ကျောင်းပိတ်ရက်တွေကတော့ ဘတ်ဟျွန်းအတွက် ထူးထူးခြားခြား သိပ်မရှိလှ။ အိပ်ရေးမက်တဲ့သူ ဖြစ်တဲ့အတွက် ကျောင်းပိတ်ရက်တွေမှာ နေမြင့်အောင် အိပ်ရတာက ဘတ်ဟျွန်းအတွက်တော့ ရွှေထက်တန်ဖိုးရှိတဲ့ အခွင့်အရေးပင်။ နေမြင့်မှထပြီး ရေမိုးချိုး၊ မနက်စာနဲ့နေ့လည်စာ ပေါင်းစားပြီး အပြင်သွားရတာ မကြိုက်တဲ့အတွက် တနေကုန် အိမ်ထဲမှာပဲ မုန့်စားလိုက်၊ ဂိမ်းဆော့လိုက်၊ စာဖတ်လိုက် လုပ်နေရင်းဖြင့်သာ အချိန်ကုန်ခြင်းဟာ ဘတ်ဟျွန်းရဲ့ သမားရိုးကျ ပိတ်ရက်များသာ။ ချန်းယောလ်ကတော့ Presentation ရှိတယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဆယ်ဟွန်းတို့နဲ့အတူ ရှိနေတယ်လို့ မနက်ကတည်းက စာပို့ထားပြီးပြီ။
ညဘက် စာကြည့်စားပွဲမှာထိုင်နေရင်း လင်းလာတဲ့ ဖုန်း screen ကြောင့် ကောက်ကိုင်ကြည့်တော့ ချန်းဆီကစာမို့ အလိုလို ပြုံးမိသွားတယ်။
' အိပ်ပြီလား .. '
' ဟင့်အင်း. .. စာဖတ်နေတာ '
' လွမ်းနေတယ်မလား 🌚 '
သေချာပေါက် လွမ်းနေပါတယ်ဆိုတဲ့ မေးခွန်းရဲ့နောက်မှာတောင် ပြီတီတီမျက်နှာပေးက ပါလာသေးတာမို့ ဘတ်ဟျွန်း သတိလက်လွတ် ရယ်လိုက်မိတယ်။
ဒီ Over confidence ပတ်ချန်းယောလ်ကတော့..။
' ဘယ်လိုယုံကြည်မှုနဲ့ မေးပစ်တာလဲ '
' သိတယ်မလား .. ယုံကြည်ချက်အပြည့်ပဲလေ '
မျက်နှာရူးကို ရည်းစားတော်ထားရတော့ သူ့ကြောင့် ဘတ်ဟျွန်း မရယ်ရတဲ့နေ့ဆိုတာ မရှိ။
တကယ်ပါပဲ .. ချန်းက ဒီလိုမျိုး ဘတ်ဟျွန်းရဲ့နေ့တွေကို ထူးခြားစေတယ်။
' မနက်ဖြန် တွေ့ရတော့မယ် ချန်း .. '
' အိပ်မက်ထဲမှာ ကိုယ့်ကို ထည့်မက် ..
Good Night အသက်ကလေး 💙 'အသက်ကလေးဆိုတဲ့ နာမ်စားလေးနဲ့အတူ အပြာရောင်အသဲပုံလေးကြောင့် ရင်ထဲ တသိမ့်သိမ့်ခုန်သွားရတာ ကိုယ်တစ်ယောက်တည်းသာ သိတဲ့ကိစ္စ။
VOCÊ ESTÁ LENDO
NOSTALGIA [Completed]