ဒဏ္ဍာရီထဲက ဖူရှင်း
စာစဉ်(၆၃)
အပိုင်း (၉၁၆): ကံဆိုးသူလုချောင်
ဝှစ်...
ကိုယ်ပွားတစ်ခု ပေါ်လာခဲ့သည်။ စုထူကား တုတ်ခိုင်သန်မာသောလူတစ်ယောက်ဖြစ်သော်လည်း လေဓာတ်ပညာရှင်တစ်ယောက်ဖြစ်ကာ အလွန်မြန်၏။ သူကား အချွန်ထက်ဆုံးသော ဓားတစ်လက်နှင့်တူ၏။
“ သေသေချာချာကြည့်...လေဓာတ်နဲ့ထွင်းဖောက်ခြင်းဓာတ် ပေါင်းထားတဲ့ မုန်တိုင်းဓားသိုင်းပဲ... ”
စုထူ၏ပရိသတ်တစ်ယောက်က အော်ကြီးဟစ်ကျယ်ပြောသည်။ ပြင်းထန်သောဓားချက်နှင့်အတူ စုထူက ရီဖူရှင်း၏ရှေ့ကို ရောက်လာခဲ့၏။ ဓားအလင်းက လေထုကို ခွင်းလျှက်ရောက်လာသည်တွင် ရန်သူကို အရိုးကွဲမတတ် ဖိအားများကို မေး၏။ ပရိသတ်များမှာ ရီဖူရှင်းအတွက် ချွေးစေးများထွက်လာကြ၏။
ဓားအလင်းက ရိပ်ခနဲ ပျောက်ကွယ်သွားပြီး ပြစ်မှတ်ကို ထိတော့မည်ထင်ရသည့်တိုင် ရီဖူရှင်းကား နေရာမှ ရွေ့လျားခြင်းမပြုသေးပေ။ စုထူကလည်း သက်ညှာမည့်သဘောမရှိပေ။ ရီဖူရှင်းက သူ့ဒုက္ခသူရှာခြင်းဖြစ်၏။
သို့သော်...
ဓားအလင်းက ရီဖူရှင်းနှင့်နီးကပ်သွားသောအခါ ပြင်းထန်သော အားလှိုင်းတစ်ခုက ဓားကို ခဲသွားစေဟန်ရကာ အမြန်နှုန်းက လျှော့ကျသွားပြီး ရှေ့သို့တိုးရန်ပင် ခက်ခဲစေခဲ့၏။
ထန်း... ထန်း...
စူးရှသောအသံများထွက်လာကာ ဓားက လောကဓာတ်အရံအတားများကို ချိုးဖျက်ကာ ရီဖူရှင်း၏ပုခုံးကို လာရောက်ခုတ်ဖြတ်သည်။
စုထူ၏မျက်လုံးများက အေးစက်ခက်ထန်သွား၏။ သူက ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိပေဘူးလား။
ရီဖူရှင်း၏ခန္ဓာကိုယ်အပေါ်ယံ၌ ကြယ်တာရာအလင်းလွှာတစ်ခု တောက်ပနေ၏။ ဓားအလင်းက သူ့ပုခုံးကို ပိုင်းဖြတ်လာသောအခါ သတ္တုဖြင့်ထိရိုက်သံတစ်ခုသာ ကြည်လင်ပြတ်သားစွာ မြည်လာခဲ့၏။ ဓားက ကျိုးပျက်သွားကာ စုထူ၏မျက်လုံးက ပြူးကျယ်သွားသည်။
“ ဟာ... ”
ဧည့်ကြည့်စင်မှ မရေမတွက်နိုင်သော ပရိသတ်များ၏မျက်လုံးများကလည်း ပြူးကျယ်သွား၏။ ရီဖူရှင်း ခံရတော့မည်ကို အားရဝမ်းသာ စောင့်နေကြသူများမှာလည်း ပါးစပ်ပိတ်သွားကြသည်။ ကောင်းကင်လေးလွှာမှ တန်ခိုးရှင်များပင် သူ့အရံအတားကို မဖြိုဖျက်နိုင်၊ သူ့အား လှုပ်ရှားစေရန်ပင် မတတ်နိုင်ခဲ့။
YOU ARE READING
ဒဏ္ဍာရီထဲက ဖူရှင်း အပိုင်း (၇၆၁ မှ ၉၆၀ ထိ)
Randomမိမိကိုယ်တိုင်ဘာသာပြန်ထားခြင်းမဟုတ်ပါ စာရေးသူ facebookတွင်တင်ထားသည်များကို ကိုယ်တိုင်ဖတ်ရန်အတွက် သာsaveခြင်းဖြစ်ပါသည်။ စာရေးသူက ဖျက်ခိုင်းလျှင် ပြန်ဖျက်ပါမည်။