- 25 -

6.7K 904 83
                                    

အစည်းအဝေးခန်းမက လူတွေပြည့်နေပေမယ့် နာမည်နှစ်ခု၊ သုံးခုခေါ်သံအပြင် တခြားအသံတို့မရှိ။ စားပွဲရှည်ကြီးရဲ့ ထိပ်ဆုံး ညာဘက်မှာထိုင်နေတာက ချန်းယောလ်ဖြစ်ပြီး ဘယ်ဘက်မှာတော့ ဂျိုအာရာ။

စိတ်လှုပ်ရှားမှုကို မျက်နှာမှာ မပေါ်လွင်ဖို့ ထိန်းချုပ်ထားပေမယ့် မျက်ခုံးတွေကတော့ စိတ်အလိုလိုက်ကာ ကုပ်မှောင်တွန့်ချိုးထားမိဆဲ။ လက်ဖျားတွေ အေးစက်ကာ ချွေးစေးတွေထွက်နေတာမို့ ခုံအောက်မှာပဲ ဘောင်းဘီကိုသုတ်ချနေရတာ ဘယ်နှခါမှန်းတောင် မသိတော့ဘူး။

ချန်းယောလ် တကယ် မရှုံးချင်ဘူး။
ဖေဖေ့သွေးနဲ့ချွေးနဲ့ တည်ဆောက်ခဲ့ရတာမို့ ဒီတိုင်းလွယ်လွယ်လေး သူများလက်ထဲ မထည့်ပေးနိုင်ဘူး။
အရှုံးကို မကြိုက်တဲ့ ပတ်ချန်းယောလ်မို့ ပိုဆိုးတယ်။

ကိုယ့်နာမည်ကို တစ်ခါခေါ်တိုင်း ရင်တွေ တဆတ်ဆတ်တုန်ရတယ်။ ဒီလိုအချိန်တိုင်း ပြင်းပြင်းပြပြသတိရမိတာ ဘတ်ဟျွန်းနီဆိုတဲ့ အသက်လေးတစ်ယောက်တည်းကိုပဲ..။

အသက်သာ ဘေးမှာရှိရင် မောင့်ကို စိတ်အေးအောင် သေချာပေါက်နှစ်သိမ့်နိုင်မှာ။ အသက်ဘေးမှာ ရှိနေရုံနဲ့ကို မောင် တစ်ဝက်နိုင်တယ်လို့ ခံစားနေရမှာ။

ဒါပေမဲ့ အသက်လည်း အဝေးကနေ စိတ်လှုပ်ရှားနေပြီး မောင့်ကို စိတ်ပူနေမယ်ဆိုတာ မောင်သိနေတယ်။

မောင့်လက်တွေ အေးစက်နေတာကိုသာသိရင် အသက်က ဆုပ်ကိုင်ထားပေးဦးမှာမလား။ အချိန်တွေကြာလေ အသက်က မောင့်ရဲ့မရှိမဖြစ်လေးဆိုတာ သေချာလေပဲ။

" မဲပေးဆုံးဖြတ်မှုပြီးပါပြီ။ ရလဒ်ကို ကြေညာပါ့မယ် "

ဟော .. ကြည့်။ ရင်တွေတုန်နေပေမယ့် အသက်အကြောင်း တွေးလိုက်တာနဲ့ အချိန်တွေကုန်သွားတာတောင် မသိလိုက်တော့ဘူး။ ကိုယ့်အဖြစ်ကိုယ်တွေးမိပြီး စိတ်လှုပ်ရှားနေတဲ့ကြားက အသံထွက်အောင် တစ်ချက်ရယ်မိတော့ အစ်ကိုဂျယ်ဟွန်းက ရူးသွားပြီလားဆိုတဲ့ အကြည့်နဲ့ လှည့်ကြည့်တယ်။

NOSTALGIA [Completed]Where stories live. Discover now