အဲ့ဒီနေ့က ဘတ်ဟျွန်းဟာ တရှိုက်ရှိုက်ငိုရင်း ချန်းယောလ်ရင်ခွင်ထဲမှာပဲ အိပ်ပျော်သွားခဲ့တယ်။ ဝမ်းနည်းနေသူလေးကို အိမ်ပြန်မလွှတ်ရက်တဲ့အပြင် အနားမှာထားပြီး ယုယချင်သေးတာမို့ ချန်းယောလ်ကပဲ သူ့မေမေဆီဖုန်းဆက်ပြီး ဒီမှာပဲ အိပ်ပျော်နေပြီဖြစ်တဲ့အကြောင်း အကျိုးအကြောင်း ပြောပြလိုက်ရတယ်။
ပြီးတော့ အိပ်ပျော်နေတဲ့ ဘတ်ဟျွန်းကိုပဲ ဆံပင်လေးသပ်ပေးလိုက်၊ လက်ကလေးကို ဆုပ်ကိုင်လိုက်နဲ့ ချန်းယောလ်က တစ်ညလုံးထိုင်ကြည့်နေခဲ့တယ်။ အဲ့ဒီညဟာ ချစ်သူသက်တမ်း ၃ နှစ်အတွင်း ကျောင်းလေ့လာရေးခရီးကိုဖယ်ရင် နှစ်ယောက်တည်းအတူရှိခဲ့တဲ့ ပထမဆုံးညဖြစ်ခဲ့တယ်။
ကိစ္စအားလုံးပြီးပြီမို့ ဒီထပ်ပိုပြီး နာကျင်စရာတွေမရှိတော့ဘဲ အရင်အခြေအနေ ပြန်ရောက်မယ်လို့ ထင်ခဲ့ပေမယ့် ဘတ်ဟျွန်းက နားလည်ရခက်တဲ့ ကောင်လေးအဖြစ် ရှိနေဆဲ..။ ချန်းယောလ်က အရင်ကထက် ပိုအချိန်ပေးပြီး ဂရုစိုက်သော်ငြား ဘတ်ဟျွန်းက မလှုပ်တလှုပ်ရယ်။
ဒီထက်အချိန်ပေးပြီး ဖြည်းဖြည်းချင်း ပြောင်းလဲယူရမယ်ဆိုတဲ့ အတွေးနဲ့ ချန်းယောလ်က အတင်းအကြပ်ကြီး ဖြေရှင်းနေတာမျိုးလည်း မလုပ်ဘဲ ဘတ်ဟျွန်းရဲ့ စိတ်ခံစားချက်အတိုင်း အလိုက်သင့် လွှတ်ထားပေးပြီး ဘေးကနေပဲ ဖေးမနေခဲ့တယ်။
ဒါပေမဲ့လည်း အရင်လို ပေါ့ပေါပါးပါး ချစ်ခဲ့ကြတဲ့ အချိန်တွေကို တမ်းတမိပါရဲ့..။ မချစ်ကြတာလည်း မဟုတ်ဘဲ ဘယ်အရာတွေက ဒီလိုဖြစ်စေသလဲ တွေးဖို့ကို ချန်းယောလ် ဥာဏ်မမှီတော့ဘူး။
ဒါပေမဲ့ ဒီကောင်လေးအပေါ် နည်းနည်းလေးမှ မငြိုငြင်ရက်တာလည်း အမှန်ပဲ။
ဘတ်ဟျွန်းနီကို ချန်းယောလ်က သိပ်ချစ်တာ..။
ရုံးဆင်းချိန်သွားကြိုရင်း ထိုင်နေကျ Café ကို ခေါ်သွားတော့ စောဒကမတက်ဘဲ အပြုံးလေးတစ်ပွင့်နဲ့ လိုက်လာပေးတယ်။
မျက်နှာချင်းဆိုင်ထိုင်ရင်း 'ဒီနေ့ ဘယ်လိုလဲ' မေးတော့ 'မောင့်ကို လွမ်းတာကလွဲရင် အားလုံး အဆင်ပြေပါတယ်' တဲ့..။
YOU ARE READING
NOSTALGIA [Completed]