- 21 -

6.1K 828 35
                                    

အလုပ်သင်ဆင်းတဲ့ရက်တွေက ပင်ပန်းတယ်မဆိုသော်ငြားလည်း ကျောင်းတက်နေရတာလောက်တော့ မပေါ့ပါးတာအမှန်။ ကိုယ်တိုင်တာဝန်ယူရတဲ့ ကိစ္စတွေရှိလာတော့ အရာရာ စေ့စေ့စပ်စပ်လုပ်ရတာကိုက စိတ်ပင်ပန်းရတယ်။ ဌာနတွင်း အစည်းအဝေးတွေ ခဏခဏလုပ်သလို မန်နေဂျင်းအပါအဝင် ဌာနပေါင်းစုံက ဌာနမှူးတွေ၊ မန်နေဂျာတွေနဲ့ပါ ခေါင်းချင်းဆိုင်ပြီး အစည်းအဝေးလုပ်ကြတာလည်း ၂ ပတ်တစ်ခါလောက်။ ဘတ်ဟျွန်းတို့ အလုပ်သင်တွေက ဘာမှတော့ ဝင်မပြောရသော်ငြား အတွေ့အကြုံယူတဲ့အနေနဲ့ ဘေးမှာနားထောင်ရတယ်။

ဒါပေမဲ့ Group project လုပ်နေတဲ့အချိန်ဆို ဌာနအသီးသီးက သူငယ်ချင်းတွေပြန်ဆုံတာမို့ ဌာနတွင်းလိုအပ်ချက်တွေ၊ သွားနေတဲ့ စနစ်တွေနဲ့ ဖြစ်တတ်တဲ့ပြဿနာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖြစ်ကြပြီး ချန်းကလည်း သေချာနားထောင်ပေးတာမို့ ဒီ internship က အတွေ့အကြုံ တော်တော်ရတာတော့ အမှန်။ ဌာနပေါင်းစုံ အစည်းအဝေးမှာဆို တစ်ယောက်တစ်ပေါက် ငြင်းခုန်လိုက်၊ ဖြစ်နိုင်ချေတွေကို ပြောပြလိုက်၊ တစ်ဘက်ကအဆိုကို တစ်ဘက်က ပယ်ချလိုက်နဲ့ ပြောနေတဲ့သူတွေတော့ မသိ၊ ဘေးလူတွေဖြစ်တဲ့ ဘတ်ဟျွန်းတို့တောင် စိတ်တွေရှုပ်ပြီး ခေါင်းမူးလာရတယ်။

တဆက်တည်းတွေးမိတာက ဒီလိုတာဝန်တွေကြားမှာ မောင်ဘယ်လောက်တောင် မွန်းကြပ်နေမလဲဆိုတာပင်။ ဘေးမှာရပ်နေရင်း မောင့်မျက်နှာကိုကြည့်တော့ မျက်မှောင်ကျုံ့ကာ သူ့ရှေ့က စာရွက်စာတမ်းတွေကိုကြည့်လိုက်၊ ဌာနမှူးတွေနဲ့ ဆွေးနွေးလိုက်နဲ့ ပုံမှန် ကိုယ့်အနားကပ်ကာ ချစ်စကားတွေ တိုးဖွဖွပြောတတ်တဲ့ မောင်နဲ့ မတူလိုက်တာ။

ပေါ့ပေါ့ပါးပါး ရှင်သန်နေရမယ့်အရွယ်မှာ လွတ်လပ်မှုကိုမြတ်နိုးတဲ့ မောင်က ပုခုံးပေါ်ထမ်းထားတဲ့ တာဝန်ကြီးတွေနဲ့ ဘယ်လောက်အထိ စိတ်ရှုပ်နေလိမ့်မလဲ။

ဒီလို အခြေအနေတွေမှာတောင် ကိုယ့်အပေါ် အကြင်နာမပျက်၊ ဝတ္တရားမပျက်ကွက်တဲ့အပြင် ကိုယ့်ရဲ့စိတ်ခံစားချက်တွေအထိ တွေးပေးတဲ့ မောင့်ရဲ့ ကိုယ့်အပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို ခံစားမိပါရဲ့။

NOSTALGIA [Completed]Wo Geschichten leben. Entdecke jetzt