- 2 -

12.8K 1.4K 27
                                    

ချစ်သူတွေဖြစ်ပြီးနောက်ပိုင်း တစ်ယောက်နဲ့တစ်ယောက်ကြား အရင်ကထက်ပိုပြီး ရင်းနှီးပွင့်လင်းလာတယ်။ ချန်းယောလ်ကဆိုတာ ဘတ်ဟျွန်းကို မျက်စိအောက်ကကို အပျောက်မခံတော့ဘူး။

ချန်းယောလ်က ကျောင်းသွားဖို့ မနက်တိုင်းလာခေါ်တာမို့ ဘတ်ဟျွန်းက အရင်လို ကားမှတ်တိုင်မှာ စောင့်ရမယ့်အစား အိမ်မှာပဲ စောင့်နေရတော့တယ်။ အဲ့ဒီအတွက် ချန်းယောလ်က မနက်တိုင်း စောစောပိုထရပြီးတော့ စက်ဘီးနင်းရတဲ့ အချိန်တွေလည်း ပိုလာတယ်။ အရင်ကဆို ကျောင်းသွားဖို့ မနည်းရိုက်ပုတ်နှိုးရတဲ့သူက အခုတော့ အစောကြီးထပြီး ကျောင်းသွားနေလို့ မေမေနဲ့ ညီမလေးက အံ့သြတကြီးနဲ့။ ချန်းယောလ်ကို ဒီလိုပြောင်းလဲအောင်လုပ်နိုင်တဲ့ ဘတ်ဟျွန်းကို တွေ့ချင်တယ် လုပ်နေကြလို့ မနည်း တားထားရတယ်။

ခြံရှေ့ကနေ စက်ဘီးဘဲလ်သံလေး ပေးလိုက်တာနဲ့ အိမ်ထဲက ပြေးထွက်လာတတ်တဲ့ ထောပတ်ပူတင်းတုံးလေး..။ သူ့ကိုတွေ့တာနဲ့ ပြုံးရယ်နေတတ်တဲ့ ကောင်လေးကြောင့် ချန်းယောလ်မှာ အမောတွေပြေရတယ်။

" မောနင်း .. ဘတ်ဟျွန်းနီ "

" မောနင်း .. ချန်း ... "

စာအုပ်တွေကို ခြင်းထဲထည့်၊ လူက နောက်ခုံမှာတက်ထိုင်ပြီးတာနဲ့ လက်ကလေးတွေက ချန်းယောလ်ခါးပေါ် ရောက်ပြီးသား။ ချန်းယောလ်ကလည်း အဲ့ဒီလက်ကလေးတွေ ခါးပေါ်ရောက်တာ သေချာမှ စက်ဘီးစ,နင်းလေ့ရှိတယ်။

" ကလေးတွေ .. စက်ဘီးကို သတိထားနင်းကြနော် "

" ဟုတ်ကဲ့ .. "

ဘတ်ဟျွန်းရဲ့မေမေက အိမ်တံခါးဝကနေ လှမ်းအော်တော့ နှစ်ယောက်သား ပြိုင်တူပြန်ဖြေရင်း ရယ်ဖြစ်ကြသေးတယ်။

" သား ချန်းယောလ် .. မင်းအတွက်ပါ နေ့လည်စာ ပိုထည့်ပေးလိုက်တယ်နော် "

" ဟုတ်ကဲ့ အန်တီ .. ကောင်းကောင်းစားပါ့မယ် "

" ဟျွန်းနီ .. ပြုတ်ကျမယ်နော်။ ချန်းယောလ်ကို သေချာကိုင်ထား "

NOSTALGIA [Completed]Donde viven las historias. Descúbrelo ahora