- 24 -

6K 874 33
                                    

ဆေးရုံအခန်းထဲမှာ လူ ၄/၅ ယောက်ရှိနေပေမယ့် တိတ်ဆိတ်နေပြီး ကိုယ်လုပ်စရာရှိတဲ့ အပေါ်မှာပဲ အာရုံစိုက်နေကြတယ်။ တုန်ယင်နေတဲ့လက်တွေနဲ့ ရေးထိုးလိုက်တဲ့ လက်မှတ်တစ်ချက်ဟာ စာချုပ်တစ်ခုပေါ်မှာ မလှမပ နေရာယူသွားတဲ့အခါ မျက်ရည်တစ်စက်က ပါးပြင်ပေါ် လှိမ့်ဆင်းကျလာတယ်။ မင်ယောင်းရဲ့အဖေလည်းဖြစ်၊ ဖေဖေရဲ့မိတ်ဆွေ ဖြစ်တဲ့အပြင် Personal doctor လည်းဖြစ်တဲ့ ဦးလေးချွဲက ဖေဖေ့ခန္ဓာကိုယ်မှာ ချိတ်ဆက်ထားတဲ့ စက်ပစ္စည်းတွေကို တစ်ခုချင်းဖယ်ထုတ်နေတဲ့အခါ ညီမလေးက တသိမ့်သိမ့်ငိုရှိုက်လာတယ်။

" အဆင်ပြေသွားပြီမလား "

အားလုံးဖယ်ထုတ်ပြီးတဲ့အခါ ဖေဖေက ပေါ့ပါးသွားသလို ယဲ့ယဲ့လေးပြုံးလို့ လက်ကလေးကမ်းလာတာမို့ မောင်နှမနှစ်ယောက် အနားကို ကပ်သွားမိကြတယ်။

ဘာစကားမှ မပြောနိုင်ဘဲ လက်ကိုပဲဆုပ်ကိုင်ရင်း ထိုင်နေမိတာ ဖေဖေပြန်အိပ်ပျော်သွားတဲ့ အချိန်အထိ။ အချိန်ဘယ်လောက်ရဦးမလဲ မသိပေမယ့် ချန်းယောလ် ဖေဖေ့ဘေးက မခွာချင်တော့ပါ။ အိမ်ထောင်သစ်တစ်ခု ထူထောင်ခဲ့ပေမယ့် ပျော်ရွှင်မှုမရှိဘဲ အထီးကျန်ခဲ့ရတာ သိတာမို့ နောက်ဆုံးအချိန်မှာတော့ အနားမှာရှိပေးချင်မိတာ။

အဲ့ဒီနေ့ကစလို့ ချန်းယောလ်ဟာ ကုမ္ပဏီကို အစ်ကိုဂျယ်ဟွန်းနဲ့ လွှဲထားလိုက်ပြီး ဆေးရုံမှာပဲ အချိန်ကုန်တော့တယ်။ ယူဟီးကပဲ အိမ်နဲ့ဆေးရုံ ကူးချည်သန်းချည်လုပ်ပြီး ချန်းယောလ်အတွက် လိုအပ်တဲ့ အဝတ်အစားတို့၊ စားစရာတို့ စီစဥ်ပေးရတယ်။

ဒါပေမဲ့ စက်ကိရိယာရော ဆေးဝါးပစ္စည်းအထောက်အပံ့တွေပါ ရပ်တန့်လိုက်ပြီး ၃ ရက်အကြာမှာ ဥက္ကဋ္ဌကြီးဟာ ချန်းယောလ်လက်ပေါ်မှာပဲ ဆုံးပါးသွားခဲ့တယ်။

ငိုလို့မရနိုင်လောက်အောင် စို့နင့်နေပုံရတဲ့ ချန်းယောလ်ကို ယူဟီးက 'ကိုကို ငိုချင်ရင် ငိုချလိုက်ပါ' ဆိုပြီး ပြောနေသည့်တိုင်အောင် အသိမရှိသူလို မျက်ရည်တစ်စက်ကျမလာခဲ့။

NOSTALGIA [Completed]Donde viven las historias. Descúbrelo ahora