ဒဏ္ဍာရီထဲက ဖူရှင်း
စာစဉ်(၅၈)
အပိုင်း (၈၅၁): လက်စားချေခြင်း
ရီဖူရှင်းက သူ၏နေရာကို ပြန်ရောက်လာသည်။ တွမ့်ချန်ဟေးကလည်း အတန်ကြာလျှင် သွေးများအန်ကျလျှက် ထရပ်လာသည်။
“ တော်ဝင်လမ်းသားတော်ရဲ့စွမ်းရည်က တကယ်ပဲ ခြားနားပါပေတယ်… ကျုပ်က တိုက်ပွဲအရှိန်မြင့်နေတဲ့အခိုက်မှာ ကျုပ်စွမ်းအင်ကို ထိန်းချုပ်ဖို့မလွယ်ခဲ့ဘူး… ဒီအတွက် စိတ်ရင်းနဲ့တောင်းပန်ပါတယ်… ” ရီဖူရှင်းက ပြောသည်။
တွမ့်ချိန်ဟေးက ရီဖူရှင်းကို ကြည့်သည်။ အလယ်အလတ်ရှီက အဆင့်မြင့်ရှီကို အနိုင်ယူရာတွင် တစ်ဘက်လူကို မည်သို့အပြစ်တင်ရမည်နည်း။
“ ဒါက တိုက်ပွဲမှာ မလွဲမသွေဖြစ်မှာပါပဲ… ပြည်နယ်ကိုးခုမှာ နန်းတော်သခင်ရီကို ယှဉ်နိုင်မယ့်လူ အရမ်းကို နည်းပါးပါလိမ့်မယ်… ” သူက လက်နှစ်ဘက်ကို ဆုပ်ကာ ပြောသည်… “ ကျုပ် ပြန်လိုက်ပါဦးမယ်… ”
သူက နောက်လှည့်ကာ ထွက်သွားသည်။
ရီဖူရှင်းက လျူယွန်ဘက်ကို လှည့်ကာ ပြုံးလျှက်ပြောသည်… “ ကျုပ်က ဒီနေ့ အများကြီးတိုက်ခိုက်ခဲ့ပြီဖြစ်လို ဆက်ပြီး မတိုက်ခိုက်တော့ပါဘူး… ”
သူက လက်ရှိအခြေအနေတွင် တစ်ဘက်သားကို လေးစားရန်လိုပေသည်။ သူတစ်ယောက်တည်းက ပြည်နယ်ကိုးခု၏နာမည်ကျော်ကျောင်းတော်မှ တပည့်များအားလုံးကို တစ်ယောက်ပြီးတစ်ယောက် ရိုက်နှက်ခြင်းက သူတို့၏နာမည်ကို အနည်းနှင့်အများ ထိခိုက်စေနိုင်ပေသည်။
လျူယွန်က ပြုံးလျှက်ပြောသည်… “ မင်းက ချိန်ယွန်အဆောင်မှာ ဒီနေ့ ဘယ်လိုတိုက်ခိုက်တယ်ဆိုတာ မြင်ခဲ့ပြီးတော့ အမြဲတမ်း တောင်တစ်တောင်ထက် မြင့်တဲ့တောင်ဆိုတာ ရှိတတ်တယ်လို့ ဒီလူတွေ နားလည်မယ်လို့ ကျုပ်ယုံကြည်တယ်… ”
လျူယွန်က ထပ်ပြောသည်… “ ရီဖူရှင်းအပြင် နောက်ထပ် ယူချင်း၊လျူကျောင်းတို့လည်း ရှိသေးတယ်… မင်းတို့က သင်ယူလေ့လာချင်တယ်ဆိုရင် အခုက အကောင်းဆုံးအချိန်အခါပဲ… ”
YOU ARE READING
ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)
Diversosမိမိကိုယ်တိုင်ဘာသာပြန်ထားခြင်းမဟုတ်ပါ စာရေးသူ facebookတွင်တင်ထားသည်များကို ကိုယ်တိုင်ဖတ်ရန်အတွက် သာsaveခြင်းဖြစ်ပါသည်။ စာရေးသူက ဖျက်ခိုင်းလျှင် ပြန်ဖျက်ပါမည်။