- 20 -

6.6K 922 90
                                    

ခရီးထွက်ရာကပြန်လာပြီး ကျောင်းက internship ခေါ်တဲ့ ကုမ္ပဏီတွေကို ကြေညာပေးတဲ့အထဲမှာ ချန်းယောလ်တို့ ကုမ္ပဏီလည်း ပါလာတယ်။ တခြားသူသာဆို ကိုယ့်ချစ်သူရှိတဲ့နေရာပဲ ဝင်လျှောက်ပစ်မှာဆိုပေမယ့် ဘတ်ဟျွန်းကတော့ ဘာတွေစဥ်းစားနေမှန်းမသိ တောင်တောင်အီအီလုပ်နေသေးတယ်။

" အသက် .. မောင့်ဆီမှာပဲ လျှောက်နော် "

" ငါ့အစ်ကိုဝမ်းကွဲကလည်း ခေါ်နေတယ် "

" ကိုယ့်ချစ်သူတစ်ယောက်လုံး ရှိနေတာ တခြားဘယ်ကို လမ်းချော်သွားဦးမလို့လဲ "

" ချစ်သူမို့ လွယ်လွယ်လေးရသွားတယ် ဖြစ်မှာစိုးလို့ "

" အဓိပ္ပါယ်မရှိတာကွာ .. "

ဟိုနေ့ညကပဲ နားလည်မှုတွေ တည်ဆောက်ပြီးကာမှ ချက်ချင်းပဲ ချစ်သူချင်းကို မာနတံခွန်အလံထူနေတဲ့ အနှီကောင်လေးကို ဘယ်လိုကိုင်တွယ်ရမှန်းကို ချန်းယောလ်မသိတော့ဘူး။ ဆက်ပြောရင်လည်း ပွင့်လင်းတာကသက်သက် မာနကသက်သက်ဆိုပြီး စကားများရဦးမယ်။

" ဒီကိစ္စ မောင်တို့နှစ်ယောက်တည်း ဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး။ အဖွဲ့သားတွေနဲ့လည်း တိုင်ပင်ရဦးမယ် "

စာတမ်းအတူရေးမယ့် အဖွဲ့သားတွေနဲ့အတူ အစည်းအဝေးထိုင်ပြီး ဘယ်သူက ဘယ်မှာလျှောက်မယ်ဆိုတာရယ်၊ အလုပ်ဆင်းရင် အတူဆုံပြီး ဆွေးနွေးမယ့် နေရာတွေရယ်၊ လာရမယ့် အကွာအဝေးနဲ့ အနီးဆုံးလူစုလို့ လွယ်မယ့်နေရာတွေကို ဆွေးနွေးကြတယ်။

ချန်းယောလ်ကတော့ သူ့ကုမ္ပဏီက ခေါ်တယ်ဆိုပေမယ့် မျက်နှာလိုက်ပြီးခေါ်တာမျိုး မဖြစ်ချင်တာရယ်၊ တခြားစီစဥ်ပြီးသားရှိနေတဲ့ သူတွေကိုလည်း အားနာပြီး သူ့ဆီမှာဝင်တာမျိုး မဖြစ်စေချင်လို့ ကိုယ်တိုင်လွတ်လွတ်လပ်လပ် ဆုံးဖြတ်ကြဆိုပြီး အသိပေးထားလေရဲ့။ ဒါပေမဲ့ သူ့ကုမ္ပဏီမှာ ဝင်ဖြစ်တဲ့သူတွေကိုတော့ ရမယ့်အခွင့်အရေးနဲ့ တခြားခံစားခွင့်တွေကိုပါ တစ်ခါတည်းပြောပြထားတော့ တော်တော်များများက စိတ်ဝင်စားကြတယ်။

NOSTALGIA [Completed]Where stories live. Discover now