ဒဏ္ဍာရီထဲက ဖူရှင်း
စာစဉ်(၅၃)
အပိုင်း(၇၇၅): ဂီတနှင့်တိုက်ပွဲ
လူအများအပြားက ရီဖူရှင်းအား ကြည့်ကာ ဘာမှ မပြောကြပေ။ ရီဖူရှင်းက ပြုံးလျှက်ပြောသည်… “ ကျွန်တော်က ပြည်နယ်ကိုးခုက စီနီယာတွေရှေ့မှာ ဟန်ရေးမပြရဲပါဘူး… ဒါပေမဲ့ အားလုံးက ဆန္ဒရှိနေမှတော့ ကျွန်တော်က သီချင်းတစ်ပုဒ်တီးပြပါ့မယ်… ဒါက သိုင်းပညာရှင်တစ်ယောက်က အဖော်လုပ်ပေးရင် ပိုကောင်းပါလိမ့်မယ်… စီနီယာခွန်က ကျုပ်တို့အတွက် ဆောင်ရွက်ပေးနိုင်ပါ့မလား… ”
“ မြေရိုင်းပြည်နယ်မှာ ပါရမီရှင်တွေ အများကြီးရှိတာပဲ… ဒါကြောင့် ကျုပ်က ဝင်ပြီး အဖော်လုပ်ပေးဖို့ လိုမယ်မထင်ဘူး… ” ခွန်ယိုက ထပ်ပြောသည်… “ မင်းရဲ့မလိုလားတဲ့ဟန်ကို ကြည့်ရရင် မင်းတီးခတ်တာကို ပြည်နယ်ကိုးခုကလူတွေ နားထောင်ဖို့ မထိုက်တန်ဘူးလို့များ မြင်နေတာလား… ” ခွန်ယို၏စကားက ဓားသွားတမျှ ထက်ရှလွန်းသည်။
ရီဖူရှင်းက ခွန်ယိုကိုကြည့်သည်။ ထို့အတူ သူ့အား လူအများအပြားက ဝိုင်းကြည့်နေသည်ကိုလည်း သတိထားမိ၏။ သူက ပြုံးလျှက်ပြောသည်.. “ အားလုံးက ဒီလိုစဉ်းစားမှတော့ ကျုပ်ရဲ့စွမ်းဆောင်ရည်က စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်… ”
သူက ထိုသို့ ပြောပြီးသည်နှင့် ကု့ချင်းထံသို့ လှမ်သွားလိုက်သည်။ မျက်လုံးပေါင်းများစွာက သူ့ထံကို ရောက်လာကြ၏။ ရီဖူရှင်းက တည်ငြိမ်စွာပင် ထိုက်လိုက်ကာ ချက်ချင်းပင် သူ့ထံမှ ထွက်လာသော အရှိန်အဝါက ကွဲပြားခြားနားသွား၏။ သူကား တော်ဝင်ကျဲနန်းတော်၏ဂုဏ်ရောင်ဝင့်ထည်သောနန်းတော်သခင်မဟုတ်တော့ဘဲ ရိုးရှင်းသော ဂီတလုလင်တစ်ယောက်အဖြစ် ထင်မှတ်ရသည်။
ရီဖူရှင်းကား ချောမောကာ ထူးခြားသောဂုဏ်ကျက်သရေဖြင့် ပြည့်စုံသူဖြစ်သည်။ သူ၏သွယ်လျသောလက်ချောင်းများက ကု့ချင်းကြိုးကို ထိမိသည်တွင်ပင် သံစဉ်က အားလုံး၏နားထဲကို စူးနစ်ဝင်ရောက်လာပြီး သံစဉ်၏ရသကို ခံစားမိကြရသည်။ သူက စတင်တီးခတ်လိုက်သည်နှင့် သူ၏ကု့ချင်းပညာကယွီလျူယန်ထက် မနိမ့်ကြောင်း ပြောနိုင်ကြ၏။
YOU ARE READING
ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)
Randomမိမိကိုယ်တိုင်ဘာသာပြန်ထားခြင်းမဟုတ်ပါ စာရေးသူ facebookတွင်တင်ထားသည်များကို ကိုယ်တိုင်ဖတ်ရန်အတွက် သာsaveခြင်းဖြစ်ပါသည်။ စာရေးသူက ဖျက်ခိုင်းလျှင် ပြန်ဖျက်ပါမည်။