စာမေးပွဲပြီးသွားတော့ ချန်းယောလ်က သူ့အလုပ်မှာပဲ အပြည့်အဝ အာရုံပြန်စိုက်နေပေမယ့် ဘတ်ဟျွန်းကတော့ ဘာမှမလုပ်ဘဲ အိမ်မှာနေလိုက်၊ သူ့အမေဆိုင် လိုက်ထိုင်လိုက်နဲ့ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေလေရဲ့။ ဘာအစီအစဥ်မှ မရှိဘူးလားလို့ မေးကြည့်တော့လည်း ဒုတိယနှစ်ဝက်ပြန်တက်ရင် Survey ဆင်းရမှာတွေ၊ internship တွေ၊ term paper တွေကြောင့် ပင်ပန်းမှာမို့ အခွင့်အရေးရတုန်း နားထားတာတဲ့။
Saturday/Sunday ပိတ်ရက်တွေမှာ ချန်းယောလ်နဲ့ ပြေးတွေ့တယ်။ တစ်ခါတလေ ကြားရက်တွေမှာ ချန်းယောလ်က အလုပ်ဆင်းရင် အိမ်ထိလာခေါ်တတ်ပြီး တစ်ခုခု သွားစားတတ်ကြတယ်။ အတူဆုံနေတဲ့ အချိန်တွေဆို အပြင်ထွက်ရတာ မကြိုက်တဲ့ ဘတ်ဟျွန်းအတွက် အိမ်ထဲမှာပဲ အချိန်ဖြုန်းလို့ရအောင် အခန်းလေးကို အတူတူပြင်ဆင်ကြဖို့ တိုင်ပင်ရင်း အစီအစဥ်ဆွဲဖြစ်ကြတယ်။
*****
OST - You are my garden by Jeong Eun Ji 👆👆
1st Weekပထမဆုံး အိမ်စပြင်မယ့်နေ့မှာ မနက်ကတည်းက လိုအပ်မယ့်ပစ္စည်းတွေကို အတူတူလိုက်ဝယ်ကြတယ်။
' မောင် .. wallpaper တွေကို အဖြူလေးပဲသုံးမှာနော် '
' အင်းပါ အသက်ရဲ့ .. '
တစ်ယောက်နဲ့တစ်ယောက် အော်လိုက်၊ စလိုက်၊ လူကို ကော်တွေ၊ ဆေးတွေနဲ့ လိုက်သုတ်နေတဲ့ ချန်းယောလ်ကြောင့် စိတ်တွေဆိုးလိုက်၊ အနမ်းတွေနဲ့ လိုက်ချော့တဲ့အခါ စိတ်မပြေချင်ယောင်ဆောင်ပြီး ခိုးပြုံးလိုက်နဲ့ wallpaper အသစ်ကပ်ခြင်းက ပထမတစ်ပါတ်ထဲမှာပဲ မြန်မြန်ဆန်ဆန်ပြီးသွားတယ်။
ဘာစိတ်ကူးပေါက်လဲ မသိ..။ ချန်းယောလ်က အပြာရောင် ဆေးဘူးတစ်ဘူးဝယ်လာပြီး သူတို့လက်ဖဝါးတွေမှာ သုတ်ပြီး အိပ်ခန်းနံရံဖြူဖြူမှာ လက်ဖဝါးရာလေးနှစ်ခုကို ရိုက်နှိပ်ထားသေးတယ်။ အခုဆို အကြီးအသေးမတူတဲ့ အပြာရောင် လက်ရာလေးနှစ်ခုက အိပ်ခန်းနံရံထက်မှာ အခန့်သား..။
YOU ARE READING
NOSTALGIA [Completed]