- 22 -

6.3K 865 28
                                    

နာမည်ကြီး Hotel တစ်ခုမှာလုပ်တဲ့ ညစာစားပွဲဟာ ထင်ထားတာထက်ကို ခမ်းနားတယ်။ ဒါပေမဲ့ လူတကာရဲ့ဂုဏ်ပြုချီးမြှင့်ခြင်းကို လက်ခံရယူနေတဲ့ မောင်က အရာအားလုံးထက် ပိုပြီး ခမ်းနားနေပါရဲ့။

အပြုံးတွေ လှိုင်လှိုင်ဝေနေတဲ့ မောင်က အားလုံးကြားမှာ ရွှေမင်းသားလေးအလား လူအများရဲ့အာရုံစိုက်မှုကို အပြည့်အဝရရှိထားတယ်။ ကြိုးစားခဲ့တဲ့အရာနဲ့ ထပ်တူညီတဲ့ အောင်မြင်မှုကို ရရှိခဲ့တဲ့ မောင့်အတွက် ဘတ်ဟျွန်းကလည်း ဂုဏ်ယူလို့မဆုံး။

မောင်နဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ ကုမ္ပဏီဒါရိုက်တာတွေ၊ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တွေ မနည်းသလို သူတို့နဲ့အတူပါလာတဲ့ မိသားစုတွေ၊ အထူးသဖြင့် သမီးရှင်တွေကပါ သူတို့သမီးတွေကို ပွဲထုတ်လာတာမို့ မောင့်အနားမှာ မဒီပျိုလေးတွေ ဝဲနေတာကို မျက်စိအောက်တင် မြင်နေရတယ်။

" မသိရင် သမက်ဖမ်းပွဲကြီးကျနေတာပဲ "

အနားကိုရောက်လာတဲ့ အကြောင်းသိ သူငယ်ချင်းတစ်ယောက်က မောင့်ကိုကြည့်ရင်း ပြောလာတော့ သဘောတကျ ရယ်လိုက်မိသေးတယ်။

" ချန်းယောလ်ဘေးမှာ အဲ့လိုမိန်းကလေးတွေ မြင်နေတော့ စိတ်မချတာမျိုး၊ သဝန်တိုတာမျိုး မဖြစ်ဘူးလား "

သူငယ်ချင်းက မေးလာတဲ့စကားကို မဖြေခင် လက်ထဲက လက်ကျန်ဝိုင်ခွက်ကို အကုန်မော့သောက်လိုက်တော့ အရသာက လည်ချောင်းထဲ ချိုရှရှ။

" မဖြစ်ဘူး။ ငါက သူ့ကိုယုံသလို သူကလည်း ငါယုံအောင် နေပေးတယ်လေ "

ပြောနေရင်းပဲ မောင့်အကြည့်တွေက ကိုယ့်ဘက်ကို ရောက်လာတာမို့ ခပ်သွက်သွက်လေးပဲ ခေါင်းညိတ်ပြုံးပြလိုက်တော့ မောင်က လက်ပြန်ပြရင်း သူ့ကိုနှုတ်ဆက်လာတဲ့ လူကြီးတွေဘက်ပြန်လှည့်သွားတယ်။

မောင်တစ်ယောက် စီးပွားရေးလောကထဲမှာ အောင်မြင်တဲ့ လူငယ်လုပ်ငန်းရှင်တစ်ယောက်အဖြစ် နာမည်ကြီးစပြုနေတာကို ဘတ်ဟျွန်းလည်း ရိပ်မိပါရဲ့။ ဝမ်းကွဲအစ်ကိုဖြစ်တဲ့ အစ်ကိုမင်ဆော့ကတောင် သူ့ဆီမှာ internship မဆင်းဖြစ်ဘူးလို့ သွားပြောတုန်းက ဘယ်မှာဆင်းမှာလဲ မေးလို့ Loey မှာလို့ ပြောပြဖြစ်ခဲ့တယ်။ အဲ့ဒီမှာဆို အတွေ့အကြုံကောင်းတွေရမှာ သေချာသင်ယူခဲ့ဆိုပြီး ပြောတဲ့အပြင် အဲ့ဒီက မန်နေဂျင်းအသစ်လေးက စီးပွားရေးလောကမှာ နာမည်ရလာကြောင်း အစ်ကိုက ပြောပြလာခဲ့သေးတယ်။ ပင်ပန်းနေတာကို မကြည့်ရက်ပေမယ့် အောင်မြင်နေတာ မြင်ရပြန်တော့လည်း မောင့်အတွက် ဝမ်းသာရတယ်။

NOSTALGIA [Completed]Where stories live. Discover now