- 13 -

7.2K 939 52
                                    

အေးစက်တဲ့လေက ဆောင်းဦးကို ပုံဖော်လို့ မေပယ်ရွက်တို့ နီစေပြီ။ ကျောင်းလမ်းမတလျှောက် အတူယှဥ်တွဲလျှောက်နေတဲ့ ခြေလှမ်းတွေ တက်ကြွလန်းဆန်းနေတာက နောက်ဆုံးနှစ်ကျောင်းသားဆိုတဲ့ ဂုဏ်ပုဒ်ကြောင့်လား၊ ဒါမှမဟုတ် ချစ်သူနံဘေးမှာ အချိန်ပြည့် ပြန်ရှိနိုင်တော့မယ့် အရေးတွေးပြီး ပျော်နေသလားဆိုတာကတော့ ကိုယ်တိုင်မှပဲ သိနိုင်လိမ့်မည်။

" ဒီလက်တွေက ဒီအချိန်ရောက်တိုင်း အမြဲအေးနေတော့တာပဲ "

ပြောပြောဆိုဆို အေးစက်နေတဲ့ လက်ဖျားတွေကို ကုတ်အင်္ကျီထဲထိုးထည့်ပြီး ဆုပ်ကိုင်ပေးလာတာမို့ လက်ဖျားတွေ နွေးထွေးသွားရုံသာမက နှုတ်ခမ်းဖျားတွေပါ ကွေးညွတ်သွားတော့တယ်။

" ဒီနေ့ ဘာနေ့လဲသိလား အသက် .. "

မျက်နှာချင်းဆိုင်ရပ်လို့ မေးတော့ မျက်လွှာလေးဝင့် မော့ကြည့်တယ်။

" မောင်နဲ့ ပထမဆုံး စတွေ့တဲ့နေ့ "

ရွှန်းရွှန်းစားစားကြည့်ရင်း ပြောလာတဲ့ ကောင်လေးရဲ့နဖူးကို နှုတ်ခမ်းတွေနဲ့ ဖွဖွ ထိကပ်မိတယ်။

ချစ်တယ်အသက်။

ပြီးတော့ .. ကျေးဇူးလည်းတင်တယ်။ မောင်တို့ရဲ့ ပထမဆုံး ပတ်သတ်မှုလေးကို အမှုမဲ့အမှတ်မဲ့ မေ့မပစ်ခဲ့လို့။

" မောင် မြင်မြင်ချင်းချစ်ခဲ့တာ ထင်တယ် .. "

ခြေလှမ်းတွေကို ပြန်ဆက်ရင်း လမ်းမတစ်လျှောက် စကားသံတို့က တိုးဖွဖွ..။

" ၁၀ စက္ကန့်လောက် အကြည့်ချင်းဆုံလိုက်ပြီး ဒီကောင်လေးကို ငါစောင့်နေခဲ့တာပဲ။ ဒီကောင်လေးနဲ့ဆို တစ်သက်လုံး အတူရှိသွားနိုင်တယ်လို့ မောင်တွေးနေခဲ့တာ "

" ကျေးဇူးတင်ပါတယ် ..
ဘတ်ဟျွန်းနီကိုပဲ ကြည့်နေပေးခဲ့လို့ .. "

" မောင့်ဆီရောက်လာပေးလို့ မောင်ကလည်း ကျေးဇူးတင်ပါတယ် "

နေရောင်ဖျော့ဖျော့အောက်က ချစ်ခြင်းတရားက လှလှပပလေး တောက်ပနေလေရဲ့..။


NOSTALGIA [Completed]Where stories live. Discover now