- 12 -

7.9K 940 28
                                        

သင်တန်းက တစ်ပါတ်နှစ်ရက်မို့ ကျန်တဲ့ အားနေတဲ့ရက်တွေမှာ ချန်းယောလ်ဟာ တစ်စက်လေးမှ အငြိမ်မနေ။ Bowling ပစ်မယ်ဆိုပြီး အသည်းအသန် မနားမနေဆော့တယ်။ Bowling အဖွဲ့ထဲက အစ်ကိုတွေနဲ့ ပြိုင်ပွဲအသေးစားလေးတွေ စိန်ခေါ်ပြီး အဲ့ဒီအတွက်လည်း ဇွဲကြီးကြီးလေ့ကျင့်တယ်။ နိုင်တဲ့အခါရှိသလို ရှုံးတဲ့အခါတွေလည်း ရှိပေမယ့် အနှီပတ်ချန်းယောလ်က ရှုံးတာကို တစ်စက်လေးမှမကြိုက်။

သူ အကောင်းဆုံးကြိုးစားသလို သူ့အတွက် ရလဒ်ဟာလည်း အမြဲပထမပဲ ဖြစ်ချင်တဲ့သူမျိုးမို့ သူ့ရဲ့ဘယ်နေရာမဆို အနိုင်ရချင်တဲ့စိတ်က အတော်လေးစိတ်ပင်ပန်းစေတာကို နားလည်တဲ့ ဘတ်ဟျွန်းက အနားကနေ ဖြောင့်ဖြရတယ်။ နောက်တော့ အတူလိုက်ဆော့ပါဆိုပြီး တဂျီဂျီလုပ်လို့ အားနေတဲ့အတူတူ လိုက်ဆော့ပေးဖြစ်သေးတယ်။ ဒါပေမဲ့ မကြာပါဘူး၊ ချန်းယောလ်လက်နာသွားတာနဲ့ နှစ်ယောက်သား မဆော့ဖြစ်တော့ဘဲ အတူတူနားလိုက်ရပြန်တယ်။

အခုလည်း ပျင်းတယ်၊ အပြင်ထွက်မယ်ဆိုပြီး အိမ်မှာ Game ဆော့နေတဲ့သူကို scooter တစ်စီးနဲ့ လာခေါ်ပြန်တယ်။

" ဘယ်သွားပြီး ဘာလုပ်မှာလဲ "

" ဟင့်အင်း .. သိဘူး။ ခြေဦးတည့်ရာပဲ "

" လုပ်ပြန်ပြီ ပတ်ချန်းယောလ်ရေ .. "

ချန်းယောလ်က အမြဲ အဲ့လိုလာခေါ်တယ်။ ပြီးရင် ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ အိမ်နားက ကစားကွင်းထဲမှာ ငုတ်တုတ်ထိုင်ပြီး ပြန်သွားတာရှိသလို လမ်းထိပ်က စတိုးဆိုင်ရှေ့က စားပွဲမှာ ခေါက်ဆွဲပြုတ်စားပြီး ပြန်သွားတာမျိုးလည်း ရှိတယ်။ လမ်းကြုံလို့ ဝင်လာတိုင်း သူ့မှာ ဘာလုပ်မယ်ဆိုတဲ့ အတွေးမရှိဘူး။ ပြောတော့ပြောပါတယ် ဒီတိုင်း တွေ့ချင်လို့တဲ့..။

" အဝတ်အစား မဝယ်တာကြာပြီ။ ကျောင်းလည်း ပြန်တက်ရတော့မှာဆိုတော့ မောင်တို့ စျေးဝယ်ထွက်ကြမလား "

" ကျောင်းပိတ်ရက် မုန့်ဖိုး အများကြီးမရဘူး။ သွားချင်ရင်တော့ လိုက်ပေးမယ် "

NOSTALGIA [Completed]Where stories live. Discover now