ဒဏ္ဍာရီထဲက ဖူရှင်း
စာစဉ်(၅၉)
အပိုင်း (၈၆၇): ပြစ်တင်ဝေဖန်ခြင်း
ရီဖူရှင်း၏မှတ်ချက်က လူအုပ်အား တိတ်ဆိတ်စေသည်။ ရီဖူရှင်း၏စကားကို သူတို့ နားလည်ကြသည်။ သူကား တော်ဝင်ကျဲနန်းတော်၏နန်းတော်သခင်ဖြစ်သည်။ သူ၏အပြုအမူက မသင့်တော်ဟုဆိုလျှင်ပင် သူ့အား ပြည်နယ်ကိုးခုကျောင်းတော်မှ အကြီးအကဲများ ပြောကြပေလိမ့်မည်။
သူ၏ရှုထောင့်မှဆိုပါလျှင် ရိကလန်လူငယ်မျိုးဆက်က ဝင်ရောက်ဝေဖန်စရာ အကြောင်းမရှိပေ။
ရိချန်းကလည်း ရီဖူရှင်းကို လှမ်းကြည့်သည်။ သူ့အမြင်တွင် ရီဖူရှင်းကား တော်ဝင်ကျဲနန်းတော်သခင်ဖြစ်သော်လည်း လူငယ်မျိုးဆက်ထဲတွင် ပါဝင်နေဆဲဖြစ်သည်။
ပြုံးလျှက်ပင် ရိချန်းက ပြောသည်... “ ကျုပ်က မသင့်တော်သလိုဖြစ်နေတယ်ဆိုပေမယ့်လည်း နန်းတော်သခင်ရီက အရင်ဆုံး လေးစားမှုမရှိတဲ့အပြုအမူကို လုပ်တာဖြစ်ပြီး တခြားလူတွေကလည်း တိတ်ဆိတ်နေကြတယ်လေ... ခင်ဗျားက ပြည်နယ်ကိုးခုကျောင်းတော်မှာ ရှန့်ထိုကျန့်နဲ့ တွေ့ခွင့်ရဖို့ နတ်မိမယ်ဒီးကို အသုံးချခဲ့တယ်လို့ကျုပ်ကြားတယ်... အခု ခင်ဗျားက ကျောင်းတော်မှာ လူအများရဲ့ အလေးထားမှုကို ရတော့ ဒီလိုပွဲမျိုးမှာတောင် မလေးမစားပြုမူတယ်... ဘယ်သူက အပြုအမူပိုင်းနဲ့ပတ်သက်ပြီးမေးခွန်းထုတ်စရာကောင်းနေတာလဲ... ”
ရိချန်း၏စကားများက အလွန်အမင်းထက်ရှနေကာ ပြောပြီးသည်နှင့် တစ်ဘက်သို့ လှည့်သွားသည်။ သိသာစွာပင် သူကား ရိကလန်၏မာန်မာနကြီးမားသော သခင်လေးဖြစ်ပြီး ရီဖူရှင်း၏စော်ကားမှုကို ငြိမ်သက်စွာ ခံယူမည်မဟုတ်ပေ။
ပြည်နယ်ကိုးခုကျောင်းတော်ဘက်တွင် လိပ်ပြာလေးက မျက်မှောင်ကြုတ်လိုက်ကာ ရိချန်းအား ကြည့်သည်... “ ကျောင်းတော်မှာ ကောလာဟလတွေ ပျံ့နှံ့နေတယ်... ဒါပေမယ့် နန်းတော်သခင်ရီက သူ့ဆရာအတွက် ဆေးဥယျာဉ်အပြင်ဘက်မှာ တစ်လလုံးလုံး လာရပ်ခဲ့တယ်...ဒါကြောင့်ပဲ ကျွန်မက သူ့ကို ဖိတ်ခေါ်ပြီးတော့ ဆရာနဲ့ တွေ့ဖို့ စီစဉ်ပေးခဲ့တယ်... သူ့ဆရာအတွက် နန်းတော်သခင်ရီက ကိုယ်တိုင်ပဲ ဆေးစမ်းသပ်မှုခံယူခဲ့တယ်... ဒီလိုလူတစ်ယောက်ကို ပြစ်တင်ဝေဖန်တယ်ဆိုတာ ယုံကြည်ဖို့တောင် ခက်ခဲတယ်... တော်ဝင်မြေတစ်ခုက ဒီလိုကောလာဟလစကားတွေကို ယုံကြည်တယ်ဆိုတာကလည်း တကယ်ပဲ ကြားရမြင်ရ မတော်လှပေဘူး... ”
YOU ARE READING
ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)
Losoweမိမိကိုယ်တိုင်ဘာသာပြန်ထားခြင်းမဟုတ်ပါ စာရေးသူ facebookတွင်တင်ထားသည်များကို ကိုယ်တိုင်ဖတ်ရန်အတွက် သာsaveခြင်းဖြစ်ပါသည်။ စာရေးသူက ဖျက်ခိုင်းလျှင် ပြန်ဖျက်ပါမည်။