စာသင်နှစ်စတာနဲ့ တပြိုင်နက် တက္ကသိုလ်တို့ရဲ့ ထုံးစံအတိုင်း Fresher Welcome တွေ စလာပြီ။ ဖျော်ဖြေပွဲတွေနဲ့အတူ စျေးရောင်းပွဲတော်တွေ၊ ပျော်ပွဲရွှင်ပွဲတွေ ပါတာမို့ ကျောင်းသားအားလုံး စိတ်လှုပ်ရှားနေကြတယ်။ ဂျုံအင်နဲ့ဆယ်ဟွန်းက Dance club ထဲပါတာကြောင့် ဒီနှစ်လည်း သူတို့ဝင်ကဖို့ ရှိတာမို့ အတန်းပြီးတာနဲ့ အကတိုက်မယ်ဆိုပြီး အမြဲလစ်သွားကြလေရဲ့။
ချန်းယောလ်ကတော့ ဘယ်ထဲမှကို မပါတော့ဘူး။ အရင်နှစ်တွေတုန်းကတော့ ဂစ်တာတစ်လက်နဲ့ သီချင်းတက်ဆိုဖြစ်ပေမယ့် ဒီနှစ်တော့ စိတ်မပါ။ စိတ်မပါတာထက် ဘတ်ဟျွန်းနီအနားပဲ ကပ်နေချင်တာက အဓိက အချက်ပင်။ ဘတ်ဟျွန်းကိုတော့ အတန်းထဲက ဟိုဟိုဒီဒီ Group တွေက ခေါ်ကြပေမယ့် သူကိုယ်တိုင်က ဘယ်ထဲမှ မပါချင်တာကြောင့် အားနာနာနဲ့ပဲ ငြင်းလွှတ်လိုက်ရတယ်။
" ချန်းရော .. ဘယ်အဖွဲ့ထဲမှ မပါတော့ဘူးလား "
" မပါတော့ဘူး .. မင်းအနားမှာပဲ နေတော့မှာ "
" ငါ့ကြောင့်နဲ့တော့ ကိုယ့်ကိုယ်ကိုယ် ချုပ်နှောင်မထားနဲ့နော်။ ချန်း ပျော်မယ်ထင်တာလုပ်။ မထိခိုက်ရင် ပြီးရော "
ဆိုတော့ ချန်းယောလ်ကရယ်ရင်း ထုံးစံအတိုင်း ဘတ်ဟျွန်းရဲ့ ခေါင်းလုံးလုံးလေးက ဆံပင်တွေကို ဆွဲဖွတယ်။
ဘတ်ဟျွန်းကတော့ Welcome နေ့ကိုတောင် ပျင်းတယ်၊ မလာချင်ဘူး လုပ်နေလို့ အတင်းတောင်းပန်ပြီး ခေါ်ထားရတယ်။ ကျောင်းလာမှ တွေ့ခွင့်ရမယ် မဟုတ်ဘူးလား။အဲ့ဒီနေ့ရောက်တော့ ချန်းယောလ်က လက်ကိုဆွဲပြီး သူတို့ကျောင်းက မုန့်ရောင်းပွဲတော်ကို ပတ်ပြတယ်။ သူ့အသိတွေကျွေးတာ ဝင်စား၊ ဟိုဟာဒီဟာဝင်မြည်းနဲ့ နှစ်ယောက်လုံးလည်း ဗိုက်တော်တော်လေးနေပြီ။
" ဘယ်လိုလဲ .. လာကြည့်တော့လည်း ပျော်ဖို့ကောင်းတယ်ဟုတ် "
ပုခုံးသာသာပဲရှိတဲ့ ကောင်လေးကို ငုံ့ကြည့်ရင်းပြောတော့ ပြန်မော့ကြည့်ရင်း ပြုံးပြခေါင်းညိတ်လာတဲ့ အချစ်ကလေး..။ အသဲယားစွာပဲ ဆံပင်အိအိတွေကို ခပ်ကြမ်းကြမ်း ဆွဲဖွပစ်တာတောင် အရယ်မပျက်တော့ ပိုပြီး မြတ်နိုးရတယ်။
ဘတ်ဟျွန်းနီက စိတ်ဆိုး၊ စိတ်ကောက် မလုပ်တတ်သလို အရစ်သန်တဲ့ ကောင်လေးလည်း မဟုတ်ဘူး။ ချစ်သူဆိုတဲ့ သက်ဆိုင်မှုအောက်မှာ သူများတွေလုပ်လေ့ရှိတဲ့ ချုပ်ချယ်ကန့်သတ်မှုတွေလည်း မထားဘဲ အရင်လိုပဲ လွတ်လွတ်လပ်လပ်ရှိစေရင်း ချစ်ပေးတယ်။ အဲ့ဒီအစား သူပြောထားတဲ့ စကားတစ်ခွန်းရှိတယ်။
' ချန်းကို ယုံကြည်နားလည်ပေးထားတယ်။ ခွင့်မလွှတ်နိုင်ဆုံး လုပ်ရပ်က သစ္စာဖောက်တာပဲ။ အဲ့ဒီအခါကျ ဒုတိယအခွင့်အရေးဆိုတာ မရှိဘူး ချန်း။ ချန်းကို ချစ်တယ် ' တဲ့။
တစ်ခါဆို တစ်ခါပဲ။ အဲ့ဒီစကားပြောတဲ့ တစ်ကြိမ်ပဲ ဘတ်ဟျွန်းဆီက ချစ်တယ်ဆိုတဲ့စကားကို ကြားဖူးသေးတယ်။
ESTÁS LEYENDO
NOSTALGIA [Completed]