ဒဏ္ဍာရီထဲက ဖူရှင်း
စာစဉ်(၅၃)
အပိုင်း (၇၇၄): ခွန်ယို၏အကြံအစည်
“ တော်ဝင်ကျဲနန်းတော်သခင် ရီဖူရှင်းဆိုတာ အရင်နန်းတော်သခင်ကိုယ်တိုင်က အင်ပါယာရှားကို ပင့်ဆောင်ပြီးတော့ လူငယ်လေးကို သူ့နေရာဆက်ခံစေတဲ့သူဆိုပဲ… သူက လူငယ်လေးကို အဲလို ဆက်ခံစေဖို့အတွက် ကြီးကြီးမားမား ပေးဆပ်ခဲ့ရတယ်… ဒီနှစ်မြေရိုင်းပြည်နယ်ကလည်း အရမ်းကို ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ပြသခဲ့ကြတော့ နန်းတော်သခင်ကိုယ်တိုင်က အရမ်းကို ထူးခြားထက်မြက်မှာပဲ… ” တစ်ယောက်က ရီဖူရှင်းကို လှမ်းကြည့်ကာ ပြောသည်။
သူတစ်ယောက်တည်းသာ ထိုသို့တွေးသည်မဟုတ်ဘဲ တခြားလူများကလည်း ထိုသို့အမြင်များရှိကြသည်။ ယူချင်းကိုယ်တိုင်က အလွန်ထူးခြားထက်မြက်နေပြီဖြစ်ကာ တခြားဟွာဂျီယူတို့ စုချွဲတို့ကလည်း ကိုယ်စီ ထက်မြက်ကြ၏။ သူတို့အားလုံးက မည်သည့်တော်ဝင်မြေမှ ပါရမီရှင်များနှင့်မဆို ရင်ဘောင်တန်းနိုင်ကြ၏။ ဤသို့ဆိုလျှင် လက်ရှိမြေရိုင်းပြည်နယ်၏လူငယ်ခေါင်းဆောင် ရီဖူရှင်းက ပိုမို၍မသာလွန်ဘဲနေမည်လား...။
လူအများအပြားက သူနှင့်ပတ်သက်၍စိတ်ဝင်စားကြသည်။
“ ကျွန်မတပည့်ချိန်နီဆီက ကြားတာကတော့ ရီဖူရှင်းက တော်ဝင်ကျဲနန်းတော်က တပည့်တွေကို ဦးဆောင်ပြီး စစ်တုရင်ကျွေးရွာက နတ်နဂါးကစားကွက်ကို ဖျက်နိုင်ခဲ့တယ်ဆိုပဲ… သူက ကွဲပြားခြားနားတဲ့ ကစားဟန်ကိုးခုကို တစ်ယောက်တည်း ထိန်းချုပ်ခဲ့တယ်… ” မှန်နန်းတော်သခင်မကလည်း ရီဖူရှင်းကို ပြုံးလျှက်လှမ်းပြောသည်… “ တကယ်လို့ သူက ရှီအဆင့်ကို မတက်လှမ်းရသေးဘူးဆိုရင် ဒီပြိုင်ပွဲမှာ သူ့အရည်အချင်းတွေကို မြင်တွေ့ခွင့်ရမှာပဲ… ”
“ နန်းတော်သခင်မက အရမ်းချီးကျူးလွန်းပါပြီ… ကျွန်တော့အဆင့်က နိမ့်ပါတယ်… တခြားပြည်နယ်ရှစ်ခုက ပါရမီရှင်တွေက အရမ်းကို ထူးချွန်ကြတယ်… ဒီလိုနေရာမှာ ကျွန်တော့ရဲ့ပါရမီကို ထည့်မပြောရဲပါဘူး… ”ရီဖူရှင်းက ခေါင်းငုံ့ကာ သူမအား တိုက်ရိုက်မကြည့်ဘဲ ပြောသည်။ သူမကား ရှန့်ထိုဖြစ်ကာ အရှေ့ဘက်ပြည်နယ်၏နံပါတ်တစ်မိန်းမလှလည်းဖြစ်ရာ သူက အပြုအမူများအား သတိထားရန် လိုပေသည်။
YOU ARE READING
ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)
Acakမိမိကိုယ်တိုင်ဘာသာပြန်ထားခြင်းမဟုတ်ပါ စာရေးသူ facebookတွင်တင်ထားသည်များကို ကိုယ်တိုင်ဖတ်ရန်အတွက် သာsaveခြင်းဖြစ်ပါသည်။ စာရေးသူက ဖျက်ခိုင်းလျှင် ပြန်ဖျက်ပါမည်။