(OST - A Tearfull Farewell by Im Hanbyeol 👆)
" ငါ ဒီနိုင်ငံက ထွက်သွားတော့မယ် "
အဲ့ဒီစကားအဆုံး ချန်းယောလ်က အံ့သြသွားသလို၊ ဘာတွေပြောနေမှန်း နားမလည်သလိုနဲ့ ငြိမ်သက်သွားတယ်။
" အသက် ဘာပြောနေတာလဲ "
မျက်နှာလေးကို လိုက်ကြည့်ပြီး မေးသော်လည်း ဘတ်ဟျွန်းက မျက်နှာလွှဲထားဆဲ။ မျက်နှာလေးကို ဆွဲလှည့်ပြီး တည့်တည့်ကြည့်စေတော့ မျက်ဝန်းလေးတွေက အရည်ကြည်တွေ ဝေ့သီလို့။
" ငါထွက်သွားတော့မယ် .. "
" အသက် စိတ်ပြေလက်ပျောက် ခရီးထွက်မလို့လား။ ရတယ်လေ၊ မောင်လည်း လိုက်မယ်။ မောင်လိုက်ပို့မှာပေါ့ "
'ထွက်သွားမယ်' ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်ကို နားမလည်လို့ ဒီလိုတွေပြောနေလား မသိပေမယ့် ချန်းယောလ်ရဲ့ အသံတွေကတော့ တုန်နေတယ်။
" မဟုတ်ဘူး မောင် .. "
" အသက် ဒီရက်ပိုင်း ပင်ပန်းနေတာ မောင်သိတယ်။ မောင်တောင်မှပဲ အသက်ကို ခရီးလိုက်ပို့မလို့ စဥ်းစားနေတာ "
ချန်းယောလ်က ဘတ်ဟျွန်းကို စကားအပြောမခံဘဲ သူပြောချင်တာတွေပဲ စွတ်ပြောနေတယ်။ ဒါပေမဲ့ မျက်လုံးဝိုင်းဝိုင်းတွေက ဂနာမငြိမ်သလို အသံတွေကလည်း ပြတ်တိပြတ်တောင်း။
" US မှာ ငါ့ဦးလေးရှိတယ်။ အားလုံးစီစဥ်ပြီးပြီ။ ကျောင်းဆက်တက်ရင်း အလုပ်လုပ်မှာ "
" အသက် .. "
ပုခုံးလေးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပေမယ့် ဘတ်ဟျွန်းကတော့ ဒီစကားတွေကို အခုပြောမှ ဖြစ်တော့မလို ဆက်တိုက်ကိုပြောနေတယ်။
" နောက် ၁၀ ရက်နေရင် သွားရတော့မယ် "
" ...... "
" ဘယ်လောက်ကြာမလဲ မပြောတတ်ဘူး။ ၃ နှစ်လည်း ဖြစ်နိုင်တယ်၊ ၅ နှစ်လည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါမောင့်ဆီကို သေချာပေါက်ပြန်လာမှာ "
![](https://img.wattpad.com/cover/213394634-288-k864799.jpg)
YOU ARE READING
NOSTALGIA [Completed]