- 27 -

6.7K 1K 69
                                    

သွားမယ့်မနက်မှာပဲ အသက်က သူလေဆိပ်အထိ လိုက်ပို့ပေးမယ်ဆိုပြီး ဖုန်းဆက်လာခဲ့တော့ ပျော်ရွှင်မှုက အတိုင်းအတာမဲ့တယ်။ အမြဲတမ်းသွားတိုင်း အစ်ကိုဂျယ်ဟွန်းနဲ့ပဲ သွားခဲ့ရပြီး အသက်လိုက်ပို့တယ်ဆိုတာ ရှားရှားပါးပါး။ ပြန်လာတိုင်းလည်း ဘယ်အချိန်ပြန်ရောက်မလဲ မှန်းမရတဲ့ အခြေအနေတွေကြောင့် လာကြိုဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး။

ရုံးကနေအပြေးလာရတဲ့ ဘတ်ဟျွန်းက လည်ပင်းက ဝန်ထမ်းကဒ်လေးတောင် မဖြုတ်နိုင်ဘဲ ရောက်လာခဲ့ပြီး လေယာဥ်ထွက်ခါနီးအချိန်အထိ ထိုင်ခုံလေးတွေမှာထိုင်ရင်း ချန်းယောလ်ဘေးမှာ အတူရှိနေပေးခဲ့တယ်။ အမြဲတမ်းပုံမှန် တစ်ယောက်တည်းထွက်နေကျ ချန်းယောလ်အတွက် ဒီတစ်ခါခရီးစဥ်က ပိုပြီး ထွက်ခွာဖို့ ခက်ခဲနေသလိုလို..။

ဘတ်ဟျွန်းမျက်နှာကို မြင်လိုက်ရလို့ ပိုပြီး မခွဲနိုင်တော့တာဆို ပိုမှန်လိမ့်မယ်။

" မောင် အစစအရာရာ ဂရုစိုက်နော်။ မင်ယောင်းကိုလည်း ဂရုစိုက်။ နှစ်ယောက် ရန်ဖြစ်မနေနဲ့ဦး "

" ပြောမရရင်တော့ ရိုက်သင့်ရင်ရိုက်ပစ်ရမှာပဲ ဘတ်ဟျွန်းရဲ့ .. "

အပြုံးလေးနဲ့ အရွှန်းဖောက်တဲ့ မင်ယောင်းက မျက်စောင်းနုနုထိုးလို့ ရယ်တဲ့အခါ တကယ်လှတယ်။

Immigration ဖြတ်ပြီးတဲ့အထိ ချန်းယောလ်က နောက်ကြောင်းမအေးသလို လှည့်ကြည့်လှည့်ကြည့်နဲ့။

" ချန်းယောလ်ရယ် .. ၃ ရက်တည်းပါဟဲ့ "

" နင်ဒါတွေ နားမလည်ပါဘူးဟာ "

စူပုတ်ပုတ်နဲ့ လေယာဥ်ခုံပေါ် ခေါင်းလှန်မှီထားတဲ့ ချန်းယောလ်ကိုကြည့်ပြီး သက်ပြင်းချရုံအပြင် တခြားလုပ်နိုင်တာ မရှိခဲ့ဘူး။

Oversea ရောက်နေပေမယ့်လည်း အစ်ကိုဂျယ်ဟွန်းနဲ့အတူ ၃ ယောက် ခေါင်းချင်းဆိုင် ဆွေးနွေး၊ လိုအပ်တာတွေ လိုက်စီစဉ်၊ အလုပ်ကိစ္စပြီးတာနဲ့ အခန်းထဲပြန်အောင်းသွားတဲ့ ချန်းယောလ်က ဘယ်ကိုမှ အလည်အပတ်ခေါ်မရ။

ရောက်နေတဲ့ ၃ ရက်အတွင်း အလုပ်လုပ်နေတဲ့ အချိန်ကလွဲရင် တချိန်လုံး ဖုန်းကိုပဲ တကြည့်ကြည့်နဲ့ ဘတ်ဟျွန်းကိုပဲ ဆက်သွယ်နေတတ်တယ်။

ပြန်တော့မယ်ဆိုတဲ့ အချိန်ရောက်တော့မှ ပြုံးရွှင်ပြီး တက်ကြွသွားတာ။ လေဆိပ်ထဲရောက်တာနဲ့ အစ်ကိုဂျယ်ဟွန်းကို ကားသော့ထိုးပေးပြီး မင်ယောင်းကို အိမ်လိုက်ပို့ခိုင်းတာမို့ ...

" နင်ကရော အိမ်မပြန်ဘူးလား "

" မပြန်သေးဘူး .. ဒီနေ့ တနင်္ဂနွေနေ့ "

" ဘာဆိုင်လို့လဲ "

" ဒီအချိန်ဆို ဘတ်ဟျွန်းနီးက ငါ့ကိုစောင့်နေမှာ .. ငါသိတယ်။ သေချာပြန် .. ကြားလား။ ငါသွားပြီ "

ပြောပြောဆိုဆို ပြေးထွက်သွားပြီး Taxi ပေါ်တက်သွားတဲ့ ကျောပြင်ကျယ်ကို ငေးကြည့်နေရုံအပြင် ဘာမှမတတ်နိုင်ခဲ့ဘူး။

ငယ်ငယ်ကတည်းက အတူကြီးပြင်းခဲ့ပြီး ဒီကောင်လေးအပေါ်မှာပဲ မျှော်လင့်ချက်တွေထားခဲ့တာ။ ဆယ်ကျော်သက်အရွယ် ရင်ခုန်မှုနဲ့ သူငယ်ချင်းမက ရည်းစားမကျ အခြေအနေကလည်း ဒီသူငယ်ချင်းနဲ့ပဲဖြစ်ခဲ့ပြီး မိဘတွေရဲ့စီစဥ်မှုအပေါ် နှစ်ယောက်စလုံး အေးအေးဆေးဆေး လက်ခံခဲ့တာမို့ ဘာမှအများကြီး တွေးစရာမလိုဘူးထင်ခဲ့တာ။

မထင်မှတ်ဘဲ ချန်းယောလ်ရဲ့မိဘတွေ ကွာရှင်းလိုက်လို့ ဝေးသွားကြတဲ့အထိ ချန်းယောလ်မှာ ကိုယ့်ထက်ပိုပြီး ရင်းနှီးရမယ့်သူမရှိဘူးဆိုတဲ့ ယုံကြည်မှုနဲ့ စိတ်ပူခဲ့တာတောင် မရှိခဲ့ဘူး။

NOSTALGIA [Completed]Tempat cerita menjadi hidup. Temukan sekarang