လက်ထပ်မယ်ဆိုပြီး အမေတွေကို ဖွင့်ပြောတဲ့အခါ အလန့်တကြားနဲ့ နင်တို့ဟာက ချက်ချင်းကြီးပဲလားဆိုပြီး တောင်တောင်အီအီ လုပ်နေကြပြန်တယ်။
ချန်းယောလ်မေမေက ယူဟီးမင်္ဂလာဆောင်ထားတာမှ မကြာသေးဘူး အခု နောက်တစ်ယောက်ဆိုတော့ 'တစ်နှစ်တည်း နှစ်မင်္ဂလာ မလုပ်ကောင်းဘူး။ နောက်နှစ်မှ ယူကြ' ဆိုလို့ ချန်းယောလ်က '၃ မင်္ဂလာဖြစ်သွားအောင် မေမေတို့ သီလရှင်ဝတ်လိုက်။ သားတို့ကတော့ ချက်ချင်းလက်ထပ်ရမှဖြစ်မှာ' တဲ့။ အဲ့ဒါနဲ့ ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး စိတ်တိုင်းကျလုပ်ကြဆိုပြီး ခွင့်ပြုပေးလိုက်ရတော့တယ်။
လက်မထပ်ခင် ယူဟီးကို လုပ်ငန်းတချို့ခွဲပေးပြီး အလုပ်ကိစ္စအရှုပ်တွေကိုပါ တစ်ခါတည်း အပြတ်ရှင်းထားလိုက်တယ်။ ကုမ္ပဏီနှစ်ပတ်လည် BOD အစည်းအဝေးမှာ ဘတ်ဟျွန်းကိုပါ ဆွဲခေါ်သွားတာမို့ မလိုက်ချင်လည်း ယက်ကန်ယက်ကန်နဲ့ ပါသွားရှာတယ်။ချန်းယောလ်က ရှယ်ယာအများဆုံးမို့ ဥက္ကဋ္ဌနေရာမှာပဲ ဆက်ရှိနေပြီး ဘတ်ဟျွန်းက ဒုတိယရှယ်ယာအများဆုံးရှိနေတာမို့ ချန်းယောလ်က ကြေညာလိုက်တယ်။
" တွဲဖက်ဥက္ကဋ္ဌ " တဲ့။
အဲ့ဒီစကားအဆုံး ဒါရိုက်တာတွေက ချောင်းဟန့်တဲ့သူကဟန့်၊ ပြုံးတဲ့သူကပြုံး ဖြစ်ကုန်သလို ဂျယ်ဟွန်းကလည်း နောက်ကနေ ကြိတ်ခွီပြီးမှ အနားကပ်ပြီး လာပြောတယ်။
" ဒုဥက္ကဋ္ဌလောက်တော့ လုပ်ပါ။ ဘယ်နေရာမှာမှ တွဲဖက်ဥက္ကဋ္ဌဆိုတာကြီး မကြားဖူးဘူး "
" ဘယ်မှာမှမရှိလဲ ဒီမှာရှိတယ် "
ဘတ်ဟျွန်းကတော့ ရှက်လွန်းလို့ သူ့မျက်နှာကို ဓါးနဲ့လှီးချင်တယ်ဆိုပဲ။
လက်ထပ်လက်စွပ်ကို ဘတ်ဟျွန်းတို့ B ကပဲ စိတ်တိုင်းကျ ပြင်ဆင်ထားပြီး နှစ်ယောက်သား ခဏခဏဖွင့်ကြည့်လိုက်နဲ့ မနေနိုင်မထိုင်နိုင် ရင်တွေခုန်နေကြသေးတာ။
လက်ထပ်ဖို့နီးလေ ပိုပြီး မခွဲနိုင်မခွာရက်ဖြစ်လေ။ ရုံးပိတ်ရက်မှာ နှစ်ယောက်သား အခန်းအောင်းနေရင်း တစ်ယောက်ရဲ့နေ့ရက်တိုင်းမှာ နောက်တစ်ယောက်က ပါဝင်နေမယ့် အနာဂတ်ကို ကြိုတွေးပြီး ရင်ခုန်ရတာအမော။
ချန်းယောလ်က မွေ့ယာလေးပေါ်မှာ နံရံကို မှီထိုင်ရင်း ဂစ်တာတီးနေသလို ဘတ်ဟျွန်းကလည်း ချန်းယောလ်ပုခုံးပေါ် ခေါင်းလေးမှီထားပြီး သီချင်းလိုက်ညဥ်းတယ်။
" အသက် .. လက်ထပ်ပြီးရင် ဘယ်သူက ထမင်းချက်မှာလဲ "
" မောင်က ထမင်းမချက်တတ်ဘူးမလား၊ ငါက ဟင်းမချက်တတ်ဘူးလေ။ အဲ့တော့ ငါကထမင်းချက်ပြီး မောင်က ဟင်းချက်ပေါ့။ သခွားသီးတော့ မောင်စားချင်ရင်စား၊ ငါ့အတွက်တော့ ရှောင်ပေးနော် .. "
" မောင်လည်း သခွားသီးမကြိုက်တော့ဘူး "
" တကယ်ကြီး ... ? "
" အင်း .. တကယ်ကြီး။ အဝတ်လျှော်၊ မီးပူတိုက်ကရော .. "
" ငါအဝတ်လျှော်ရင် မောင်က မီးပူတိုက်၊ မောင်အဝတ်လျှော်ရင် ငါမီးပူတိုက်မယ်လေ "
ဂစ်တာကို ဘေးမှာချလိုက်ပြီး ဘေးကမှီနွဲ့နေတဲ့ ကိုယ်လုံးလေးကို ရင်ခွင်ထဲ ဆွဲထည့်ထားလိုက်တယ်။
" ကုမ္ပဏီသွားဖို့ အသက်က မောင့်ကို အဝတ်အစားပြင်ပေးနော် "
" ငါလည်း အလုပ်သွားရဦးမှာလေ "
" နည်းနည်းစောထလိုက်ပေါ့ကွာ "
" အဲ့တော့ ငါ့ကို ဘာပြန်လုပ်ပေးမှာလဲ .. "
မော့ကြည့်ရင်း မေးနေတဲ့ မျက်နှာလေးကို ငုံ့နမ်းပစ်လိုက်တယ်။
" လတ်လတ်ဆတ်ဆတ် Morning kiss လေး ပြန်ပေးမယ် "
နှာခေါင်းလေးရှုံ့ရင်း သူ့ကို သိုင်းဖက်ထားတဲ့ လက်ကို ကုန်းကိုက်ပစ်တာမို့ စူးခနဲဖြစ်သွားလိုက်တာ။
" အားနေ ကိုက်ရအောင် ခွေးပေါက်ကလေးလား "
" မောင် .. သွားတိုက်တံဆင်တူလေး သုံးမယ်နော် "
" အင်း .. သုံးရမှာပေါ့ "
" ဆင်တူ Pajama လေးတွေလည်း များကြီးဝယ်ရမယ် "
" အင်း .. အားလုံး အသက် စိတ်တိုင်းကျပဲ "
" အတူတူနေမယ့်အရေးပဲ တွေးနေတာ။ တို့တွေ ပရိဘောဂ ဘာမှမဝယ်ရသေးဘူးပဲ "
" နောက်ပိတ်ရက်ကျ ပြင်ဆင်ကြမယ်လေ "
လက်ထပ်ပြီးအတူနေဖို့ တိုင်ပင်တော့ အမှတ်တရတွေ အများကြီးရှိတဲ့ နေရာလေးမို့ ဒီနေရာလေးကိုပဲ မင်္ဂလာဦးအခန်းလေး ဖြစ်ချင်ပါတယ်ဆိုတဲ့ ဘတ်ဟျွန်းကြောင့် ချန်းယောလ်ရဲ့အခန်းမှာပဲ နေဖို့ဖြစ်သွားတယ်။
ချန်းယောလ်အမေက ယူဟီးတို့လင်မယားနဲ့ အတူနေတာမို့ ကိစ္စမရှိပေမယ့် တစ်ဦးတည်းသောသားဖြစ်တဲ့ ဘတ်ဟျွန်းက အိမ်ထောင်ကျရင် သူ့အမေတစ်ယောက်တည်း(ဆုယွန်းရှိပေမယ့် သားလေးကိုတော့ လွမ်းနေမှာ) ဖြစ်သွားမှာစိုးလို့ဆိုပြီး မျက်နှာလေးမကောင်းပြန်လို့ သူ့အမေအိမ်မှာ တစ်ပါတ်ကို ၂ရက်၊ ၃ ရက်လောက် သွားနေကြမယ်ဆိုပြီး ချန်းယောလ်က စီစဥ်ပေးမှ မျက်နှာလေးပြန်ကြည်လာတော့တာ။
" အသက် ဒီည မပြန်နဲ့တော့ကွာ "
" မေမေဆူလိမ့်မယ် "
" လက်ထပ်တော့မှာပဲဟာကို .. ဖုန်းဆက်ပြောကြည့်ပါလား "
" ........ "
" နော် .. နော် ... "
ချန်းယောလ်က မရမက ပူဆာနေတာမို့ ဖုန်းကိုထုတ်ပြီး ဆက်လိုက်ရတော့တယ်။ စပီကာ ဖွင့်ထားတာမို့ ဖုန်းကို အလယ်မှာချပြီး နှစ်ယောက်ခေါင်းချင်းဆိုင်နေကြပြန်ရဲ့။
" မေမေ ... "
" အွန်း .... "
" သား .... ဒီည အိမ် ... ပြန်မလာ .. တော့ဘူး .. လို့ "
ခဏတော့ တိတ်ဆိတ်သွားတာမို့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိသွားတယ်။
" မေမေ့ .. "
" နင်တို့ လက်ထပ်တော့မှာကို ဘာတွေအကဲပိုနေကြတာလဲ !! "
" မေမေကလည်း .. အဲ့ဒါကြောင့်မို့ ခွင့်ပြုလိုက်ပါဗျာ .. နော် ... "
ပြောနေရင်း အပြင်မှာပါ ဘတ်ဟျွန်းက နှုတ်ခမ်းလေးထော်နေပြီ။ ချန်းယောလ်က ဘတ်ဟျွန်းကိုကြည့်ရင်း အူယားလာပြီး ခေါင်းလေးက ဆံပင်တွေကို လက်နှစ်ဖက်နဲ့ ဆွဲဖွနေတာမို့ ဘတ်ဟျွန်းက လက်တွေကို လိုက်ရိုက်နေသေးတယ်။
" ချန်းယောလ်နဲ့ အတူတူအိပ်မှာမလား "
ဘတ်ဟျွန်းက ချန်းယောလ်ကို အားကိုးသလို မျက်လုံးလေး လှန်ကြည့်တယ်။ ချန်းယောလ်က 'မတတ်နိုင်ဘူး အမှန်တိုင်းပြောလိုက်' ဆိုပြီး ခြေဟန်လက်ဟန်နဲ့ ပြောပြနေပြန်ရဲ့။
" ဟဲ့ .. ငါမေးနေတယ်လေ "
" ..... ဟုတ် "
" လက်မထပ်ရသေးဘဲ အတူတူအိပ်လို့ ရမလားဟဲ့။ အမလေး ... ဗြောင်ဘတ်ဟျွန်းရယ် .. ငါလည်း သားတစ်ယောက်တည်း မွေးမိပေလို့ပဲ "
" ဘာမှမလုပ်ပါဘူး မေမေရဲ့ .. ရိုးရိုးသားသား အိပ်မှာပါ "
" သေချာလို့လား .. "
ချန်းယောလ်ကိုကြည့်တော့ ဟိုက မျက်မှောင်ကြီးကုပ်ရင်း နှုတ်ခမ်းစူနေပြီ။
" အင်း .. လက်ကလေးတော့လည်း .. ကိုင်ချင် ကိုင်မှာပေါ့ "
ချန်းယောလ်ကလည်း ခေါင်းတွေချည်း စွတ်ခါနေပြန်လို့ အမေနဲ့ချစ်သူကြား ဘတ်ဟျွန်း ခေါင်းတွေရှုပ်လာပြီး လိမ္မော်ရောင်ဆိုးထားတဲ့ ဆံပင်တွေကို ဆွဲဖွနေတော့တာ။
" ချန်းယောလ်ကိုလည်း မေးကြည့်ပါဦး။ လက်ကလေးကိုင်ပြီး အိပ်မှာ သေချာလားလို့ "
ချန်းယောလ်က နှုတ်ခမ်းတွေစူပြီး 'မရဘူး .. ဖက်အိပ်မှာ' ဆိုတဲ့ပုံစံကို ခြေဟန်လက်ဟန်တွေနဲ့ ပြောနေပြန်တာမို့ ဒီဘက်ကို ပြန်ပြောရပြန်တယ်။
" ဖက်အိပ်ရုံပဲတဲ့ .. "
" ...... "
" မေ့ ... "
" စိတ်ကြိုက်လုပ်ဟေ့ .. လုပ်ချင်သလိုသာလုပ်။ အဲ့လောက် ယောကျာ်းလိုချင်နေကြမှန်း ငါမသိခဲ့ဘူး .. စိတ်ကုန်တယ် "
" မေ့ .. ချစ်တယ်နော် .. ဟီး "
" အပိုတွေမပြောနဲ့ "
ပြောပြောဆိုဆို ဖုန်းချသွားတဲ့အခါ ချန်းယောလ်က အပျော်လွန်ပြီး ဘတ်ဟျွန်းကိုယ်လုံးလေးကို ဆွဲဖက်ပြီး အိပ်ရာပေါ် လှဲချလိုက်တော့တာ။
" လက်မထပ်ခင် အကြို မင်္ဂလာဦးညကျမလား အသက် "
" မေမေ ဘာပြောသွားလဲ ကြားတယ်နော် "
" အိုး .. မြင်ရတာမှ မဟုတ်တာ "
" ငါအခုပြန်မှာ .. "
ပြောပြောဆိုဆို အိပ်ရာပေါ်က ကုန်းထနေတာမို့ ပြန်ဆွဲချပြီး ရုန်းမရအောင် လက်မောင်းတွေကြားထဲ သိမ်းထားလိုက်တော့တယ်။
" ဒီလို အခြေအနေမျိုးရောက်ဖို့ ဘယ်နှနှစ်တောင် စောင့်ခဲ့ရလဲ မသိဘူး "
" မောင့်မှာ အတွေးနဲ့တင် ရူးလိုက်ရတာ .. "
" ညအိပ်ရာဝင်ခါနီးတိုင်း Good Night kiss ပေးပြီးမှ အိပ်နော် "
ရင်ခွင်ထဲကနေ ခေါင်းလေးမော်ပြီး ပြောတာမို့ နဖူးလေးကို ဖိကပ်နမ်းပေးလိုက်တယ်။
" Good Night kiss ရော Morning kiss ရောပေးမယ်။ အသက်ကရော မောင့်ကို ဘာပြန်ပေးမှာလဲ "
" ..... အင် ... မောင် မသိအောင် ခိုးနမ်းမယ် "
" သိအောင်နမ်းမှ မောင်က ကြည်နူးလို့ရမှာပေါ့ "
" မသိအောင်ဘဲ နမ်းချင်တာ "
" အနမ်းသူခိုးလေးလုပ်မယ်ပေါ့။ မိရင် မလွယ်ဘူးနော် "
" မမိစေရဘူး "
" ...... "
" ...... "
" မောင် ... "
ခဏတော့ငြိမ်သွားလို့ အိပ်သွားပြီထင်တာ မအိပ်သေးဘဲ ထပ်ပြီး ခေါ်လာပြန်ရဲ့။ ကြည့်ရတာ လက်ထပ်ပြီး အတူနေဖို့ကို စိတ်လှုပ်ရှားနေတယ် ထင်ပါတယ်။ မောင်လည်း ထပ်တူပါပဲ။ ဘယ်လိုအရာတွေကြုံရမလဲ၊ မောင်တို့တွေ ရန်ဖြစ်ကြဦးမလား၊ စိတ်ဆိုးစိတ်ကောက်ကြဦးမလား၊ ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းကြမလဲ ကြိုတွေးရင်း ရင်ခုန်နေတယ် အသက်ရဲ့။
" အင် .. ဟင် .."
" ရန်ဖြစ်ရင် ငါ့ကိုထိုးမှာလား "
" အင်း .. ထိုးမှာ "
" မယူတော့ဘူး မင်းကို "
" နှုတ်ခမ်းနဲ့ ထိုးမှာလို့ ပြောတာပါကွာ "
" စိတ်ဆိုးရင် ရအောင်ချော့နော် "
" စိတ်ပဲ အရင်ဆိုးပြပါဦး "
" မောင် ... "
" အင်း ... "
" ဟိဟိ ... "
" ပျော်နေတာလား ..."
" အင်း အင်း ... "
" ချစ်တယ် အသက် ... "
" အင်း .. ဟိဟိ ... "
YOU ARE READING
NOSTALGIA [Completed]