- 9 -

8.8K 1K 50
                                    

ကျောင်းတက်လာတဲ့တလျှောက် ကျောင်းပိတ်ရက်တွေကိုသာ လည်ပင်းရှည်ထွက်တဲ့အထိ စောင့်မျှော်နေကျဖြစ်တဲ့ ချန်းယောလ်က အခုချိန်မှာတော့ ကျောင်းပိတ်ရက်တွေကို အမုန်းဆုံး ဖြစ်နေပါသတဲ့။ စာမေးပွဲရက်အတွင်း ဘတ်ဟျွန်းက လာမကြိုရ၊ လိုက်မပို့ရ အမိန့်ထုတ်ထားတာမို့ စာမေးပွဲမဖြေခင် အချိန်လေးနဲ့ ဖြေပြီးတဲ့ အချိန်လေးပဲ တွေ့ရတော့တယ်။

အဲ့ဒါကြောင့် စာမေးပွဲကို တနေကုန်ဖြေချင်လိုက်တာဆိုတဲ့ သူများကြားရင် ဆဲချင်စရာ အတွေးကြီးကိုလည်း တွေးနေသေးတာ။ စာရလွန်းလို့တော့ မဟုတ်ဘူး .. ဘတ်ဟျွန်းကြောင့်..။ ပတ်ချန်းယောလ်က ဗြောင်ဘတ်ဟျွန်းကို တော်တော်ဖြစ်နေတာ။

စာမေးပွဲခန်းတူပေမယ့် ဘတ်ဟျွန်းက ချန်းယောလ်ရဲ့ရှေ့ဘက်ပိုင်းမှာ ကျတာမို့ စာမေးပွဲကုန်းဖြေနေတဲ့ အဖြူလုံးလေးရဲ့နောက်ကျောကို ဖြေနေရင်း လှမ်းကြည့်ရတာအမော။ သူ့ဘောပင်ထိပ်ကလေးများ လှုပ်နေရင် သူကောင်းကောင်းဖြေနေတာပဲ ဆိုတဲ့ အသိနဲ့ ကိုယ်တလွဲတွေ ဖြေနေရင်းတောင် ကျိတ်ကျေနပ်ရသေးတာ။ 

ကိုယ်က အောင်မှတ်သမားမို့ ကျက်ထားတာမှန်သမျှ ချရေးပြီး အချိန်မစေ့ခင် ထွက်လာနေကျမို့ အမြဲ အတန်းရှေ့မှာ ဘတ်ဟျွန်းကို စောင့်ရတယ်။ ဖြေပြီးတိုင်း Text book ကိုင်ပြီး အဖြေတိုက်တတ်တဲ့ ဘတ်ဟျွန်းကြောင့် သူပါ Depression ဝင်ချင်သလို ဖြစ်လာတတ်တာမို့ စာမေးပွဲဖြေပြီးတာနဲ့ ဘတ်ဟျွန်းကျောပိုးအိတ်ထဲက စာအုပ်တွေကို အပိုင်သိမ်းပြီး အိတ်အခွံပဲ ပြန်ပေးနေကျ အကျင့်လုပ်ထားလိုက်တယ်။ Master တွေဘာတွေများ ဆက်တက်ဖို့ စိတ်ကူးရှိလားလို့ မေးကြည့်တော့လည်း မရှိဘူးတဲ့..။ ဒါများ အောင်ရင်တော်ပြီပေါ့။ ဘာတွေ worry များနေဦးမှာလဲ။

ဟော .. ပြောနေရင်းပဲ ထွက်လာပါပြီ။

" ဖြေနိုင်လား ချန်း .. "

" သေချာပေါက်အောင်တယ်။ Hyper ကြီးကိုတော့ မမေးတော့ပါဘူး။ ဘောပင်ထိပ်က မနားတမ်း လှုပ်နေတာဆိုတော့ .. "

NOSTALGIA [Completed]Dove le storie prendono vita. Scoprilo ora