- FINAL -

12K 1.3K 216
                                    

OST - Winter by Jung Joonil 👆 (Repeat On)

ရင်းနှီးနေတဲ့ ကိုယ်သင်းရနံ့တစ်ခုကို ရှူရှိုက်လို့ နိုးထလာရတဲ့ ဒီမနက်ခင်းဟာ အရင်ကနဲ့မတူတော့။ ညအိပ်ရာဝင်ချိန်တိုင်း နောက်ဆုံးမြင်ချင်တဲ့သူက မောင်ဖြစ်ပြီး မနက်ခင်းတိုင်း ပထမဆုံးမြင်ချင်တာလည်း မောင့်ကိုပဲ ဖြစ်ချင်ခဲ့တဲ့ ဆန္ဒလေးဟာ အခုတော့ ပြည့်ဝခဲ့ပြီ ထင်ပါတယ်။ အိပ်မက်လို့ဆိုရအောင်လည်း ကိုယ့်ကို ဖွဖွထွေးဖက်ထားတဲ့မောင်က ကိုယ့်ခေါင်းပေါ်မေးတင်ပြီး အိပ်ပျော်နေတာဟာ တကယ်ဖြစ်နေပြန်ပါရဲ့။
         
တစ်ညလုံး မောင့်ရင်ခွင်ထဲမှာပဲ ပုံစံမပျက် အိပ်ပျော်ခဲ့လို့ထင်တယ်။ အနည်းငယ် ညောင်းနေသလိုဖြစ်နေတဲ့ ကိုယ်လုံးလေးကို လှုပ်မိတော့ ခါးအောက်ပိုင်းက စူးခနဲဖြစ်သွားတာမို့ မျက်နှာလေး မဲ့သွားရတယ်။

အခုမှ ညကအကြောင်းတွေကို ပြန်သတိရပြီး တစ်ယောက်တည်းရှက်သွားရပြန်လို့ မောင့်ရင်ခွင်ကိုပဲ မျက်နှာအပ်မိပြန်တာ။ ဒါပေမဲ့လည်း အသွေးအသားတွေထပ်တူကျပြီး တစ်ယောက်ကိုတစ်ယောက် ပိုင်ဆိုင်သွားကြတာကို တွေးမိပြန်တော့ ကြည်နူးကျေနပ်ရပြန်တယ်။
         
ဒီယောကျာ်းကို ပိုင်ဆိုင်ပြီး ဒီယောကျာ်းနဲ့ပဲ မနက်ခင်းတိုင်း၊ အိပ်ရာဝင်ချိန်တိုင်း အတူရှိနေတော့မယ့် အနာဂတ်ကို တွေးမိတိုင်း ကြည်နူးစိတ်လေး တသိမ့်သိမ့်လှိုက်ခုန်ပြန်လို့၊ မောင်နဲ့အတူရှိမယ့် အနာဂတ်အတွက် သိပ်ကို ရင်ခုန်ပျော်ရွှင်နေရပြန်တာမို့ အိပ်ပျော်နေတဲ့ မောင့်ရဲ့ရင်ဘတ်ကိုပဲ မောင်မနိုးခင် ခိုးနမ်းမိပြန်တာ။
         
မောင့်ကို ချစ်လိုက်ရတာလေ ..
အရာအားလုံး ပေးပြီးတာတောင် ဒီထက်ပိုပြီး ပေးဆပ်ချင်နေတုန်းပဲ။
         
ကြည်နူးစိတ်ကလေးနဲ့ 'ဟိ' ခနဲ ရယ်မိပြန်တော့ မောင်က နိုးလာဟန်နဲ့ မျက်လုံးမပွင့်တပွင့် ငုံ့ကြည့်လာတယ်။
         
" အသက် နိုးနေတာလား "
         
" အင်း .. "
         
" အစောကြီးရှိသေးတယ်။ ပြန်အိပ်ဦးလေ။ ညကလည်း ညဥ့်နက်ထားတော့ ဒီနေ့ကောင်းကောင်းနား ... "
         
" ဟာ .. မောင်ကလည်း ... "
         
တကယ်လည်း ညက ပင်ပန်းထားတာမို့ ကိုယ်က စေတနာနဲ့ အိပ်ရေးဝစေချင်လို့ ပြန်အိပ်ခိုင်းရုံတင်ပါ။ အကောင်ပေါက်ကလေးကတော့ ပြန်တွေးပြီး ရှက်သွားတယ်နဲ့တူပါတယ်။ ရင်ဘတ်ထဲ မျက်နှာလေးဖွက်သွားပြန်တဲ့အခါ ချန်းယောလ်ရဲ့ ရယ်သံသဲ့သဲ့က မနက်စောစောမှာ ထွက်ပေါ်လာတယ်။
         
အသဲတယားယားနဲ့ ရင်ခွင်ထဲက ကိုယ်လုံးလေးကိုပဲ မချင့်မရဲ တိုးဖက်ရင်း ဆံနွယ်စလေးတွေပေါ် နှာဖျားလေးနဲ့ တိုးဝှေ့နမ်းရှိုက်မိပြန်ရဲ့။
         
" ရှက်မနေစမ်းပါနဲ့ .. အသက်ရဲ့အားလုံးကို မောင်မှတ်မိတယ် "
         
ရှက်ရမ်းရမ်းပြီး ရင်ဘတ်ကို တဘုန်းဘုန်းထုလာတဲ့ လက်ကလေးတွေကို ဆွဲဖမ်းလို့ လက်ဖဝါးလေးတွေရော လက်ခုံလေးတွေကိုပါ နှုတ်ခမ်းတွေနဲ့ ဖိကပ်နမ်းရှိုက်ပစ်လိုက်တယ်။
         
" မောင့်ကိုပဲ မနက်ခင်းတိုင်း အရင်ဆုံးမြင်ချင်တယ်ဆို .. မျက်နှာလေး ပြပါဦး "
         
" ပြဘူး .. "
         
" မောင့်ယောကျာ်းလေးရယ် .. "
         
" ငါ့ယောကျာ်းကြီးက ပါးစပ်အရသာ သိပ်ခံတာပဲနော် "
         
အဲ့ဒီအခါမှ ရင်ခွင်ထဲကနေ ခေါင်းထောင်ပြီး နှုတ်ခမ်းတဆူဆူနဲ့ မျက်နှာလေးဖော်လာတော့တယ်။
         
" Morning kiss .. "
         
မျက်နှာလေးအနှံ့ အနမ်းတွေ တဖွဲဖွဲကြဲချတော့ အသက်ရဲ့ ရယ်သံလွင်လွင်လေးတွေက မနက်ခင်းကို အလှဆင်လာတယ်။
         
" ယုံတောင်မယုံနိုင်ဘူး။ မောင်တို့က အမြဲ အတူတူရှိသွားတော့မှာတဲ့ "
         
" အင်း .. ဘယ်တော့မှ မခွဲရတော့ဘူးတဲ့။ အမြဲ အတူတူ ... "
         
" ဘယ်လိုလဲ .. တစ်ဘဝလုံးစာ မောင့်ရဲ့အိမ်ထောင်သည်ကလေးဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီလား "
         
ခေါင်းလေး တဆတ်ဆတ်ညိတ်လာတဲ့နောက် နဖူးချင်းတေ့လို့ နှာဖျားလေးတွေကို ပွတ်တိုက်ကာ နှုတ်ခမ်းလေးကို ဖွဖွဖိကပ်နမ်းရှိုက်မိရင်း နှစ်ယောက်အတူတူ ရယ်မိပြန်တယ်။
         
" မျက်နှာသစ်မယ်မလား "
         
" အင်း .. "
         
" မောင် ချီမယ် "




NOSTALGIA [Completed]Where stories live. Discover now