- 30 -

8K 1K 187
                                        

OST - I still love you a lot by Jeon Sang Keun (Repeat On) 👆


ဘတ်ဟျွန်းထွက်သွားတယ်ဆိုတာ သေချာသွားပြီးတဲ့နောက်ပိုင်း ချန်းယောလ်က ကမ္ဘာပျက်နေသလို ပြိုလဲနေတဲ့ သူ့ပုံစံကို Park မာမားဆီ မပြချင်တာကြောင့် အိမ်မပြန်တော့ဘဲ သူတို့အတူရှိခဲ့တဲ့ တိုက်ခန်းလေးမှာပဲ နေတော့တယ်။ Park မာမားက သူ့သားစိတ်ကို သိသူပီပီ အိမ်ပြန်လာဖို့ အတင်းခေါ်တယ်။ ချန်းယောလ်က ခေါင်းမာစွာနဲ့ ငြင်းတယ်။

နောက်တော့ 'မေမေ သားကို ဒီတိုင်းလွှတ်ထားပေးပါ' ဆိုပြီး တုန်ယင်နေတဲ့အသံနဲ့ ပြောလာတဲ့အခါ မထိခိုက်စေရပါဘူးဆိုတဲ့ ကတိတောင်းပြီး လက်လျော့လိုက်ရတော့တယ်။

ဘတ်ဟျွန်းနီလေးဟာလည်း သားကို သိပ်ချစ်တာ သိပါရဲ့။ သိပ်ချစ်ကြတဲ့ ကလေးနှစ်ယောက်ကြား ဒီလိုဖြစ်ရတဲ့အထိ ဘာတွေလွဲမှားပြီး ဘာတွေဖြစ်ပျက်ခဲ့ကြသလဲ နားမလည်နိုင်တော့ဘူး။

ခံစားချက်တွေ အနည်ထိုင်သွားအောင် အချိန်တစ်ခုလိုမယ်ဆိုတာတော့ အလိုလိုသိလိုက်ပြီး အဲ့ဒီအချိန်တစ်ခုဟာ တစ်သက်လုံး မဖြစ်စေဖို့ဘဲ မျှော်လင့်တယ်။ သား ချန်းယောလ်ဟာ သံယောဇဉ် လွယ်လွယ်ထားတတ်သလို အစွဲအလမ်း သိပ်ကြီးတယ်။

ချန်းယောလ်ကတော့ ကုမ္ပဏီလည်း မသွားတော့ဘူး။ အဲ့ဒီအစား ဂျယ်ဟွန်းကို သူလက်မှတ်ထိုးထားတဲ့ Letter head တစ်ပုံတစ်ပင် အပ်ထားလိုက်ပြီး သူကတော့ အခန်းကျဥ်းလေးထဲမှာပဲ တစ်ယောက်တည်း ငရဲကျတယ်။

အသိစိတ်ထဲမှာ ဘတ်ဟျွန်းထွက်သွားတယ်ဆိုတာကို လက်မခံနိုင်သလို ယုံလည်း မယုံကြည်နိုင်သေးဘူး။ လက်မခံနိုင်တဲ့ကြားထဲ 'ထားခဲ့ခံရတယ်' ဆိုတဲ့ အသိက ရင်ဘတ်တစ်ခုလုံးကို ဆယ်ပေါင်တူနဲ့ထုချသလို ခံစားရတယ်။

ဘာမှအဖတ်ဆယ်လို့ မရတော့သည့်တိုင်အောင် ဘာတွေမှားခဲ့မိလဲ၊ ဘယ်လိုကိစ္စတွေကြောင့် ဒီလိုဖြစ်ရသလဲ အသည်းအသန် အဖြေထုတ်နေမိတုန်းပဲ။ ဘယ်လိုမှနားမလည်တော့ ပိုပြီး နာကျင်ရတယ်။

ဖြစ်ပျက်ခဲ့သမျှအားလုံးမှာ တကယ်ကို သူနားလည်လိုက်တာ ဘာတစ်ခုမှမရှိဘူး။

NOSTALGIA [Completed]Tahanan ng mga kuwento. Tumuklas ngayon