစက်သော အရောင်တစ်ချက် လက်သွားသည်... “ အဲ့ဒီသိဒ္ဓိဝင်လက်နက်က နာမည်တစ်လုံးတည်းအတွက်မဟုတ်ဘူး... ”
“ သေချာတာပေါ့... ” လူငယ်က ပြုံးလျှက်ပြောသည်... “ ကျုပ်က ခင်ဗျားကို တခြားသတင်းအချို့ပေးမယ်... ပေ့ချိန်ရန်က အင်အားကြီးမိသားစုတစ်ခုကပဲ... သူက စွေ့ရန်ရှန့်ထိုဓားရဲ့ မျိုးဆက်ဖြစ်တယ်... ပြီးတော့ ပေချိန်ရန်က ကျူးထန်အဆင့်ဝင်တန်ခိုးရှင်တစ်ယောက်ဖြစ်ပြီးတော့ ကျူးထန်နန်းတော်သခင်လေးနဲ့ ရင်းနှီးတယ်...ခင်ဗျားက ပေ့ချိန်ရန်နဲ့တိုက်ခိုက်မယ်ဆိုရင် ကျူးထန်နန်းတော်ထဲမှာတော့ လွယ်ကူမှာ မဟုတ်ဘူး... ခင်ဗျားမှာ ရှန့်ထိုတွေပါရင်တောင်မှ အဲ့လိုမလုပ်ဖို့ ကျုပ်က အကြံပေးချင်တယ်...”
“စွေ့ရန်ရှန့်ထိုဓား...” ရီဖူရှင်းဘေးမှ ကျေးရွာခေါင်းဆောင်၏မျက်လုံးမှာ ထူးဆန်းသော အရောင်တစ်ချက်လက်သွားသည်။ ရီဖူရှင်းက သူ့အား ကြည့်ကာ မေးသည်... “ အဘက သူ့ကို သိလို့လား... ”
ကျေးရွာခေါင်းဆောင်က ခေါင်းညိတ်သည်... “ အရင်တုန်းက သူလာဖူးတယ်... ဒါပေမယ့် တွေ့ဖို့ ငြင်းပယ်ခဲ့တယ်.... ”
ရီဖူရှင်းက ထိုလူမှာ မည်သူ့ကို လာတွေ့သည်အား နားလည်ပေသည်။ သူလာတွေ့သူမှာ မရဏဓားနတ်မယ်ဖြစ်ရပေမည်။
ယခင်က မရဏဓားနတ်မယ်မှာ ပြည်နယ်ကိုးခု၌ ပြိုင်ဘက်ကင်းပြီး မည်သည့်တော်ဝင်မြေကိုမဆို အမြစ်ပြုတ်ချေမှုန်းနိုင်စွမ်းရှိရာ သူမက မည်မျှ အားကောင်းမည်ကို ခန့်မှန်းနိုင်ပေသည်။ စွေ့ရန်ရှန့်ထိုဓားကား ဓားပညာကို လေ့ကျင့်သူဖြစ်ရာ မရဏဓားနတ်မယ်ကို တွေ့ဆုံလိုသည်မှာ မထူးဆန်းပေ။
လူငယ်က ကျေးရွာခေါင်းဆောင်အား ကြည့်သည်။ ထန်ကျိအိမ်တော်မှာ အရာအားလုံးကို သိသည်မှန်သော်လည်း သူတို၏လက်တံမှာ ပြည်နယ်ကိုးခုသို့အထိ ရှည်လျှားခြင်းမရှိပေ။ ထို့အပြင် အောက်ဘုံမှ သတင်းအချက်အလက်များမှာလည်း တန်ဖိုးသိပ်မရှိပေ။
YOU ARE READING
ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)
Randomမိမိကိုယ်တိုင်ဘာသာပြန်ထားခြင်းမဟုတ်ပါ စာရေးသူ facebookတွင်တင်ထားသည်များကို ကိုယ်တိုင်ဖတ်ရန်အတွက် သာsaveခြင်းဖြစ်ပါသည်။ စာရေးသူက ဖျက်ခိုင်းလျှင် ပြန်ဖျက်ပါမည်။