NOSTALGIA

8.3K 982 163
                                        

OST - Breath by Sam Kim 👆(repeat On)

စာအုပ်လေးရဲ့ ဒုတိယစာမျက်နှာမှာ ရက်စွဲတပ်ထားတဲ့ စာလေးတစ်ကြောင်းနဲ့ အတူရှိနေတဲ့ မေပယ်ရွက်ကြွေလေးတစ်ရွက် ...

' ချန်း .. မင်းလက်တွေ အမြဲတမ်းနွေးမယ်ဆို ငါ့လက်ကို တစ်သက်လုံး မလွှတ်လည်းရတယ် '





ဆောင်းဦးမှာ ဆုံတယ်။
လက်ချောင်းသွယ်သွယ်လေးတွေက စတယ်။
နွေးထွေးနေတဲ့ လက်ဖျားလေးတွေ ..
နေရောင်အောက်က အပြုံးနုနုလေး ..
အချစ်တစ်ခုဖြစ်တည်လာဖို့ ၁၀ စက္ကန့်ပဲကြာတယ်။

သူရပ်စောင့်နေကျ ဘတ်စ်ကားမှတ်တိုင်လေး ..
သစ်ရွက်ကြွေတွေကြားထဲ အမြဲမွှေနှောက်ဆော့ကစားတတ်တဲ့ ဖိနပ်ထိပ်ကလေး ..
စက်ဘီးရဲ့နောက်ခုံမှာထိုင်လို့ ခါးကိုသွယ်ဖက်ရင်း နောက်ကျောမှာလာအပ်တဲ့ ပါးပြင်နုနု ..

အလိုလို ပြီးပြည့်စုံတဲ့နေ့တွေဆိုတာ
' သူနဲ့အတူရှိနေခဲ့တဲ့ နေ့တွေ ' တဲ့။

' ငါ့လက်တွေက အေးနေလို့ နွေးထွေးတဲ့ မင်းရဲ့လက်ကို ဆုပ်ကိုင်ချင်ရုံသက်သက် မဟုတ်ဘဲ ... '
' မင်းရဲ့လက်တွေ အေးစက်လာသည့်တိုင် အေးစက်သွားတဲ့ အချိန်အထိ မင်းရဲ့လက်ကို တွဲထားချင်တာ .. '

' မနက်ခင်းတိုင်း ပထမဆုံး မြင်ချင်တဲ့သူက မင်းဖြစ်ပြီး ညအိပ်ယာဝင်ချိန်တိုင်း နောက်ဆုံးမြင်ချင်တဲ့သူက မင်းကိုပဲဖြစ်တယ် ... '

တစ်ဖက်သတ်ဆန်တဲ့ ပွေ့ပိုက်မှုတစ်ခု ..
ဘယ်တော့မှ လက်လွှတ်အဆုံးရှုံးခံနိုင်မှာ မဟုတ်ဘူးဆိုတဲ့ သေချာခြင်းတွေနဲ့။

' ငါမင်းကို ချစ်တယ် .. '

ခါးပေါ်ကို ရောက်လာတဲ့ လက်ကလေးတွေရဲ့ ပြန်လည်ထွေးဖက်မှု။

' မင်းလက်တွေ အမြဲတမ်းနွေးမယ်ဆို ငါ့လက်ကို တစ်သက်လုံး မလွှတ်လည်းရတယ် '

ဒီလိုမျိုး ချစ်ခဲ့ကြတယ် ...

​ကိုယ်ကပဲ စချစ်ခဲ့တယ်လို့ ထင်ခဲ့ရပေမယ့် သူ့ဘက်ကပဲ စတင်ခဲ့တဲ့ အနမ်းတွေ ...

NOSTALGIA [Completed]Tempat cerita menjadi hidup. Temukan sekarang