- 33 -

8.8K 1.2K 149
                                        

(OST Plz  - Stay With Me by Jeon Sang Keun 👆)

ညနေခင်း ရုံးဆင်းချိန်တစ်ခုမှာ ဆယ်ဟွန်းတို့က မတွေ့ရတာ ကြာပြီဆိုပြီး လှမ်းခေါ်လေတော့ ထိုင်နေကျ bar တစ်ခုကိုရောက်သွားရတယ်။

ဆယ်ဟွန်းနဲ့ဂျုံအင်က နှစ်ယောက်ပေါင်းကာ Dance studio ထောင်ထားတာဖြစ်ပြီး သင်တန်းသားလက်ခံသလို အကနဲ့ပတ်သတ်တဲ့ activity တွေကို လက်လှမ်းမှီသလောက် လုပ်နေကြတာမို့ အခုဆို သူတို့ studio က နာမည်ကြီးနေပြီ။

" ဘတ်ဟျွန်းရော ...? "

" ခေါ်ထားသေးတာလား ..? "

ငနာတွေက ၄ ယောက်တွေ့မယ်ဆို မလာမှာစိုးလို့ ဖုန်းဆက်ခေါ်တုန်း ဘတ်ဟျွန်းကိုပါ ခေါ်ထားတယ်ဆိုတာ ချန်ထားခဲ့ပုံရတယ်။

" မသိဘူး။ ငါရုံးကလာတာမဟုတ်ဘူး "

ပြောပြောဆိုဆို ရှေ့မှာချပေးထားတဲ့ ကော့တေးတစ်ခွက်ကို မော့ချလိုက်တယ်။ ကုမ္ပဏီမှာနေရတာ စိတ်ကျဥ်းကျပ်လို့ အလုပ်မရှိ အလုပ်ရှာပြီး အပြင်ထွက်နေတာ။ ဟိုတစ်ယောက်က ဘယ်လိုနေလဲ မသိပေမယ့် ကိုယ်ကတော့ တစ်နေရာတည်းမှာ အတူရှိနေတယ်ဆိုတဲ့အသိနဲ့ လူက ထိုင်ရမလို၊ ထရမလို၊ အထဲမှာပဲနေရမလို အပြင်ထွက်ချောင်းချင်သလိုနဲ့ ကိုယ့်ကုမ္ပဏီထဲကိုယ် နေစရာမရှိဘူး..။

ထွက်သွားတုန်းကလည်း အဆင်သင့်မဖြစ်ခဲ့သလို ပြန်လာတဲ့အချိန်မှာလည်း အဆင်သင့်ဖြစ်မနေပြန်ဘူး..။ ချစ်တယ်ဆိုပြီး လူကို အမြဲ အခက်တွေ့အောင်လုပ်တဲ့ ဘတ်ဟျွန်းက တကယ့်လူဆိုး..။ သူဖြစ်ချင်တာပဲ သိပြီး သူလုပ်ချင်တာ လုပ်တဲ့သူ..။

ကိုယ့်အတွက်လို့ အော်သွားပေမယ့် တကယ်တမ်း သူဖြစ်ချင်တာတွေ သူလုပ်သွားတာ..။ ကိုယ့်အတွက်ဆိုရင် ဘေးမှာပဲနေပေးရုံနဲ့ လုံလောက်ရဲ့သားနဲ့..။ အတ္တကြီးတယ်ပြောပြော ဘာကြောင့်ထွက်သွားရသလဲ နားလည်ပေမယ့် မပြောမဆို လုပ်သွားတာတွေကို တွေးမိတိုင်း ခွင့်မလွှတ်နိုင်သေးဘူး။

" မင်းအခန်းဘေးမှာနေတယ်ဆို "

" တစ်နေ့တစ်နေ့ နားညီးလို့သေတော့မလိုပဲ "

" တကယ်ကြီး မင်းကို ပြန် try နေတာပဲ "

ဂျုံအင်က ပြောတော့ ချန်းယောလ်က ရယ်တယ်..။ ဒါပေမဲ့ ခနဲ့တဲ့တဲ့အရယ်မျိုး.. ။

NOSTALGIA [Completed]Where stories live. Discover now