- 32 -

8.7K 1.1K 222
                                    

" Privé ရဲ့ ဒါရိုက်တာ ဗြောင်ဘတ်ဟျွန်းပါ
တွေ့ရတာဝမ်းသာပါတယ် ပတ်ချန်းယောလ်ရှိ "

မတ်တပ်ရပ်နှုတ်ဆက်ရင်း လက်ဖဝါးတစ်ဖက် ကမ်းပေးလိုက်တော့ မောင်က တုံ့ဆိုင်းခြင်းမရှိ ပြန်လည်ဆုပ်ကိုင်လာတယ်။

စိတ်လှုပ်ရှားမှုကြောင့်လား ဒေါသကြောင့်လား မသိပေမယ့် အရင်လိုပဲ မောင့်လက်ဖျားတွေက အေးစက်နေဆဲ။ မျက်ဝန်းချင်းဆုံတဲ့အချိန် မောင့်မျက်နှာကို စက္ကန့်မလပ် အကဲခတ်လိုက်ပေမယ့် ဘာမှမဖြစ်သလို ရယ်ပြုံးပြနေတော့ ကိုယ့်မှာ ရင်မောသွားလိုက်ရတာ။ 

အနည်းဆုံးတော့ တုန်လှုပ်သွားတာဖြစ်ဖြစ်၊ စိတ်ဆိုးပြီး စာချုပ်ဖျက်သိမ်းသွားတာဖြစ်ဖြစ် လုပ်လိမ့်မယ် ထင်ထားခဲ့ပေမယ့် ပုံမှန်လုပ်ငန်းကိစ္စနဲ့ တွေ့သလိုပဲ ပြောဆိုစရာရှိတာပြော၊ လက်မှတ်ထိုးပြီး ထပြန်လေတော့ အရမ်းမျှော်လင့်နေမိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်ဖို့မိတော့တယ်။

' မောင်က အရင်လို မဟုတ်တော့ဘူး .. '

ထွက်သွားတဲ့ ကားလေးကို တမေ့တမောငေးရင်း ကျန်ခဲ့တော့ လက်ထောက်ကလေးရှင်းက ဘေးမှာလာရပ်ရင်း မေးလာတယ်။

" ဘယ်လိုလဲ ဘော့စ် .. ၄ နှစ်အကြာ ပြန်လည်တွေ့ဆုံမှုက "

" အနည်းဆုံး အအော်ခံရရင် ခံရ၊ မဟုတ်ရင် အထိုးခံရဖို့ပါ တွေးထားတာ "

ဘတ်ဟျွန်းရဲ့စကားမှာ ရှင်းလေးက ထွက်သွားတဲ့ ကားနောက်မှီးလေးကို ကြည့်ရင်း ထပ်ပြောလာတယ်။

" အဲ့လိုလုပ်သွားတာမှ ခံသာဦးမယ်။ ဒီအခြေအနေကြီးက ပိုကြောက်ဖို့ကောင်းနေသလိုပဲ "

" မင်းတောင်သိတယ်။ ငါတော့ မလွယ်ဘူး ရှင်းရေ "

ပြောပြောဆိုဆို သက်ပြင်းအရှည်ကြီး ချမိသွားတယ်။ အစကတည်းက လွယ်မှာမဟုတ်ဘူးဆိုတာ သိပြီးသားဆိုတော့ ထူးပြီးတော့လည်း မောမနေတော့ပါဘူး။

ဒီအခြေအနေရောက်အောင်တောင် ဇွဲကြီးခဲ့သေးတာ။ မောင့်ကိုပြန်ရဖို့ဆို ဒီထက်မကပင်ပန်းလည်း ကြိုးစားရမှာပေါ့။

NOSTALGIA [Completed]Where stories live. Discover now