- 10 -

8K 1K 63
                                    

ကျောင်းပိတ်ပြီး သင်တန်းတက်ဖို့ စုံစမ်းခဲ့ပေမယ့် ချက်ချင်းတော့ မတက်ဖြစ်ကြသေးဘူး။ စာမေးပွဲဖြေပြီးပြီးချင်း စာမကြည့်ချင်ကြသေးတဲ့နေရာမှာ မတိုင်ပင်ဘဲ စိတ်ချင်းတူနေကြတဲ့ နှစ်ယောက်က ၁၅ ရက်လောက် အပီအပြင်အနားယူမယ်လို့ ကြိမ်းဝါးပြီး သင်တန်းကို လဝက်လောက် နောက်ဆုတ်ပစ်ခဲ့ကြတယ်။

အဲ့ဒါကြောင့် နှစ်ယောက်က အရင်လို မတွေ့ဖြစ်ကြတော့ဘဲ တစ်နေ့တစ်နေ့ video call ခေါ်လိုက်၊ ဖုန်းဆက်လိုက်နဲ့ပဲ အချိန်ကုန်နေတော့တယ်။ ပျင်းနေရင် ML ဆော့ဆိုပြီး ပိုးသွင်းထားတဲ့ ဘတ်ဟျွန်းကြောင့် ချန်းယောလ် ပျင်းချိန်တောင်မရ။ ကိုယ်တလွဲတွေလုပ်လို့ ဘတ်ဟျွန်းဆီက အဆူအဆဲခံရတာကလွဲရင် Game ထဲမှာပါ အတူတူရှိနေရလို့ ကျေနပ်ရတယ်။ ဆဲတော့လည်း ဘာဖြစ်လဲ။ ကိုယ့်သူငယ်ချင်း၊ ကိုယ့်ချစ်သူပဲ၊ ထူးပြီး နာမနေပါဘူး။

တစ်ခါတလေ ညနေခင်းလေးတွေ ဘတ်ဟျွန်းဆီကို သွားတွေ့ဖြစ်တယ်။ တစ်ခါတလေ ဟန်မြစ်ကမ်းဘေးမှာ စက်ဘီးတစ်ယောက်တစ်စီးနဲ့ ပတ်စီးကြတယ်။ တစ်ခါတလေ ညစျေးတွေလျှောက်လည်ရင်း အစားပေါင်းစုံ လျှောက်စားဖြစ်ကြတယ်။ ဒီလိုနဲ့ ချစ်သူဘဝက အမှတ်တရလေးတွေနဲ့ ပြည့်နှက်လာတယ်။

ဒီနေ့တော့ တခြားသူငယ်ချင်းတွေနဲ့ ချိန်းထားပြီးအပြန် လမ်းကြုံလို့ ဘတ်ဟျွန်းဆီ ဖုန်းဆက်ပေမယ့် သူက အိမ်မှာမရှိ။ သူ့အမေဆိုင် လိုက်ထိုင်ပေးနေတယ်ဆိုတာမို့ ဆိုင်ကိုပဲ တန်းလိုက်သွားလိုက်တော့တယ်။ ဘတ်ဟျွန်းရဲ့မေမေက လက်ဝတ်ရတနာဆိုင် ဖွင့်ထားတာဖြစ်ပြီး ဆိုင်ကို သူကိုယ်တိုင်ပဲ အုပ်ချုပ်တယ်။ မုဆိုးမ၊ သားတစ်ယောက်အမေ ဖြစ်ပေမယ့် လူမှုဆက်ဆံရေးကောင်းကာ စီးပွားရေးမှာ လည်လည်ဝယ်ဝယ်ရှိတာမို့ ဘတ်ဟျွန်းတို့ဘဝလေးက အဖေမရှိတော့ပေမယ့် ပြည့်ပြည့်စုံစုံရှိနေဆဲ။

ဆိုင်ထဲဝင်သွားတော့ ပစ္စည်းတွေထည့်ထားတဲ့ မှန်ပုံးလေးပေါ်ကို မေးထောက်ထိုင်နေတဲ့ အသည်းအသက်လေးကို တွေ့လိုက်ရတယ်။ ကျောင်းပိတ်မှ ဘာစိတ်ပေါက်လဲမသိ .. လူကိုတောင် မတိုင်ပင်ဘဲ ဘယ်တုန်းက သွားဆိုးထားလဲ မသိတဲ့ ဆံပင်အဖြူရောင်တို့က ခေါင်းပေါ်မှာ အခန့်သား။

NOSTALGIA [Completed]Where stories live. Discover now