အားလုံးရဲ့မျက်နှာပေါ်က အပြုံးတွေ အတောက်ပဆုံးနဲ့ အပျော်ရွှင်ဆုံးဖြစ်တဲ့နေ့ဟာ ဘွဲ့ယူတဲ့နေ့ဖြစ်ခဲ့တယ်။ ကျောင်းတက်တဲ့တလျှောက် ရရှိခဲ့တဲ့ ပျော်ရွှင်မှုတွေ၊ ရင်ခုန်မှုတွေ၊ ရန်ပွဲလေးတွေ၊ ချစ်သူတွေ၊ သူငယ်ချင်းတွေနဲ့အတူ ပြေးလွှားရင်း အချိန်တွေကုန်ဆုံးခဲ့တဲ့ ဒီကျောင်းဝန်းကြီးဟာ ဘဝရဲ့ပျိုမျစ်နုနယ်ချိန်တွေကို အလှပဆုံးကျော်ဖြတ်ခဲ့တဲ့ အမှတ်တရနေရာအဖြစ် ရှိနေမှာ အသေအချာ။ ဆင်တူဝတ်ရုံလေးတွေဝတ်လို့ ပန်းစည်းတွေနဲ့ ဘွဲ့လက်မှတ်လေးတွေ ကိုယ်စီကိုင်ထားပြီး တောက်ပတဲ့အပြုံးတွေနဲ့ ဓါတ်ပုံလေးတွေဟာ သူတို့အခန်းထဲက ချိတ်ဆွဲထားတဲ့ ကြိုးလေးတွေမှာ တိုးလာခဲ့တယ်။
ဘွဲ့ရပြီးတဲ့အထိ အလုပ်မဝင်သေးတဲ့ ဘတ်ဟျွန်းဟာ အေးအေးဆေးဆေးရှိနေဆဲ။ တချို့ညနေခင်းတွေဆို ချန်းယောလ်က လာခေါ်တတ်သလို တစ်ခါတလေဆို ဘတ်ဟျွန်းကပဲ ချန်းယောလ်ရဲ့ရုံးဆင်းချိန်ကို သွားကြိုပြီး ညနေစာ အတူစားတာဖြစ်ဖြစ်၊ ကော်ဖီဆိုင်တစ်ခုခုမှာ အချိန်ဖြုန်းပြီးတော့မှဖြစ်ဖြစ် အိမ်ပြန်လေ့ရှိကြတယ်။
မန်နေဂျင်းဖြစ်တဲ့ ချန်းယောလ်ကတော့ စားပွဲမှာ ငုတ်တုတ်ထိုင်ပြီး လုပ်ရတဲ့အလုပ်အပြင် စက်ရုံတွေကအစ ကုန်တိုက်တွေအထိ သူကိုယ်တိုင်စစ်ဆေးရမှ ကျေနပ်တတ်တဲ့သူဆိုတော့ ပင်ပန်းတာက သူများထက် ၂ ဆ။ အခုလည်း လက်အောက်က shopping mall တစ်ခုမှာ အုပ်ချုပ်ရေးဆိုင်ရာဝန်ထမ်းတွေခေါ်ပြီး လှည့်ပတ်စစ်ဆေးနေပြန်တယ်။
တည်ကြည်ပြတ်သားတဲ့ မျက်နှာနဲ့အတူ စူးရှတဲ့အကြည့်တွေနဲ့ လိုက်စစ်ဆေးပြီး လိုအပ်တာတွေ မှာကြားနေတဲ့ လူငယ်လေးဟာ မြင်လိုက်တာနဲ့ စည်းကမ်းတင်းကြပ်တဲ့သူမျိုးဆိုတာ သိသိသာသာ။ မြင့်မားတဲ့ အရပ်အမောင်း၊ တောင့်တင်းတဲ့ခန္ဓာကိုယ်၊ ချောမောပြေပြစ်တဲ့ မျက်နှာနဲ့ သူဌေးလေးဟာ အရွယ်သုံးပါးသော အမျိုးသမီးတွေကို သမင်လည်ပြန်ငေးအောင်လည်း စွမ်းဆောင်နိုင်ပါရဲ့။ ဒီအမျိုးသားလေးမှာ ဆိုင်သူများရှိမနေရင် သူတို့ဖြစ်လိုက်ချင်ပါရဲ့ဆိုတဲ့ အတွေးတွေကလည်း ရှိနေမှာအသေအချာပဲ။
YOU ARE READING
NOSTALGIA [Completed]