- 36 -

11.8K 1.3K 203
                                    

အဲ့ဒီနေ့က နှစ်ယောက်မျက်နှာချင်းဆိုင်ငိုပြီး ချန်းယောလ်က ထွက်လာခဲ့တဲ့အထိ ဘတ်ဟျွန်းက အဲ့ဒီနေရာမှာ ကျန်ခဲ့တုန်းပဲ။ ထွက်သွားတုန်းက ဘတ်ဟျွန်း တုံ့ဆိုင်းမနေခဲ့သလိုပဲ အခုတစ်ခါ အရင်ကျောခိုင်းခဲ့တဲ့ ချန်းယောလ်က တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ဘူး။

အဲ့ဒီနေ့က အပေါ်ထပ်ကို တက်လာလား၊ အိမ်ပြန်သွားလား မသိပေမယ့် နောက်ရက်တွေမှာ ဘတ်ဟျွန်းရဲ့ အရိပ်တောင် မမြင်ရတော့ဘူး။ ကုမ္ပဏီမှာလည်း သူ့ရုံးခန်းထဲမှာပဲရှိနေပြီး အပြင်လုံးဝမထွက်တာမို့ ယူဟီးရှိလို့သာ အလုပ်လာတယ်ဆိုတာ သိရတာ။

ဖြစ်ခဲ့သမျှ ပြန်တွေးရင်း ဒေါသနဲ့ ပေါက်ကွဲထွက်ခဲ့ပေမယ့် ကိုယ့်စကားလုံးတွေနဲ့ကိုယ် ပြန်ပြီးနာကျင်ရတာလည်း ကိုယ်ပါပဲ။

သူများကို အပူပေးချင်ရင် ကိုယ်တိုင် အရင်ကိုင်ရသလိုပေါ့။ သူ့ကိုနာကျင်စေဖို့ ကိုယ်တိုင်လည်း နာကျင်ခံရတယ်။

ဒီလိုနဲ့ တည်ဆောက်ခဲ့ဖူးတဲ့ နားလည်မှုတွေလည်း လေထဲတိုက်အိမ်ဆောက်ခဲ့သလို ပြယ်လွင့်လို့ ကြင်နာမှုတွေလည်း တစ်စိုးတစ်စိတောင် ဖမ်းဆုပ်လို့ မမိနိုင်တော့ဘူး။

တကယ်ပဲ နှစ်ယောက်ကြားမှာ အချစ်ကလွဲရင် ဘာနားလည်မှု၊ ယုံကြည်မှုမှ မရှိတော့ဘူး။ ရူးလောက်အောင် ချစ်နေဆဲမို့ အချစ်ပဲ ကျန်တော့တာ။ အပျော်ချစ်ခဲ့တာ မဟုတ်လို့။

ကိုယ့်ကိုယ်ကိုယ် အတ္တကြီးနေတယ်ဆိုတာလည်း သိပါရဲ့။ ဖြစ်ပျက်ခဲ့သမျှ ပြန်တွေးရင်း ပိုတိုးလာတဲ့ အတ္တတွေရယ်၊ ယူကျုံးမရခြင်းတွေရယ်နဲ့ မရှူနိုင်မကယ်နိုင် ဖြစ်နေရတာလည်း ကိုယ်ပါပဲ။

တကယ်ပါပဲ .. လွမ်းလိုက်တာလို့ တမ်းတမိတိုင်း ကိုယ့်ကိုယ်ကိုယ် တိမ်တွေလို တစ်စစီ ကွဲထွက်လွင့်စင်ပစ်ချင်တာ။

လူဆိုး .. ဘတ်ဟျွန်းနီက တကယ့်လူဆိုး။

ညနေ အိမ်ပြန်လမ်းက တစ်ယောက်တည်း တိတ်ဆိတ်နေတယ်။ ကားပါကင်ထဲကို မျက်စိကစားကြည့်တော့ ကိုယ်တိုင်လိုက်ဝယ်ပေးထားတဲ့ ကားလေးကို တွေ့ရတာမို့ ရောက်နေပြီဆိုတာ အလိုလိုသိလိုက်ပါရဲ့။

အပေါ်တက်ဖို့အလုပ် ဖုန်းဝင်လာတာမို့ ကိုင်လိုက်တော့ လမ်းကြုံတာရယ်၊ မတွေ့တာကြာပြီမို့ ဝင်လာတာဆိုတဲ့ မင်ယောင်းဖြစ်နေတာမို့ အိမ်ယာဝင်းထဲမှာ ချထားတဲ့ ခုံလေးတွေမှာပဲ ထိုင်ဖြစ်ရင်း စကားပြောဖြစ်ကြတယ်။

NOSTALGIA [Completed]Dove le storie prendono vita. Scoprilo ora