အပိုင်း (၉၄၇) (၉၄၈): ယွီလင်းရှောင်အလည်အပတ်လာခြင်း

106 19 0
                                    

ဒဏ္ဍာရီထဲက ဖူရှင်း

စာစဉ်(၆၅)

အပိုင်း (၉၄၇) : ယွီလင်းရှောင်အလည်အပတ်လာခြင်း

ကျိရှမ်းကမ်းပါးကား အမှောင်ထုအောက်တွင် အေးစက်စက်လေပြင်းများ တစ်ချက်တစ်ချက် ဝှေ့ယမ်းရိုက်ခတ်သွားလျှင် ပိုမို၍ ပျက်စီးခြောက်သွေ့သော အငွေ့အသက်များအား ပေးသည်။ ယခု ကျိရှမ်းကမ်းပါး၏အခြေခံအုတ်မြစ်များအားလုံးမှာ ပြိုလဲခဲ့ပြီးဖြစ်သည်။ သူတို့၏တော်ဝင်ရတနာများအားလုံးမှာလည်း တော်ဝင်ကျဲနန်းတော်၏ယူဆောင်သွားခြင်းကို ခံရ၏။ သူကား တော်ဝင်ကျဲနန်းတော်မှ ရှန့်ထိုအမွေအနှစ်များအား မျက်စိကျကာ လောဘတက်ခဲ့သော်လည်း သူဘာမှ မလုပ်ရသေးမှီတွင်ပင် ရီဖူရှင်းက ကျိရှမ်းကမ်းပါးအား သိမ်းယူသွားခဲ့သည်။ သူတို့ ပြန်လည်ထူထောင်နိုင်ရန် နှစ်ပေါင်း မည်မျှ ကြာမြင့်ဉီးမည်နည်း။

နှစ်ငါးဆယ်..

နှစ်တစ်ရာ...

သည့်ထက်ပင် ကြာမြင့်နိုင်ပေသည်။

သည်တိုက်ပွဲပြီးနောက်တွင် မည်သူက ကျိရှမ်းကမ်းပါး၌ လေ့ကျင့်ရဲတော့မည်နည်း။ သူ... ရှန့်ထိုကျဲက ပျက်စီးခြင်းအား ယူဆောင်လာခဲ့သည်။ မည်သူက သူ့အား ယုံကြည်ရဲတော့မည်နည်း။

မှန်သည်... ယခု ကျန်ရစ်သော နိုဘယ်တန်ခိုးရှင်များမှာ မိမိအား စိတ်ပျက်ဒေါသထွက်နေသည်ကို ခံစားမိသော်လည်း သူတို့အား အပြစ်မတင်နိုင်ပေ။ မိမိကား ကျိရှမ်းကမ်းပါး၏ခေါင်းဆောင်ရှန့်ထိုဖြစ်၏။ သည်ဖြစ်ရပ်တွင် သူတာဝန်အရှိဆုံးဖြစ်သည်။ သူကိုယ်တိုင် ကျိရှမ်းကမ်းပါးအား ချောက်နက်ထဲသို့ ကျဆင်းစေခဲ့၏။

" ရှီဟွာတောင်ရှန့်ထို... ကျောက်ပြည်ထောင်ဘုရင်မင်းမြတ်... ခင်ဗျားတို့စစ်တပ်တွေကို မြေရိုင်းပြည်နယ်သို့ ချီတက်စေလို့ မရဘူးလား။ " ရှန့်ထိုကျဲက လေထဲမှ လူနှစ်ယောက်အား ကြည့်ကာ ပြောသည်... " အင်ပါယာရှားက တော်ဝင်စစ်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြင်ဆင်ခဲ့မှတော့ အခု စစ်ခင်းချင်တဲ့ အဖွဲ့အစည်းတွေက စစ်ကြေညာစရာမလိုတော့သလို အင်ပါယာရှားကိုလည်း အသိပေးစရာမလိုတော့ဘူး။ "

ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)Where stories live. Discover now