ဒဏ္ဍာရီထဲက ဖူရှင်း
စာစဉ်(၅၄)
အပိုင်း (၇၉၃):ပြီးပြည့်စုံသော ရုပ်ခန္ဓာ
စင်မြင့်ပေါ်တွင် နောက်ထပ်တိုက်ပွဲတစ်ခု ပြီးဆုံးလာခဲ့ပြီဖြစ်သည်။ မိုလျိုကား ယူကြောင့်ကြောင့်ပင် သွေးများအန်ကျလျှက် စင်မြင့်ထောင့်စွန်းကို လွင့်စင်သွားသည်။ သူ ရှုံးနိမ့်သွားပြီဖြစ်သည်။
နောက်လှည့်လျှက်ပင် ယူချင်း၏မျက်လုံးက ရာရာထံကို ရောက်သွားသည်။ သူက ရှေ့ကို တက်သွားရန်ဟန်ပြင်လိုက်၏။
“ ယူချင်း.. ” ထိုစဉ်မှာပင် သူ့နားထဲကို အသံတစ်သံ ရောက်လာသည်။ သူကား ရီဖူရှင်းဖြစ်သည်။ ယူချင်းက ဧည့်ကြည့်စင်မှ ရီဖူရှင်းဘက်ကို လှမ်းကြည့်သည်တွင် ရီဖူရှင်းက ပြောသည်… “ သူမကို နောက်ဆုံးမှ တိုက်… ”
စင်မြင့်ထက်တွင် ယူချင်းနှင့်ရာရာတို့က စွမ်းအားအမြင့်ဆုံးဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ယူချင်းက သူမနှင့်စောလျင်စွာ တိုက်ခိုက်ရန်မသင့်ပေ။
ကြောက်မက်ဖွယ်ပေါက်ကွဲသံတစ်ခုကို ကြားကြရသည်။ ဝူပေနှင့်ချူချိန်တို့က လူချင်းခွာလိုက်ကြ၏။ နှစ်ယောက်လုံးက အလွန်အမင်းပြင်းထန်အားကောင်းသော စွမ်းရည်နှင့်တိုက်ခိုက်အားကို ပိုင်ဆိုင်ကြသည်။ သူတို့နှစ်ယောက်က စွမ်းရည်ချင်းတူညီနေကြကာ အနိုင်အရှုံးရလဒ်မပေါ်သေးပေ။
ဝူပေ၏နောက်တွင် ရှေးဗုဒ္ဓတစ်ပါးရှိနေကာ ပုံရိပ်ယောင်များစွာကိုလည်း ဖန်ဆင်းထားသည်။ ချူချိန်မူကား အလွန်တရာခွန်အားကြီးမားသော လူဝံကြီးက စစ်နတ်ဘုရားလှံရှည်ကို ကိုင်ထားကာ အရာခပ်သိမ်းကို တိုက်ခိုက်နှိမ်နှင်းတော့မည့်ဟန်ပင်ရှိနေ၏။
သူတို့က အချင်းချင်းကြည့်နေကြသော်လည်း တခြားတိုက်ပွဲရလဒ်များကိုလည်း သူတို့က သိကြပေသည်။ ရာရာက အနည်းငယ် ထူးဆန်းကာ ယူချင်းက မိုလျိုအား အနိုင်ယူခဲ့ပြီး ကျူးကော့ရီက ရှားရီကို တိုက်ခိုက်နေသည်။
ဘန်း..
ကျယ်လောင်သောအသံနှင့်အတူ ချူချိန်က ဝူပေကို စွန့်ခွာကာ ယူချင်းထံကို တဟုန်ထိုးပြေးသွားသည်။ ဘယ်သူပိုအားကောင်းသည်ကို သူသိလို၏။
YOU ARE READING
ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)
Randomမိမိကိုယ်တိုင်ဘာသာပြန်ထားခြင်းမဟုတ်ပါ စာရေးသူ facebookတွင်တင်ထားသည်များကို ကိုယ်တိုင်ဖတ်ရန်အတွက် သာsaveခြင်းဖြစ်ပါသည်။ စာရေးသူက ဖျက်ခိုင်းလျှင် ပြန်ဖျက်ပါမည်။