ချစ်သူဘေးမှာရှိနေရင် အချိန်ကုန်လွယ်တယ်ဆိုတာ သိပ်မှန်တယ်။ ချစ်သူသက်တမ်း ၂ နှစ်ကျော်ပြီး အတူကျော်ဖြတ်ခဲ့တဲ့ ရာသီဥတုတွေ အခါခါပြန်လည်ပတ်ခဲ့ပြီ။
ပထမဆုံး နှင်းကျတဲ့ရက်မှာ အတူရှိနေပြီး ဆုတွေတောင်းခဲ့ဖူးသလို မိုးရေထဲမှာလည်း ထီးတစ်ချောင်းကို နှစ်ယောက်ပူးကပ်ဆောင်းရင်း နွေးထွေးခဲ့ဖူးတယ်။
ချယ်ရီဝေတဲ့လမ်းတွေလည်း လျှောက်ခဲ့ဖူးသလို မေပယ်ကြွေတဲ့လမ်းတွေပေါ်လည်း ခြေရာချင်းတွေ ထပ်ခဲ့ဖူးပြီ။
တိုးလာတဲ့ အချစ်တွေနဲ့ ခိုင်မာတဲ့ သံယောဇဥ်တွေကတော့ ဒီကာလတွေမှာ အဓိကကျခဲ့တာပေါ့။
ဝရံတာက လေစင်္ကြာလေးက ရာသီဥတုကြောင့် အရောင်တွေပြောင်းလာပေမယ့် ဘတ်ဟျွန်းက လွှင့်မပစ်ခဲ့ဘူး။ အဖော်ရအောင်ဆိုပြီး နောက်တစ်ခု ထပ်ဝယ်လာပြီး ထောင်ထားပြန်တာမို့ အခုဆို နှစ်ခုအပြိုင်အဆိုင် လေသံကောင်းကောင်းပေးပြီး လည်ပတ်နေကြပြီ။
အသံမကြားတော့လို့ ကြည့်မိတော့ အသက်က ဝရံတာပေါ်လက်ထောက်ပြီး လည်နေတဲ့ လေစင်္ကြာလေးတွေကို လက်နဲ့တားပြီး ဆော့နေပြန်တယ်။
" သူ့ဘာသာ လည်နေပါစေလား အသက်ရယ် .. အရှိန်ပျက်အောင်လို့ "
" တအားရုန်းနေတာကို တားထားပြီးမှ ပြန်လွှတ်လိုက်တဲ့အခါ အရှိန်နဲ့ပြန်လည်သွားတာက ဘယ်လောက်စိတ်ဝင်စားဖို့ကောင်းလဲ မောင်သိလား "
" မောင်ကတော့ သူတို့လည်နေတဲ့ အသံလေးတွေကို သဘောကျတယ်။ ဒီမှာရောက်နေလို့ အဲ့အသံ မကြားရရင်ကို တမျိုးပဲ "
Cactus ပင်လေးတွေကို သေချာပြုပြင်ပေးနေတဲ့ ချန်းယောလ်ဘေးကို ဘတ်ဟျွန်းက ဝင်ထိုင်လာတယ်။
" ဒီအပင်လေးတွေကလည်း ဝယ်ထားတာ ခင်ဗျားလေးနော်။ ဂရုစိုက်ရတော့ ကျွန်တော်မျိုးချည်းပဲ "
" ငါလည်း လုပ်မလို့ပါပဲ ..
မောင်က အမြဲ ဦးသွားလို့ .. ဟီးဟီး "
YOU ARE READING
NOSTALGIA [Completed]