ဒီလိုနဲ့ ချန်းယောလ်က ဘတ်ဟျွန်းတို့ရဲ့ PM အတန်းကို ပြောင်းလာခဲ့တယ်။ စတုတ္ထပတ်မှ ပြောင်းလာတဲ့သူမို့ မျက်နှာမရင်းနှီးသေးတဲ့ ချန်းယောလ်ကို သင်တဲ့ဆရာရော၊ အတန်းသူအတန်းသားတွေကပါ ထူးဆန်းသလို ဖြစ်နေပေမယ့် ချန်းယောလ်ကတော့ ဘတ်ဟျွန်းမျက်နှာ တစ်ကမ္ဘာလုပ်ကာ ခပ်တည်တည်နဲ့ ဘတ်ဟျွန်းဘေးမှာပဲ ထိုင်တယ်။ နောက်တော့ ဘတ်ဟျွန်းနဲ့ ရင်းနှီးနေပုံရတဲ့ အပြုအမူတွေကြောင့် သိပ်တော့ အထူးအဆန်း ဖြစ်မနေတော့။
ဘတ်ဟျွန်းပြောတဲ့သူကိုတော့ အတန်းစတက်ကတည်းက သတိထားနေလိုက်တယ်။ အတန်းမတက်ခင် စပ်ကြားတွေဆို ဘတ်ဟျွန်းကိုကြည့်နေတတ်လို့ ချန်းယောလ်ရဲ့အကြည့်စူးစူးတွေနဲ့ စစ်ခင်းရတဲ့ရက်တွေက မနည်း (Be Unknown ကို ကြည့်သလိုပေါ့)။ အတန်းတက်နေတဲ့ အချိန်တွေလည်း အလစ်ငိုက်လှည့်ကြည့်တိုင်း ဆုံလိုက်ရတဲ့အကြည့်တွေကြောင့် ချန်းယောလ် လက်သီးတွေယားနေတာလည်း အရမ်း။
ရည်းစားငုတ်တုတ်ကြီး ဘေးမှာထိုင်နေတာကိုတောင် ကြောင်တောင်နှိုက်ချင်နေတဲ့ မျောက်မိစ္ဆာ အထီးတွေရော၊ အမတွေပါ ရှိသေးတာ တကယ်အံ့သြတယ်။ ဘယ်လိုအရှက်မရှိ မျက်နှာပြောင်တိုက်ရဲကြတာလဲ မသိ။
ကိုယ့်ချစ်သူပါလို့ ထုတ်မပြောရုံတမယ် ဂရုစိုက်မှုတွေ၊ အကြည့်တွေနဲ့အတူ ရုတ်တရက် အတန်းပြောင်းလာပြီး ဘတ်ဟျွန်းဘေးမှာ မားမားမတ်မတ်ရှိနေတဲ့ ဒီလူကို ဘာထင်နေသတဲ့လဲ။
' အသက် .. မောင် ဒဲ့သွားမေးပြီး ရှင်းလိုက်ရမလား ' လို့မေးတိုင်း ပြဿနာအကျယ်အကျယ် မဖြစ်ချင်တဲ့ ဘတ်ဟျွန်းက ' မောင်ဘေးမှာရှိလို့ လုံခြုံနေပြီပဲ။ ကိုယ့်ကိုလည်း ဘာမှလာလုပ်နေတာမဟုတ်လို့ ပြဿနာတော့မဖြစ်ပါနဲ့ ' ဆိုလို့ ချန်းယောလ် စိတ်တွေ ထိန်းထားရတယ်။ စိတ်ရှိတိုင်းသာဆို အဲ့ဒီကောင် အမှုန့်ဖြစ်နေပြီ။
သင်တန်းဆိုပေမယ့်လည်း Diploma တန်းမို့ တက္ကသိုလ်နဲ့မခြား Assignment တွေ၊ Presentation တွေ လုပ်ရတယ်။ ဒီတစ်ခါတော့ ချန်းယောလ်က ဆရာကို နားပူနားဆာလုပ်ထားလို့ ဘတ်ဟျွန်းနဲ့ Group အတူကျလေရဲ့။ ကံဆိုးတာတစ်ခုက (၅)ယောက်တစ်အုပ်စုမှာ မိန်းကလေး (၂) ယောက်ပါပြီး ကျန်တဲ့ ယောကျာ်းလေးတစ်ယောက်က ထိုကျက်သရေတုံးကောင် ဖြစ်နေခြင်းပင်။
YOU ARE READING
NOSTALGIA [Completed]