- 6 -

8.5K 1.1K 41
                                    

ကျောင်းအားကစားခန်းမထဲမှာ ဆယ်ဟွန်းကလွဲရင် ကျန်တဲ့ ၃ ယောက် အတူတူရှိနေကြတယ်။ ဘတ်စကတ်ဘောဝတ်စုံကိုယ်စီနဲ့ ချွေးတလုံးလုံး ပြေးလွှားဆော့နေတာ တော်တော်ကြာနေပြီမို့ ဘတ်ဟျွန်းလည်း မောနေပြီ။ တကယ်တော့ ဘတ်ဟျွန်းက အားကစားလုပ်ရတာ သိပ်သဘောကျတဲ့သူမျိုး မဟုတ်ဘူး။ ချန်းယောလ်ကတော့ အစုံသမား..။ သူလုပ်ချင်တာဆို ကျွမ်းကျင်တဲ့အထိ ဇွဲကြီးကြီး လုပ်တတ်တယ်။ အခုလည်း သူနဲ့အတူ လိုက်ဆော့ပါ၊ သင်ပေးပါမယ်ဆိုပြီး ဂျီကျနေတဲ့ ချန်းယောလ်ကြောင့် သူပါ ဘတ်စကတ်ဘောကွင်းထဲ ရောက်နေရတာ။

ဒီနေ့ ဂျုံအင်ကစားတာ အရမ်းကြမ်းနေတယ်လို့ ချန်းယောလ်တွေးနေမိတယ်။ ကိုယ်တွေအချင်းချင်းက လူကောင်ကြီးကြီးတွေနဲ့ အရင်ကတည်းက ကြမ်းကြမ်းရမ်းရမ်း ကစားနေကျမို့ ပြဿနာမရှိပေမယ့် ဘတ်ဟျွန်းအတွက်က သိပ်အဆင်မပြေလှဘူး။ အခုမှ စဆော့တဲ့သူကို အလျှော့မပေးဘဲ အတင်းဖြတ်လုပြီး တစ်ဂိုးပြီးတစ်ဂိုး ဆက်တိုက်သွင်းနေတယ်။

အခုလည်း ချန်းယောလ်လက်ထဲရောက်နေတဲ့ ဘောလုံးကို အတင်းတိုးတိုက်လုယူတော့ ရုတ်တရက်မို့ ဟန်ချက်ပျက်သွားပြီး ချန်းယောလ် လဲကျသွားတော့တယ်။

" ချန်း .. "

ဘတ်ဟျွန်းက စိုးရိမ်နေတဲ့ မျက်ဝန်းလေးနဲ့ အနားကို အလျှင်အမြန်ရောက်လာပြီး ဆွဲထူပေမယ့် ချန်းယောလ်က လက်ကာပြပြီး ကြမ်းပြင်ပေါ် မှာပဲ ပစ်လှဲချလိုက်တော့တယ်။

" ခဏ နားကြရအောင် "

နိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့ ရင်ဘတ်က ဘယ်လောက်မောနေလဲ သိသာနေသလို ဘတ်ဟျွန်းလည်း အတော်မောနေပြီမို့ လက်စနဲ့ ချန်းယောလ်လှဲနေတဲ့ ဘေးမှာပဲ ဝင်ထိုင်နေလိုက်တယ်။ ဂျုံအင်ကတော့ ဘောလုံးတစ်လုံးနဲ့ ကွင်းပတ်လို့ကောင်းတုန်း..။

" သူဘာဖြစ်နေတာလဲ "

ချွေးတွေရွှဲနေတာတောင် ခေါင်းမာမာဆက်ပြေးနေတဲ့ ဂျုံအင်ကို ကြည့်ရင်းမေးတော့ သူလည်း မသိဘူးဆိုတဲ့ပုံနဲ့ ပုခုံးတွန့်ပြတယ်။

NOSTALGIA [Completed]Where stories live. Discover now