- 15 -

6.5K 917 41
                                    

ကျောင်းတက်ခဲ့တဲ့တလျှောက် ဖြေခဲ့တဲ့စာမေးပွဲတွေထဲမှာ ဒီတစ်ခေါက်စာမေးပွဲက ချန်းယောလ်အတွက် အပင်ပန်းဆုံးဖြစ်နေခဲ့တယ်။ အလုပ်ရှုပ်တာ အကြောင်းပြပြီး စာမေးပွဲအကျမခံနိုင်တာမို့ စာသေချာလုပ်ထားခဲ့သော်လည်း အရင်ကထက် ပိုပင်ပန်းတာတော့ သိသိသာသာပဲ။ ဘတ်ဟျွန်းဘေးနားနေချင်တာနဲ့ အရင်လို စာမလုပ်ဘဲ ပေတေပြီး မနေဖြစ်တော့သလို ဘတ်ဟျွန်းကလည်း စာအတူလုပ်ဖို့ မခေါ်ဖြစ်တော့ဘူး။ မခေါ်ချင်လို့တော့ မဟုတ်ရဘဲ အလုပ်တစ်ဖက်နဲ့လူကို ခြေချုပ်မထားချင်ရုံသာ။

တကယ်ဆို ချန်းယောလ်ရဲ့ ကလေးဆန်ဆန် တောင်းဆိုမှုလေးတွေကို လိုက်လျောဖို့ ဘတ်ဟျွန်းက အမြဲကြည်ကြည်ဖြူဖြူရှိနေပါရဲ့..။

စာမေးပွဲရက်တွေမှာ stress ပိနေပုံပေါ်တာက အရင်လို ဘတ်ဟျွန်းမဟုတ်ဘဲ ချန်းယောလ်ဖြစ်နေခဲ့တယ်။ အလုပ်တစ်ဖက် စာမေးပွဲတစ်ဖက်နဲ့ ချန်းယောလ် ဘယ်လောက်ပင်ပန်းနေမယ်ဆိုတာကိုသိလို့ ဘတ်ဟျွန်းက ဘေးကနေ အရိပ်တကြည့်ကြည့်နဲ့ ဖေးမတယ်။

စာမေးပွဲပြီးသွားတဲ့နေ့မှာ 'မောင်နဲ့တစ်နေရာ လိုက်ခဲ့ပေးမလား' ဆိုတဲ့ ငြင်းစရာမလိုတဲ့ တောင်းဆိုမှုအောက်မှာ ဘတ်ဟျွန်းခြေလှမ်းတွေက အတူကပ်ပါနေခဲ့တယ်။

ဆေးရုံရဲ့ VIP Room ထဲကို အတူတူဝင်သွားတော့ အခန်းက တိတ်တဆိတ်ပဲ။ စက်ကိရိယာပေါင်းစုံအကူအညီနဲ့ အသက်ရှူနေရတဲ့ ဥက္ကဋ္ဌကြီးက သတိမရတာကလွဲရင် ပင်ပန်းနေပုံမပေါ်ဘဲ အိပ်နေသလိုပင်။

" မောင့်ဖေဖေလေ .. အိပ်နေတာ ၃ လရှိပြီ "

" လာကြည့်မယ့်သူက မောင့်အပြင်မရှိဘူး "

ကုတင်ဘေးက ခုံလေးမှာဝင်ထိုင်ပြီး ဥက္ကဋ္ဌကြီးရဲ့လက်ကို ဆွဲကိုင်ရင်း လှည့်မကြည့်ဘဲ ပြောလာတယ်။

" မိတ်ဆက်ပေးချင်တဲ့သူ ရှိတယ်
ကျွန်တော့်ချစ်သူ .. ဗြောင်ဘတ်ဟျွန်းတဲ့ "

တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ မောင့်အသံက အက်ရှစွာ ထွက်ပေါ်လာတယ်။ ဘယ်လိုဖြစ်လို့ စို့နင့်ဖွယ်ကောင်းနေရတာလဲ။ မောင့်မျက်နှာက ညို့မှိုင်းကာ ပြိုတော့မယ့် မိုးလိုပဲ။ ရုတ်တရက်ကြီးကွယ်..။

NOSTALGIA [Completed]Tempat cerita menjadi hidup. Temukan sekarang