- 4 -

9.7K 1.3K 31
                                        

ချန်းယောလ်နဲ့ဘတ်ဟျွန်းက အတန်းတူပေမဲ့ ခုံနံပါတ်တော့ တော်တော်လေးဝေးတယ်။ အဲ့ဒါကြောင့် Presentation တွေလုပ်ဖို့ အဖွဲ့တွေခွဲတဲ့အခါ Group မတူတော့ဘူး။ ဘတ်ဟျွန်းကို မျက်စိအောက်က အပျောက်မခံချင်တဲ့ ချန်းယောလ်အတွက်တော့ Presentation အတွက် အုပ်စုလိုက် စာတွေရှာ၊ အချင်းချင်း ဆွေးနွေးတိုင်ပင်နေရတဲ့ အချိန်တွေဟာ တကယ့်ကို ငရဲပဲ။ ဒါတောင် စီးပွားရေးမေဂျာမို့ Pratical တွေမပါလို့ တော်သေးတယ်။ Pratical ချိန်တွေပါ ခွဲနေရရင်ဖြင့် ချန်းယောလ် ကိုယ့်အဖြစ်ကိုယ် မတွေးရဲ။

အခုတော့ ကျောင်းသွားကျောင်းပြန်တဲ့ အချိန်ရယ်၊ အတန်းတက်နေတဲ့ အချိန်နဲ့ ထမင်းစားတဲ့အချိန်ပဲ ကျောင်းမှာဆုံခွင့်ရတော့တယ်။ အရင်လို ဘတ်ဟျွန်းဘေးမှာ တောက်တဲ့လိုကပ်နေတဲ့ ချန်းယောလ်ကို မတွေ့ရတော့ဘူး။

အဲ့ဒီအစား ခပ်ဝေးဝေးကနေ ဘတ်ဟျွန်းကို ပြာကျမတတ် လှမ်းကြည့်နေတဲ့ နဂါးမျက်စောင်းကြီးကိုတော့ အမြဲတွေ့နေနိုင်တယ်။ အခုလောလောဆယ်တော့ နေ့လည် ထမင်းစား braek တာမို့ ထမင်းတူတူစားနေကြရင်း မေးလိုက်မိတယ်။

" ဘတ်ဟျွန်းနီတို့ ခေါင်းစဥ်က ဘာလဲ "

" Transportation "

" ဘယ်အပိုင်းလဲ ..? "

" အကုန်ပေါ့ ချန်းရဲ့ .. လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း။ ကုန်းကြောင်းပို့ဆောင်ရေးမှာမှ မီးရထားလမ်း၊ ကားလမ်းကနေ Taxi အထိ "

" မဟုတ်ဘူးလေ .. ဘတ်ဟျွန်းနီ လေ့လာရမယ့်အပိုင်းကို မေးနေတာ "

" ကုန်းကြောင်း "

" ဟာ .. အဲ့ဒါလွန်တာပေါ့။ ကုန်းကြောင်းဆို ကားပါမယ်။ ရထားပါမယ်။ ရထားတောင် မြေပေါ်မြေအောက် ခွဲထားသေးတယ်။ ဒီကြားထဲ Taxi တွေ၊ Grab တွေ ပါဦးမယ်။ မင်းတစ်ယောက်တည်း ဒါတွေရှာရမယ်ဆို နည်းနည်းတော့ .. နည်းနည်းမဟုတ်ဘူး တော်တော်ကို များနေပြီ။ ပြီးရင် ဒေတာစုဖို့လည်း ရုံးတကာရုံးသွားရဦးမယ် "

" ဒါကို ဘယ်သူ ခွဲပေးတာလဲ။ ဟိုကောင် မင်ဂျေးမလား..? အဲ့ကောင် ကိုယ့်ကိုသိပ်မကြည်တာနဲ့ မင်းကို သက်သက်လုပ်တာ၊ ကိုယ်သိတယ်။ စားပြီးရင်တွေ့မယ် "

NOSTALGIA [Completed]Tahanan ng mga kuwento. Tumuklas ngayon