'မောင် ဒီနေ့လည်း ကျောင်းမလာနိုင်သေးဘူး အသက်။ လွမ်းနေနော်။ ချစ်တယ် ♥︎'
မိုးလင်းလင်းခြင်း တွေ့ရတဲ့ message လေးက ဖုန်း screen ပေါ်မှာ အခန့်သား..။
ဒီနေ့နဲ့ဆို မောင် ကျောင်းကိုရောက်မလာတာ ၄ ရက်ရှိပြီ။ ဒါပေမဲ့လည်း သူအားရင် အားသလို ဖုန်းအဆက်အသွယ်လေးတော့ လုပ်လို့ တော်သေးတယ်။ ကိုယ့်ဘက်ကတော့ တစ်ခါမှစပြီး မဆက်သွယ်ဖြစ်ခဲ့ဘူး။ လွမ်းလှသော်လည်း သူအလုပ်ပျက်မှာ စိုးရသည်မို့..။
ကိုယ်လုပ်နိုင်တာ ဒီအတိုင်း သူ့ကိုထိုင်စောင့်ရုံသာ။ ကိုယ့်အတွက်နဲ့တော့ သူအနှောင့်အယှက် မဖြစ်စေချင်ဘူး။ ကူညီဖော်မရရင်တောင် အလိုက်ကန်းဆိုးမသိတဲ့ ချစ်သူတော့ မဖြစ်ချင်ခဲ့တာ အမှန်ပဲ။
ညဘက် msg ပို့ဖို့ ပထမဆုံး ပျက်ကွက်ခဲ့ပြီး နောက်နေ့မနက်မှာ မောင်က ချက်ချင်းချော့ပြီး နောက်နေ့တွေမှာတော့ ည ၁၁ နာရီတိုင်း ပုံမှန် စာလေးတွေ ပို့လာလေရဲ့။
တကယ်ဆို ဘတ်ဟျွန်း စိတ်မဆိုးခဲ့ပါဘူး။ မောင့်အခြေအနေကို အပြည့်အဝ နားလည်နိုင်တာမို့ msg လေးတစ်စောင်အတွက် ဝန်မပိစေချင်ကြောင်း ဖုန်းဆက်ပြောဖြစ်ခဲ့တော့ မောင်က အထပ်ထပ်အခါခါ ချစ်တယ်လို့ ပြောသွားခဲ့တယ်။
၅ ရက်မြောက်နေ့မှာတော့ အိမ်ရှေ့မှာ သူဟာ ပုံမှန်အတိုင်း ရောက်နေခဲ့ပြီ။ သူ့စက်ဘီးနောက်မှာ ထိုင်လိုက်ရင်း သူ့ခါးကိုဖက်တွယ်လို့ လွမ်းနေရတဲ့ ကိုယ်သင်းရနံ့ကို အဆုတ်ထဲရောက်တဲ့အထိ ရှုရှိုက်လိုက်မိတယ်။
နောက်ထပ် ဘယ်နှရက် ထပ်ဝေးရမှန်း မသိနိုင်လို့ အနားမှာရှိတုန်း တစ်စက္ကန့်လေးတောင် ခွာမနေချင်ဘူး။ ကျောင်းလမ်းမက မောင်အနားမှာရှိနေမှ ပိုနီးနေသလိုပဲ။ ရက်ပိုင်းလေး ခွဲနေရတာတောင် နေသားမကျလိုက်တာ။ မောင်နဲ့များ ဝေးသွားခဲ့ရင်ဆိုတဲ့ အဖြစ်ကို ယောင်လို့တောင် တွေးမကြည့်ရဲဘူး။
" မောင် ဒီအတိုင်း အတန်းတွေ ထပ်ပျက်နေမယ်ဆို ဘယ်လိုလုပ်မလဲ "
YOU ARE READING
NOSTALGIA [Completed]